မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
သူတို့ဟာ တမိသားစုလုံး ဝကာဗိုက်ပူတဲ့အတွက် ကျန်းမာရေး လိုက်စားဖို့ လိုမှန်းသိလာတဲ့နောက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ခံယူပြီး 6 လအတွင်း တမိသားစုလုံး ဝိတ်ချပစ်လိုက်တာဖြစ်ပါတယ်။
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
အရင်ခေတ်က လူတွေနဲ့ လက်ရှိခေတ်က လူတွေကွာခြားမှုမှာ ခန္ဓာကိုယ်အလေးချိန်လဲ ပါပါတယ်။အရင်က သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်နဲ့ ကောင်းမွန်တဲ့ အသီးအနှံလောက်သာ စားခဲ့တာဖြစ်လို့ အနာအဖျားလည်း မထူပဲ ကယ်လိုရီလည်း မတက်ခဲ့ပါဘူး။
ဒီနေ့ခေတ်မှာတော့ စားသမျှ ရယ်ဒီမိတ်အစားအစာတိုင်းမှာ ကယ်လိုရီများစွာပါဝဝင်နေပြီး ဝလာတာပြဿနာဖြစ်လာပါတယ်။ဒီပြဿနာကို တချို့ဆို တမိသားစုလုံးရင်ဆိုင်နေရတာဖြစ်ပြီး ဒါကို စံပြအနေနဲ့ ဝိတ်ချလိုက်တာကတော့ တရုတ်မိသားစု တစုဖြစ်ပါတယ်။
သူတို့ဟာ တမိသားစုလုံး ဝကာဗိုက်ပူတဲ့အတွက် ကျန်းမာရေး လိုက်စားဖို့ လိုမှန်းသိလာတဲ့နောက် ြပ်ငးထန်တဲ့ လေ့ကျင့်ခန်းတွေ ခံယူပြီး 6 လအတွင်း တမိသားစုလုံး ဝိတ်ချပစ်လိုက်တာဖြစ်ပါတယ်။
မိသားစုလိုက် တက်ညီလက်ညီ ဝိတ်ချတာဖြစ်လို့ ဝိတ်ချနေစဉ်အတွင်းမှာလည်း ပျော်ဖို့ကောင်းတယ်လို့ ပြောခဲ့ပါတယ်။သူတို့ဟာ  ဝိတ်ချနေစဉ်ပုံတွေကိုလည်း ဓာတ်ပုံနဲ့ စနစ်တကျ မှတ်တမ်းယူခဲ့တာဖြစ်ပြီး နေ့စဉ်လဲ ပေါင်ချိန်စက်ကို အသုံးပြုတာဖြစ်ပါတယ်။
Jesse ဆိုတာ သူတို့ရဲက သားဖြစ်ပြီး အသက် 32 နှစ် အရွယ် ဓာတ်ပုံဆရာဖြစ်ပါတယ်။သူက တစ်မိသားစုလုံးကို လေ့ကျင့်ခန်းခံယူဖို့ နားချခဲ့တာဖြစ်ပြီး သူ့မိန်းမက စတင်ဝိတ်ချခဲ့တာဖြစ်ပါတယ်။ြပြီးတော့ သူ့အဖေနဲ့ အမေပါ ရက်ပိုင်းအတွင်း ပါဝင်လာပြီး သူတို့ ဝိတ်ချဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ပထမတော့ လမ်းအမြန်လျှောက်တာကနေစပြီး နောက်ကျ သက်လုံတိုးလာပြီး ပြေးလာနိုင်ပါအတယ်။နောက်တော့ Gym မှာ သူတို့အားလုံး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ခံယူခဲ့တာဖြစ်ပါတယ်။
မတ်လ 10 ရက်နေ့က စတင်ပြီး လုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ 30 မှာတော့ သူတို့ဟာ တကယ့်ကို ကိုယ်ရေစစ်သွားပဲဖြစ်ပါတယ်။ဖခင်ရော သားပါ ကြွက်သားတွေနဲ့ လှပလာသလို မိခင်နဲ့ ချွေးမလည်း ပိန်ပါးတဲ့ ခန္ဓာကိုယ် ရရှိခြ့တာဖြစ်ပါတယ်။
သူတို့က မလုပ်လို့ မဖြစ်တာကို မဖြစ်ဘူးလို့ မပြောပါနဲ့လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top