မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
မန် - ကပ်လျက်က ဘာလေးလဲ
ဂိုက် - - - - - - - -
ဒီနေ့  ၂၀၁၈ စပါပြီ
Credit: san you
# Unicode Version ဖြင့် ဖတ်ပါ #
ဂျာမန် - ဒီအဆောက်အဦလေးကို ဘယ်လိုခေါ်သလဲ
ဂိုက် - ဇရပ်လို့ခေါ်ပါတယ်
မန် - ဘာရည်ရွယ်ချက်နဲ့လမ်းဘေးမှာဆောက်တာလဲ
ဂိုက် - ခရီးသွားတွေ နားနားနေနေ နေရအောင်ပါ
မန် - ကပ်လျက်က ဘာလေးလဲ
ဂိုက် - သောက်ရေအိုးစဉ်လေးပါ
မန် - ထားရတဲ့ရည်ရွယ်ချက်လေး
ဂိုက် - ခရီးသွားတွေ မောပန်းလာရင် ရေသောက်ရအောင်ပါ
မန် - ကောင်းတယ်ဗျာ။ရေသောက်ပြီး အဆင်သင့်နားဖို့ ခင်ဗျားတို့လူမျိုးတွေရဲ့စေတနာ ကောင်းမှု ရက်ရောမှု ဖော်ရွှေမှု တွေကို အတိုင်းသား မြင်တွေ့ရတာပါဘဲ
ဂျာမန်နိုင်ငံသား ကို ရှင်ပြနေတဲ့မြန်မာဂိုက်လေး ရဲ့မျက်နှာမှာ အပြုံးပန်းတွေ ဝေလို့-----
မန် - ဒါနဲ့ဒီသောက်ရေခွက်လေး ကို ဘာလို့ကြိုးချည်သော့ခတ် ထားတာလဲ
ဂိုက် - - - - - - - -
ကျွန်တော့်မိတ်ဆွေပြောပြတဲ့၁၉၉၆ မြန်မာ့ခရီးသွားနှစ် က အဖြစ်အပျက်လေးပါ
ကျွန်တော်တို့သာ တိုးဂိုက်လေးနေရာမှာဆိုရင်ဘယ်လို ဖြေမှာ ပါလဲ
တိုးဂိုက်လေးကတော့ချွေးပြန်အောင်စဉ်းစားပြီး ဖြေလိုက်တာက လေတိုက်ရင် လွင့်မပါအောင်လို့ပါတဲ့- - - - -
မနေ့က အထိလည်း ရေခွက်မှာ ကြိုးတန်းလန်းလေးနဲ့ပါ - - -
ဒီနေ့ ၂၀၁၈ စပါပြီ
သောက်ရေခွက်လေးတွေ ကြိုးချည်မခံရအောင် ကျွန်တော်တို့တွေ ဝိုင်းဝန်းကြိုးပမ်းကြပါစို့-
ဖိုးသူတော် (www.phothutaw.com)
Credit: san you
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top