မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×






Credit: Popolay

# Unicode Version ဖြင့် ဖတ်ပါ #

၁၀ နှစ်အရွယ်ကလေးမလေးတစ်ယောက်အဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရတာမလွယ်လှပါဘူး။ ချစ်ချစ်တောက်ပူနေတဲ့ နေရောင်ခြည် အောက်မှာ လေးလံတဲ့ပစ္စည်းတွေကို သယ်ရတာဟာ သူမအ တွက် ခက်ခဲလွန်းလှပါတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့သူမရဲ့ အဘိုးအဘွားတွေအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့မှအပ အခြားမရှိတော့ပါဘူး။

အခြားရွယ်တူ မိန်းကလေးတွေ သူတို့မိဘတွေဆီက ချစ်ခြင်းနဲ့လက်ဆောင်တွေကို ရနေတဲ့အချိန်မှာ သူမဟာ သူမရဲ့ဖခင်ကို ယာဉ်မတော်တဆမှုတစ်ခုမှာ ဆုံးရှူံးခဲ့ပြီး နောက်ပိုင်းမှာ သူမရဲ့အမေဟာ ပိုက်ဆံတစ်ပြားမှ မချန်ခဲ့ဘဲ နောက်ယောကျာ်းနောက် လိုက်သွားခဲ့ပါတယ်။ သူမဟာ ကျန်ရှိနေတဲ့ အဘိုးအဘွားအတွက် လစဉ် ဆေးဖိုးစရိတ်ကိုရှာပေးနေရပါပြီး ဒီဆေးဖိုးစရိတ်ကလည်း ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက် အ နေနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။

ဒါကြောင့် သူမဟာ ကျောင်းထွက်လိုက်ပြီး အဲ့ဒီအစား အသက်ရှင်နေထိုင်ဖို့အတွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ သူမဟာ အဘိုးအဘွားတွေမသိအောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသွားပြီး သူမကို အလုပ် တစ်ခုပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

ဆောက်လုပ်ရေး မန်နေဂျာက သနားတဲ့အတွက် သူမကိုအလုပ်ပေးဖို့ လက်ခံခဲ့ပြီး သူမကိုလွယ်ကူတဲ့ အလုပ်တွေသာခိုင်းခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဒီအလုပ်တွေဟာ ၁၀ နှစ်အရွယ် ကောင်မလေးအတွက် ခက်ခဲ လှပါတယ်။

သူမဟာ အဘိုးအဘွားတွေကို ပစ်ထားတာထက် ဒီလိုပူပြင်းတဲ့ နေရောင်အောက်မှာအလုပ်လုပ်ရတာ သူမအတွက် ပို ကောင်းပါတယ် လို့ဖြေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top