ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕တြင္ ခရီးသည္မ်ား၏ စိတ္​ခ်မ္​းသာမႈကုိအထူးအေလးထားၿပီးခရီးသည္မ်ားအတြက္ လုံၿခံဳမႈ၊ယုံၾကည္စိတ္ ခ်ရမႈမ်ားကုိအၿမဲတမ္းဦးစား​ေပးေမာင္းႏွင္ေျပးဆြဲေပးေနသည့္ တကၠစီယာဥ္ေမာင္းတဦးရိွသည္။ ၄င္းမွာ အသက္ ၃၉ႏွစ္အရြယ္ ကုိမ်ဳိးသက္ဆိုသူျဖစ္သည္။ဗုဒၶတရားေတာ္ႏွင္​့ ​ေလ်ာ္​ညီစြာ ​ေလာဘ​ေဒါသ​ေမာဟကင္​းကင္​းျဖင္​့ ကုသုိလ္​ျပဳကာ အငွားယာဥ္၀န္ေဆာင္မႈေပးေနသူလည္းျဖစ္သည္။

၄င္​း၏ ကား​ေပၚတြင္​ သတင္းစာ၊ ​ေရသန္​႔၊​ ေရခဲပုံး၊ အဆာေျပစားသံုးႏိုင္ရန္ မုန္​႔ထုပ္အမ်ဳိးမ်ဳိး၊​ အကုိက္အခဲေပ်ာက္ေဆးႏွင့္ ရႈေဆး၊ သၾကားလုံး၊ ပ်ားလိ​ေမၼာ္​အေစာေၾကေဆး၊ ၾကက္​​ေမာက္​သီး ၊ အမႈိက္​ပုံး၊ လက္​​ေဆး​ဆီ၊ တစ္ရူးစသည္​့အသုံးအ​ေဆာင္​မ်ားကုိစီစဥ္​​ေပးထား​ၿပီး ခရီးသည္​မ်ားအေနျဖင့္ လုိအပ္​သလုိအခမဲ့အသုံးျပဳႏုိင္​​ေၾကာင္း စာေရးသားထားသည္။ ကားကုိလည္း အျမဲတေစသန္​႔႐ွင္​းသပ္​ရပ္​စြာ ျပင္ဆင္ထားျပီး အ​ေမြးနံ႔သာမ်ားထားရွိသျဖင့္ ကားေပၚတက္လိုက္သည္ႏွင့္ လန္းဆန္းလတ္ဆတ္မႈကို ခံစားရသည္။

"ခရီးသည္​ေတြကေတာ့ တႀကိမ္​မဟုတ္​တႀကိမ္​ အသုံးအေဆာင္ေလးေတြ လုိအပ္​လာၾကမွာပဲ​ေလ။အဲလုိအခါမ်ဳိးမွာအဆင္​သင့္ေနသင့္ရွိေနေစခ်င္တဲ့ စိတ္နဲ႔ထား​ေပးတာပါ၊ လူတုိင္​းဟာကုိယ္​လုိခ်င္​တဲ့အရာကုိကုိယ္​ရိွ​ေနတဲ့​ေနရာမွာအဆင္​သင့္၊အရံသင္​့ရိွ​ေနတယ္​ဆုိရင္​ အားလုံးစိတ္​ခ်မ္​းၾကမွာပဲ​ေလ။ကုိယ္​့ရဲ႕ကားထဲ​ေရာက္​လုိ႔ ဒါ​ေတြကုိလုိအပ္​လာတဲ့အခါက်ရင္​ အဆင္​သင္​့ျဖစ္​​ စိတ္​ခ်မ္းသာ​ေစလိုတဲ့ ဆႏၵနဲ႔ပါ"ဟုကုိမ်ဳိးသက္​က ၄င္​း၏ရည္​ရြယ္​ခ်က္​​ကိုေျပာျပသည္​။

