×




ကိုတင်မောင်ဦး (အလုံ)

Credit: Myanmaalinn

#Unicode Version#
အလုံမြို့နယ်တွင် နေအိမ်တိုက်ခန်းပေါ်မှ ခုန်ချမှုဖြစ်ပွား

ဇန်နဝါရီ ၁ဝ ရက်၊ နံနက် ၅ နာရီချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်း ရပ်ကွက်၊ စက်တွင်းလမ်း၊ အမှတ် ၅၃၊ ၅လွှာနေ မောင်အေးမင်းဟန်၊ ၂၇ နှစ်၊ စည်ပင်နေ့စားဝန်ထမ်းသည် ရည်းစားနှင့်စကားများပြီး၊ နေအိမ်တိုက်ခန်းပေါ်မှ နောက်ဖေးလမ်းကြား အတွင်း ခုန်ချခဲ့ကြောင်း သိရပါသည်။

အဆိုပါခုန်ချသူမှာ ဦးခေါင်း (ဝဲ)ဘက်ခြမ်း ချိုင့်ဝင်ကြေမွဒဏ်ရာ ၊ (ဝဲ/ယာ) ခြေကျင်းဝတ်နှင့် ပေါင် တို့တွင် (စုတ်ပြဲ) ပွန်းခြစ်ဒဏ်ရာ၊ ဝဲခါးစောင်း ပေါက်ပြဲဒဏ်ရာများရရှိပြီး သေဆုံးသွားသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရာ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ PR 046 ဖြင့် လက်ခံထားရှိပြီးအမှုအား အလုံမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတင်မောင်ဦး (အလုံ)

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmaalinn
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top