AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi ျဖင့္ဖတ္ရန္ #

ႏိုင္ငံ၏ သမုိင္းဝင္ အေျပာင္းအလဲ တစ္ရပ္အျဖစ္ ေဆာ္ဒီအာေရးဘီးယားတြင္ အမ်ိဳးသမီးမ်ားကို ေဘာလံုးကြင္းအတြင္း ပထမဆံုးအႀကိမ္ ဝင္ေရာက္ အားေပးခြင့္ ျပဳလုိက္ၿပီ ျဖစ္သည္။
ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္းက ဆံုးျဖတ္ခဲ့သည့္ စည္းမ်ဉ္း အေျပာင္းအလဲကို ဇန္နဝါရီ ၁၂ ရက္က ဂ်ာဒါးၿမိဳ႕တြင္ အာဏာပိုင္မ်ားက စတင္ အေကာင္အထည္ ေဖာ္လာခဲ့သည္။ ၿမိဳ႕ထဲရွိ အားကစား႐ံု တစ္ခုထဲသို႔ အမ်ိဳးသမီး ပရိသတ္မ်ား ပထမဆံုးအႀကိမ္ ဝင္ေရာက္လာၿပီး မိသားစုဝင္မ်ားႏွင့္အတူ ေဘာလံုးပြဲ အားေပးခြင့္ ရခဲ့သည္။

ေဆာ္ဒီ အစိုးရ၏ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဉ္မ်ားတြင္ အမ်ိဳးသမီးမ်ားအေပၚ အစဉ္အဆက္ ဖိႏွိပ္ တင္းက်ပ္လာသည့္ ဓေလ့ထံုးစံမ်ားကို ေျဖေလွ်ာ့ေပးရန္ အေလးအနက္ ထည့္သြင္း ေဆာင္ရြက္ေနၿပီး ယခုသတ္မွတ္ခ်က္အရ မိသားစုဝင္မ်ားႏွင့္အတူ အမ်ိဳးသမီးမ်ား ေဘာလံုးပြဲ ၾကည့္ႏုိင္ရန္အတြက္ အားကစားကြင္းမ်ားတြင္ သီးသန္႔ ဧရိယာမ်ား ျဖည့္တင္း တပ္ဆင္ တည္ေဆာက္ေပးခဲ့သည္။

အမ်ိဳးသမီးမ်ား အေနျဖင့္ လက္မွတ္ဝယ္ၿပီးခ်ိန္တြင္ မိသားစုဂိတ္ေပါက္မွ ကြင္းထဲဝင္ၿပီး မိသားစု ဧရိယာမ်ားတြင္သာ ပြဲၾကည့္ခြင့္ ရမည္ျဖစ္ေသာ္လည္း ယင္းအေျပာင္းအလဲကပင္ ေဆာ္ဒီ၏ အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားမႈတြင္ ထင္ရွားသည့္ အခ်ိဳးအေကြ႕ ျဖစ္လာသည္။

ထိုေန႔တြင္ပင္ ထူးျခားမႈ တစ္ခုအျဖစ္ ဂ်ာဒါး၌ အမ်ိဳးသမီး ယာဉ္ေမာင္းမ်ားအတြက္ အဓိက ရည္ရြယ္ထားသည့္ ပထမဆံုး ကားျပခန္းကို ဖြင့္လွစ္ခဲ့သည္။ ေဆာ္ဒီတြင္ အမိ်ဳးသမီးမ်ားကို ကားေမာင္းခြင့္ မေပးဘဲ ပိတ္ပင္ထားျခင္းကို ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္းတြင္ စတင္ ပယ္ဖ်က္ေပးခဲ့သည္။ အမ်ိဳးသမီးမ်ား ကားလုိင္စင္ ေလွ်ာက္ထားခြင့္ ရလာၿပီး ကိုယ္တိုင္ ကားေမာင္းရန္ အခြင့္အေရး ရွိလာသည္။

ဂ်ာဒါးရွိ အားကစား႐ံုထဲတြင္မူ အမ်ိဳးသမီး ဧည့္ႀကိဳမ်ားက အမ်ိဳးသမီး ပရိသတ္မ်ားကို ေနရာခ် ကူညီေပးခဲ့သည္။ ၎တို႔သည္ ၿမိဳ႕ခံ အသင္းတစ္သင္းကို ေပ်ာ္ရႊင္စြာ အားေပးခဲ့ၾကေၾကာင္း မ်က္ျမင္မ်ားက ဆိုသည္။ သို႔ေသာ္ အမ်ိဳးသမီး ပရိသတ္မ်ားေရာ၊ ဧည့္ႀကိဳမ်ားပါ အစၥလာမ္မစ္ ႐ိုးရာ ဓေလ့အတိုင္း အနက္ေရာင္ ၿခံဳထည္မ်ားကို ဝတ္ဆင္လာရသည္။