ကိုမ်ဳိးသက္သည္ အငွါးယာဥ္​​ေမာင္​းဘ၀ကို ၂၀၁၂ ခုႏွစ္တြင္ စတင္လုပ္ကိုင္ခဲ့သည္။ ယခုကဲ့သို႔ မျပည့္စံုသည့္တိုင္ ၂၀၁၃ ခုႏွစ္မွစတင္​ကာခရီးသည္မ်ားအတြက္ အပိုေဆာင္း၀န္ေဆာင္မႈအစီအစဥ္ကို စတင္ခဲ့သည္ဟုဆိုသည္။ အဆုိပါအသုံးေဆာင္စရိတ္မ်ား၏ စုစုေပါင္းကုန္က်စရိတ္သည္ က်ပ္ ၃ ေသာင္း၀န္းက်င္ရိွၿပီး လုိအပ္လွ်င္ လိုအပ္သလို ျပန္လည္ျဖည့္တင္းေပးသည္ဟု ၎ကဆုိသည္။ အက်ဳိးအျမတ္အတြက္မဟုတ္ဘဲ ေစတနာသက္သက္ပင္ျဖစ္ေၾကာင္း ၎ကေျပာသည္။

"ကား​ေပၚ​ေရာက္​လာတဲ့သူ​ေတြ မ်ားမ်ားသုံး​ေဆာင္​ရင္​ ကြၽန္​​ေတာ္​ မ်ားမ်ားကုသုိလ္​ရတာ​ေပါ့။ Service ​ေပးတာမဟုတ္​ဘူး။ ကုသုိလ္​ျပဳထားတာပါ။ Service ဆုိတာကအက်ဳိးတခုခုကုိ ျပန္​လည္​​ေမွ်ာ္လင္​့ၿပီးလုပ္​တဲ့သ​ေဘာမ်ဳိးသက္​​ေရာက္​တယ္​။ ကြၽန္​​ေတာ္​က မ​ေမွ်ာ္​လင္​့ပါဘူး။ ကြၽန္​​ေတာ္​့ကားကုိစီးသည္​ျဖ​စ္ေစ၊ မစီးသည္​ျဖစ္​​ေစ လမ္​းမွာ​ေတြ႔တဲ့အခ်ိန္​ ​ေရဆာလုိ႔ ​ေတာင္​း​ေသာက္​ရင္​​ေတာင္​ ​ေပးလုိက္​ပါတယ္​။ အဓိက,က​ေတာ့ ကားစီးတဲ့သူ​ေတြကုိစိတ္​ခ်မ္​းသာ​ေစခ်င္​ပါတယ္​။ တခ်ဳိ႕ကလည္​း မူးတတ္​တဲ့သူ​ေတြရိွတယ္​။ ကား​ေပၚ​ေမာ​ေမာပန္​းပန္​းနဲ႔​ ေရာက္​လာတယ္​။ ​ေရဘူးေတြ႕​ေတာ့ ဝမ္​းသားအားရနဲ႔ ယူ​ေသာက္​ၿပီး အ​ေမာ​ေျပသြားမယ္​။ အဲလုိမ်ဳိး​ေတြျမင္​​ေတာ့ စိတ္ေက်နပ္​မိပါတယ္​"ဟု ကုိမ်ဳိးသက္က ေျပာသည္။

ေနအိမ္မွ ဖုန္​းဆက္​ငွါးရမ္​းမႈမ်ားအား ၾကိဳခမယူဘဲ သြားေရာက္မည့္ခရီးအကြာအေ၀းအလိုက္သာ ကားခယူေၾကာင္း၊ ေန႔စဥ္​ပုံမွန္​ နံနက္​ ၈ နာရီ မွ ည ၁၀ နာရီေက်ာ္အထိ ​ေျပးဆြဲ​ၿပီး တ​ေန႔၀င္ေငြ ပ်မ္းမွ် က်ပ္​ ၄ ေသာင္းခန္႔ရရိွ​ေနေၾကာင္း၊ Owner ေၾကးအျဖစ္​ တ​ေန႔က်ပ္​၁ ေသာင္း​ေပးရ​ေၾကာင္​း ကုိမ်ဳိးသက္ကေျပာသည္။

