iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi ျဖင့္ဖတ္ရန္ #

ဘန္ေကာက္မွာ အႏွိပ္ခန္းဖြင့္ၿပီး လိင္အေရာင္းအဝယ္လုပ္သူ၊ လူကုန္ကူးမႈနဲ႔ ဖမ္းဆီးခံရၿပီး ဒီအမႈနဲ႔ ဆက္စပ္မႈရွိတဲ့ ရဲအရာရွိ ၅ ဦး ေနရာေတြက ေျပာင္းေ႐ႊ႕ခံရတယ္လို႔ သိရပါတယ္။

ဗစ္တိုးရီးယားစီးကရက္လို႔ အမည္ရတဲ့ အႏွိပ္ခန္းကို ဇန္နဝါရီ ၁၂ ရက္ေန႔က ေရွာင္တခင္ ဝင္စစ္ေဆးၿပီးေနာက္ ေျပာင္းေ႐ႊ႕ခံရတဲ့ ရဲ ၅ ဦးထဲမွာ ဝန္ထုံဂလန္ရဲဌာနရဲ႕ စခန္းမႉးျဖစ္သူ သမ္မႏြန္ဘန္႐ူရန္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

အထူးစုံစမ္းေရးဌာန (ဒီအက္စ္အိုင္) က ရဲေတြနဲ႔ စစ္သားေတြက အသက္ ၁၈ ႏွစ္ေအာက္ ၁၀ ဦး အပါအဝင္ အမ်ိဳးသမီး ၁၁၃ ဦးကို ေရွာင္တခင္ ဝိုင္းခဲ့တာျဖစ္ၿပီး အမ်ိဳးသမီးေတြက ထိုင္း၊ လာအို၊ ျမန္မာ၊ ကေမာၻဒီးယားႏိုင္ငံေတြကလို႔ သိရၿပီး အမ်ိဳးသမီးအမ်ားစုက လိင္ကုန္ကူးမႈ လုပ္ငန္းထဲ အဓမၼသြတ္သြင္းခံရတာလို႔လည္း ရဲေတြက ယူဆေနၾကပါတယ္။

ေျပာင္းေ႐ႊ႕ခံရတဲ့ က်န္ရဲအရာရွိ ၄ ဦးက စုံစမ္းေရး ဒုအုပ္ခ်ဳပ္ေရးမႉး နာရန္ခ႐ြန္စာနက္၊ ရာဇဝတ္မႈႏွိမ္နင္းေရးဌာနရဲ႕ ဒုတိယအရာရွိ ပီခ်ိဳင္ထြန္သမ္၊ ရာဇဝတ္မႈႏွိမ္နင္းေရး အႀကီးအကဲ ဒီခ်ာဝါစ္ခ်န္ကစစ္ကမ္နဲ႔ စုံစမ္းေရး အႀကီးအကဲ ပရက္ယာဘြန္နီရန္တို႔ျဖစ္တယ္လို႔ ထိုင္းသတင္းဌာနေတြက ထုတ္ျပန္ထားပါတယ္။

တၿပိဳင္နက္တည္းမွာပဲ အမ်ိဳးသမီးေတြကို ႀကီးၾကပ္ေနသူ ဘြန္စက္ပ္ အာမိုရက္တနာစီရီ၊ အသက္ ၅၅ ႏွစ္ကို ဖမ္းထားေၾကာင္း ရာဇဝတ္မႈတရား႐ုံးက ဇန္နဝါရီလ ၁၃ ရက္ေန႔မွာ အတည္ျပဳခဲ့ပါတယ္။

အသက္ ၁၅ ႏွစ္ေအာက္ မိန္းကေလးေတြကို လူကုန္ကူးၿပီး ျပည့္တန္ဆာအျဖစ္ သြတ္သြင္းမႈနဲ႔ မစၥတာဘြန္စက္ပ္က အမႈ ၅ မႈနဲ႔ ရင္ဆိုင္ေနရၿပီး သူကေတာ့ စြဲထားတဲ့ အမႈအားလုံးကို ျငင္းဆန္ခဲ့တာပါ။