ေဆာ္ဒီ အစိုးရက လာမည့္ ရက္ပိုင္းအတြင္း ကစားေစမည့္ ေနာက္ထပ္ ေဘာလံုးပြဲ ႏွစ္ပြဲသို႔လည္း အမ်ိဳးသမီး ပရိသတ္မ်ား တက္ေရာက္ အားေပးခြင့္ရရန္ စီစဉ္ထားေၾကာင္း အတည္ျပဳ ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC

# Unicode ဖြင့်ဖတ်ရန် #
နိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်အဖြစ် ဆော်ဒီအာရေးဘီးယားတွင် အမျိုးသမီးများကို ဘောလုံးကွင်းအတွင်း ပထမဆုံးအကြိမ် ဝင်ရောက် အားပေးခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆုံးဖြတ်ခဲ့သည့် စည်းမျဉ်း အပြောင်းအလဲကို ဇန်နဝါရီ ၁၂ ရက်က ဂျာဒါးမြို့တွင် အာဏာပိုင်များက စတင် အကောင်အထည် ဖော်လာခဲ့သည်။ မြို့ထဲရှိ အားကစားရုံ တစ်ခုထဲသို့ အမျိုးသမီး ပရိသတ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာပြီး မိသားစုဝင်များနှင့်အတူ ဘောလုံးပွဲ အားပေးခွင့် ရခဲ့သည်။

ဆော်ဒီ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများအပေါ် အစဉ်အဆက် ဖိနှိပ် တင်းကျပ်လာသည့် ဓလေ့ထုံးစံများကို ဖြေလျှော့ပေးရန် အလေးအနက် ထည့်သွင်း ဆောင်ရွက်နေပြီး ယခုသတ်မှတ်ချက်အရ မိသားစုဝင်များနှင့်အတူ အမျိုးသမီးများ ဘောလုံးပွဲ ကြည့်နိုင်ရန်အတွက် အားကစားကွင်းများတွင် သီးသန့် ဧရိယာများ ဖြည့်တင်း တပ်ဆင် တည်ဆောက်ပေးခဲ့သည်။

အမျိုးသမီးများ အနေဖြင့် လက်မှတ်ဝယ်ပြီးချိန်တွင် မိသားစုဂိတ်ပေါက်မှ ကွင်းထဲဝင်ပြီး မိသားစု ဧရိယာများတွင်သာ ပွဲကြည့်ခွင့် ရမည်ဖြစ်သော်လည်း ယင်းအပြောင်းအလဲကပင် ဆော်ဒီ၏ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွင် ထင်ရှားသည့် အချိုးအကွေ့ ဖြစ်လာသည်။

ထိုနေ့တွင်ပင် ထူးခြားမှု တစ်ခုအဖြစ် ဂျာဒါး၌ အမျိုးသမီး ယာဉ်မောင်းများအတွက် အဓိက ရည်ရွယ်ထားသည့် ပထမဆုံး ကားပြခန်းကို ဖွင့်လှစ်ခဲ့သည်။ ဆော်ဒီတွင် အမျိုးသမီးများကို ကားမောင်းခွင့် မပေးဘဲ ပိတ်ပင်ထားခြင်းကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင် ပယ်ဖျက်ပေးခဲ့သည်။ အမျိုးသမီးများ ကားလိုင်စင် လျှောက်ထားခွင့် ရလာပြီး ကိုယ်တိုင် ကားမောင်းရန် အခွင့်အရေး ရှိလာသည်။

ဂျာဒါးရှိ အားကစားရုံထဲတွင်မူ အမျိုးသမီး ဧည့်ကြိုများက အမျိုးသမီး ပရိသတ်များကို နေရာချ ကူညီပေးခဲ့သည်။ ၎င်းတို့သည် မြို့ခံ အသင်းတစ်သင်းကို ပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း မျက်မြင်များက ဆိုသည်။ သို့သော် အမျိုးသမီး ပရိသတ်များရော၊ ဧည့်ကြိုများပါ အစ္စလာမ်မစ် ရိုးရာ ဓလေ့အတိုင်း အနက်ရောင် ခြုံထည်များကို ဝတ်ဆင်လာရသည်။

ဆော်ဒီ အစိုးရက လာမည့် ရက်ပိုင်းအတွင်း ကစားစေမည့် နောက်ထပ် ဘောလုံးပွဲ နှစ်ပွဲသို့လည်း အမျိုးသမီး ပရိသတ်များ တက်ရောက် အားပေးခွင့်ရရန် စီစဉ်ထားကြောင်း အတည်ပြု ကြေညာထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top