"အားလုံးက​ ကုိယ္​့အပူနဲ႔ကုိယ္လုပ္​​ေန​ၾကတဲ့အခ်ိန္​မွာ ကုိယ္​ရသ​ေလာက္​​ေလးနဲ႔ တင္​းတိမ္​မယ္​။ ကုသုိလ္​​ေလးယူမယ္​။ တရား​ေလးနဲ႔ ​ေမြ႔​ေလ်ာ္​ၿပီး လုပ္​သြားၾက​ေစခ်င္​တယ္​။ ဘာပဲျဖစ္​ျဖစ္​ ကုိယ္​လုပ္​တဲ့အ​ေပၚမွာ တန္​ျပန္​အ​ေနနဲ႔ တူ​ေသာအက်ဳိးဆုိတာ ရလာမွာပဲ​ေလ။​ေလာဘလည္​း မႀကီးသင္​့ဘူး။ ကုိယ္​႐ွာ​ေဖြလုိ႔ မရတဲ့အခါမွာ ​ေဒါသလည္​း မျဖစ္​သင္​့ဘူး။ အဲဒါ​ေတြ ျဖစ္​စရာအေၾကာင္းလည္း မရိွ​တဲ့အတြက္​ ​ေမာဟလည္​း မျဖစ္​ဘူး​ေပါ့"ဟု ၄င္​း၏ခံယူခ်က္​ကုိ ​ေျပာျပသည္​။

ကုိမ်ဳိးသက္၏ ေကာင္းသတင္းမွာ လူမႈကြန္ရက္ေပၚ ပ်ံ႕ ႏွံ႔လ်က္ရွိသည္။

"တကၠစီ ခဏခဏစီးေပမယ့္ ဒီလိုမ်ိဳးတစ္ခါမွမႀကံဳဖူးခဲ့ဘူး။ ကုကိၠဳင္းအင္ယားကန္ေဘာင္ တကၠသိုလ္ရိပ္သာလမ္းသစ္(ဗဟန္း)ကေန လွည္းတန္းကို ၁၅၀၀ နဲ႔ ေစ်းဆစ္လိုက္တာရတဲ့အျပင္ ကားထဲဝင္လိုက္တဲ့အခ်ိန္ ေမႊးေနတာပဲ။ သတင္းစာ၊ အမိႈက္ပံုးကအစ အကုန္အစံုပဲ။ အဲတာေရာင္းတာလို႔ေမးလိုက္ေတာ့ အကုန္အလကားတဲ့။ ေရဘူးဆိုလည္း ေသာက္ပါ။ ယူသြားလည္း ရတယ္တဲ့။ ကုမၸဏီက Service ေပးတာလားလို႔ေမးျမန္းစပ္စုၾကည့္ေတာ့ သူ႕စိတ္ကူးပါတဲ့..."ဟု ခရီးသည္​တဦးကမွတ္​ခ်က္​ျပဳထားသည္​။

ကိုမ်ိဴးသက္၏အငွါးယာဥ္​ဝန္​​ေဆာင္​မႈလုပ္​ငန္​းအတြက္​ ဖုန္​း-09457953766 /09795260031သုိ႔ ဆက္သြယ္ႏုိင္​​ပါသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (လင္​းလင္​း​ေအာင္​)

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့တွင် ခရီးသည်များ၏ စိတ်ချမ်းသာမှုကိုအထူးအလေးထားပြီးခရီးသည်များအတွက် လုံခြုံမှု၊ယုံကြည်စိတ် ချရမှုများကိုအမြဲတမ်းဦးစားပေးမောင်းနှင်ပြေးဆွဲပေးနေသည့် တက္ကစီယာဉ်မောင်းတဦးရှိသည်။ ၎င်းမှာ အသက် ၃၉နှစ်အရွယ် ကိုမျိုးသက်ဆိုသူဖြစ်သည်။ဗုဒ္ဓတရားတော်နှင့် လျော်ညီစွာ လောဘဒေါသမောဟကင်းကင်းဖြင့် ကုသိုလ်ပြုကာ အငှားယာဉ်ဝန်ဆောင်မှုပေးနေသူလည်းဖြစ်သည်။