မစၥတာဘြန္စက္ပ္ရဲ႕ ေဆြမ်ိဳးေတြက အာမခံရဖို႔ ထိုင္းေငြ ဘတ္ ၅ သိန္း ေပးေပမယ့္ သူက ေထာင္ဒဏ္အေျမာက္အျမား က်ခံရမယ့္ ကေလးသူငယ္ေတြအေပၚမွာ ရာဇဝတ္မႈ က်ဳးလြန္ခဲ့တာျဖစ္လို႔ အာမခံမေပးခဲ့ပါဘူး။

သူ႔ကို ဘန္ေကာက္ၿမိဳ႕ ရီမာန္အက်ဥ္းေထာင္မွာ ဖမ္းခ်ဳပ္ထားတယ္လို႔လည္း သိရပါတယ္။

၂၀၁၄ ခုႏွစ္ ဇူလိုင္လကေန ၂၀၁၆ ခုႏွစ္ ေမလ အထိ နန္းလတ္ဆိုတဲ့ ျမန္မာအမ်ိဳးသမီးနဲ႔ သူမရဲ႕ထိုင္းခင္ပြန္းသည္က အဲဒီအခ်ိန္တုန္းက အသက္ ၁၅ ႏွစ္ မျပည့္ေသးတဲ့ ရွမ္းမိန္းကေလးငယ္ေတြကို ျမန္မာကေန ထိုင္းႏိုင္ငံကို ေခၚေဆာင္လာၿပီး ဘန္ေကာက္က တိုက္ခန္းေတြမွာ ေနေစကာ အဲဒီေနာက္ သူတို႔ေတြက အႏွိပ္ခန္းရဲ႕ လိင္လုပ္သားအျဖစ္ ခိုင္းေစခံခဲ့ရတာလို႔ ဒီအက္စ္အိုင္အေျပာအရ သိရပါတယ္။

လိင္ေပ်ာ္ပါးသူေတြက ေပ်ာ္ပါးဖို႔အတြက္ ေငြကိုင္ကို ေငြေပးၿပီး ျမန္မာအမ်ိဳးသမီးနဲ႔ ထိုင္းအမ်ိဳးသားစုံတြဲက လစဥ္ ပိုက္ဆံရပါတယ္။ မစၥတာဘြန္စက္ပ္ကေတာ့ လုပ္ငန္းကို စီမံၿပီး ျပႆေပၚလာရင္ ရဲေတြနဲ႔ ေျဖရွင္းပါတယ္။

မစၥတာဘြန္စက္ပ္ကို အသက္ ၁၅ ႏွစ္ေအာက္ မိန္းကေလးေတြကို လက္ခံ ဖမ္းခ်ဳပ္ လိင္လုပ္သားအျဖစ္ ခိုင္းေစၿပီး အျမတ္ထုတ္ျခင္း၊ လူကုန္ကူးျခင္း၊ တရားမဝင္ ေ႐ႊ႕ေျပာင္းလာသူေတြကို ေနရာထိုင္ခင္းေပးျခင္းနဲ႔ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈ က်ဴးလြန္ျခင္း စတဲ့ အမႈေတြနဲ႔ တရားစြဲထားတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ဇန္နဝါရီလ ၁၃ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