၎င်း၏ ကားပေါ်တွင် သတင်းစာ၊ ရေသန့်၊ ရေခဲပုံး၊ အဆာပြေစားသုံးနိုင်ရန် မုန့်ထုပ်အမျိုးမျိုး၊ အကိုက်အခဲပျောက်ဆေးနှင့် ရှုဆေး၊ သကြားလုံး၊ ပျားလိမ္မော်အစောကြေဆေး၊ ကြက်မောက်သီး ၊ အမှိုက်ပုံး၊ လက်ဆေးဆီ၊ တစ်ရူးစသည့်အသုံးအဆောင်များကိုစီစဉ်ပေးထားပြီး ခရီးသည်များအနေဖြင့် လိုအပ်သလိုအခမဲ့အသုံးပြုနိုင်ကြောင်း စာရေးသားထားသည်။ ကားကိုလည်း အမြဲတစေသန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားပြီး အမွေးနံ့သာများထားရှိသဖြင့် ကားပေါ်တက်လိုက်သည်နှင့် လန်းဆန်းလတ်ဆတ်မှုကို ခံစားရသည်။

"ခရီးသည်တွေကတော့ တကြိမ်မဟုတ်တကြိမ် အသုံးအဆောင်လေးတွေ လိုအပ်လာကြမှာပဲလေ။အဲလိုအခါမျိုးမှာအဆင်သင့်နေသင့်ရှိနေစေချင်တဲ့ စိတ်နဲ့ထားပေးတာပါ၊ လူတိုင်းဟာကိုယ်လိုချင်တဲ့အရာကိုကိုယ်ရှိနေတဲ့နေရာမှာအဆင်သင့်၊အရံသင့်ရှိနေတယ်ဆိုရင် အားလုံးစိတ်ချမ်းကြမှာပဲလေ။ကိုယ့်ရဲ့ကားထဲရောက်လို့ ဒါတွေကိုလိုအပ်လာတဲ့အခါကျရင် အဆင်သင့်ဖြစ် စိတ်ချမ်းသာစေလိုတဲ့ ဆန္ဒနဲ့ပါ"ဟုကိုမျိုးသက်က ၎င်း၏ရည်ရွယ်ချက်ကိုပြောပြသည်။

ကိုမျိုးသက်သည် အငှါးယာဉ်မောင်းဘဝကို ၂၀၁၂ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ယခုကဲ့သို့ မပြည့်စုံသည့်တိုင် ၂၀၁၃ ခုနှစ်မှစတင်ကာခရီးသည်များအတွက် အပိုဆောင်းဝန်ဆောင်မှုအစီအစဉ်ကို စတင်ခဲ့သည်ဟုဆိုသည်။ အဆိုပါအသုံးဆောင်စရိတ်များ၏ စုစုပေါင်းကုန်ကျစရိတ်သည် ကျပ် ၃ သောင်းဝန်းကျင်ရှိပြီး လိုအပ်လျှင် လိုအပ်သလို ပြန်လည်ဖြည့်တင်းပေးသည်ဟု ၎င်းကဆိုသည်။ အကျိုးအမြတ်အတွက်မဟုတ်ဘဲ စေတနာသက်သက်ပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ကားပေါ်ရောက်လာတဲ့သူတွေ များများသုံးဆောင်ရင် ကျွန်တော် များများကုသိုလ်ရတာပေါ့။ Service ပေးတာမဟုတ်ဘူး။ ကုသိုလ်ပြုထားတာပါ။ Service ဆိုတာကအကျိုးတခုခုကို ပြန်လည်မျှော်လင့်ပြီးလုပ်တဲ့သဘောမျိုးသက်ရောက်တယ်။ ကျွန်တော်က မမျှော်လင့်ပါဘူး။ ကျွန်တော့်ကားကိုစီးသည်ဖြစ်စေ၊ မစီးသည်ဖြစ်စေ လမ်းမှာတွေ့တဲ့အချိန် ရေဆာလို့ တောင်းသောက်ရင်တောင် ပေးလိုက်ပါတယ်။ အဓိက,ကတော့ ကားစီးတဲ့သူတွေကိုစိတ်ချမ်းသာစေချင်ပါတယ်။ တချို့ကလည်း မူးတတ်တဲ့သူတွေရှိတယ်။ ကားပေါ်မောမောပန်းပန်းနဲ့ ရောက်လာတယ်။ ရေဘူးတွေ့တော့ ဝမ်းသားအားရနဲ့ ယူသောက်ပြီး အမောပြေသွားမယ်။ အဲလိုမျိုးတွေမြင်တော့ စိတ်ကျေနပ်မိပါတယ်"ဟု ကိုမျိုးသက်က ပြောသည်။

နေအိမ်မှ ဖုန်းဆက်ငှါးရမ်းမှုများအား ကြိုခမယူဘဲ သွားရောက်မည့်ခရီးအကွာအဝေးအလိုက်သာ ကားခယူကြောင်း၊ နေ့စဉ်ပုံမှန် နံနက် ၈ နာရီ မှ ည ၁၀ နာရီကျော်အထိ ပြေးဆွဲပြီး တနေ့ဝင်ငွေ ပျမ်းမျှ ကျပ် ၄ သောင်းခန့်ရရှိနေကြောင်း၊ Owner ကြေးအဖြစ် တနေ့ကျပ်၁ သောင်းပေးရကြောင်း ကိုမျိုးသက်ကပြောသည်။

"အားလုံးက ကိုယ့်အပူနဲ့ကိုယ်လုပ်နေကြတဲ့အချိန်မှာ ကိုယ်ရသလောက်လေးနဲ့ တင်းတိမ်မယ်။ ကုသိုလ်လေးယူမယ်။ တရားလေးနဲ့ မွေ့လျော်ပြီး လုပ်သွားကြစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့အပေါ်မှာ တန်ပြန်အနေနဲ့ တူသောအကျိုးဆိုတာ ရလာမှာပဲလေ။လောဘလည်း မကြီးသင့်ဘူး။ ကိုယ်ရှာဖွေလို့ မရတဲ့အခါမှာ ဒေါသလည်း မဖြစ်သင့်ဘူး။ အဲဒါတွေ ဖြစ်စရာအကြောင်းလည်း မရှိတဲ့အတွက် မောဟလည်း မဖြစ်ဘူးပေါ့"ဟု ၎င်း၏ခံယူချက်ကို ပြောပြသည်။

ကိုမျိုးသက်၏ ကောင်းသတင်းမှာ လူမှုကွန်ရက်ပေါ် ပျံ့ နှံ့လျက်ရှိသည်။

"တက္ကစီ ခဏခဏစီးပေမယ့် ဒီလိုမျိုးတစ်ခါမှမကြုံဖူးခဲ့ဘူး။ ကုက္ကိုင်းအင်ယားကန်ဘောင် တက္ကသိုလ်ရိပ်သာလမ်းသစ်(ဗဟန်း)ကနေ လှည်းတန်းကို ၁၅၀၀ နဲ့ ဈေးဆစ်လိုက်တာရတဲ့အပြင် ကားထဲဝင်လိုက်တဲ့အချိန် မွှေးနေတာပဲ။ သတင်းစာ၊ အမှိုက်ပုံးကအစ အကုန်အစုံပဲ။ အဲတာရောင်းတာလို့မေးလိုက်တော့ အကုန်အလကားတဲ့။ ရေဘူးဆိုလည်း သောက်ပါ။ ယူသွားလည်း ရတယ်တဲ့။ ကုမ္ပဏီက Service ပေးတာလားလို့မေးမြန်းစပ်စုကြည့်တော့ သူ့စိတ်ကူးပါတဲ့..."ဟု ခရီးသည်တဦးကမှတ်ချက်ပြုထားသည်။

ကိုမျိူးသက်၏အငှါးယာဉ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖုန်း-09457953766 /09795260031သို့ ဆက်သွယ်နိုင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: (လင်းလင်းအောင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top