# Unicode ဖြင့်ဖတ်ရန် #
ဘန်ကောက်မှာ အနှိပ်ခန်းဖွင့်ပြီး လိင်အရောင်းအဝယ်လုပ်သူ၊ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရပြီး ဒီအမှုနဲ့ ဆက်စပ်မှုရှိတဲ့ ရဲအရာရှိ ၅ ဦး နေရာတွေက ပြောင်းရွှေ့ခံရတယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားစီးကရက်လို့ အမည်ရတဲ့ အနှိပ်ခန်းကို ဇန်နဝါရီ ၁၂ ရက်နေ့က ရှောင်တခင် ဝင်စစ်ဆေးပြီးနောက် ပြောင်းရွှေ့ခံရတဲ့ ရဲ ၅ ဦးထဲမှာ ဝန်ထုံဂလန်ရဲဌာနရဲ့ စခန်းမှူးဖြစ်သူ သမ်မနွန်ဘန်ရူရန်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အထူးစုံစမ်းရေးဌာန (ဒီအက်စ်အိုင်) က ရဲတွေနဲ့ စစ်သားတွေက အသက် ၁၈ နှစ်အောက် ၁၀ ဦး အပါအဝင် အမျိုးသမီး ၁၁၃ ဦးကို ရှောင်တခင် ဝိုင်းခဲ့တာဖြစ်ပြီး အမျိုးသမီးတွေက ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတွေကလို့ သိရပြီး အမျိုးသမီးအများစုက လိင်ကုန်ကူးမှု လုပ်ငန်းထဲ အဓမ္မသွတ်သွင်းခံရတာလို့လည်း ရဲတွေက ယူဆနေကြပါတယ်။

ပြောင်းရွှေ့ခံရတဲ့ ကျန်ရဲအရာရှိ ၄ ဦးက စုံစမ်းရေး ဒုအုပ်ချုပ်ရေးမှူး နာရန်ခရွန်စာနက်၊ ရာဇဝတ်မှုနှိမ်နင်းရေးဌာနရဲ့ ဒုတိယအရာရှိ ပီချိုင်ထွန်သမ်၊ ရာဇဝတ်မှုနှိမ်နင်းရေး အကြီးအကဲ ဒီချာဝါစ်ချန်ကစစ်ကမ်နဲ့ စုံစမ်းရေး အကြီးအကဲ ပရက်ယာဘွန်နီရန်တို့ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်။

တပြိုင်နက်တည်းမှာပဲ အမျိုးသမီးတွေကို ကြီးကြပ်နေသူ ဘွန်စက်ပ် အာမိုရက်တနာစီရီ၊ အသက် ၅၅ နှစ်ကို ဖမ်းထားကြောင်း ရာဇဝတ်မှုတရားရုံးက ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

အသက် ၁၅ နှစ်အောက် မိန်းကလေးတွေကို လူကုန်ကူးပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုနဲ့ မစ္စတာဘွန်စက်ပ်က အမှု ၅ မှုနဲ့ ရင်ဆိုင်နေရပြီး သူကတော့ စွဲထားတဲ့ အမှုအားလုံးကို ငြင်းဆန်ခဲ့တာပါ။

မစ္စတာဘွန်စက်ပ်ရဲ့ ဆွေမျိုးတွေက အာမခံရဖို့ ထိုင်းငွေ ဘတ် ၅ သိန်း ပေးပေမယ့် သူက ထောင်ဒဏ်အမြောက်အမြား ကျခံရမယ့် ကလေးသူငယ်တွေအပေါ်မှာ ရာဇဝတ်မှု ကျုးလွန်ခဲ့တာဖြစ်လို့ အာမခံမပေးခဲ့ပါဘူး။

သူ့ကို ဘန်ကောက်မြို့ ရီမာန်အကျဉ်းထောင်မှာ ဖမ်းချုပ်ထားတယ်လို့လည်း သိရပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် မေလ အထိ နန်းလတ်ဆိုတဲ့ မြန်မာအမျိုးသမီးနဲ့ သူမရဲ့ထိုင်းခင်ပွန်းသည်က အဲဒီအချိန်တုန်းက အသက် ၁၅ နှစ် မပြည့်သေးတဲ့ ရှမ်းမိန်းကလေးငယ်တွေကို မြန်မာကနေ ထိုင်းနိုင်ငံကို ခေါ်ဆောင်လာပြီး ဘန်ကောက်က တိုက်ခန်းတွေမှာ နေစေကာ အဲဒီနောက် သူတို့တွေက အနှိပ်ခန်းရဲ့ လိင်လုပ်သားအဖြစ် ခိုင်းစေခံခဲ့ရတာလို့ ဒီအက်စ်အိုင်အပြောအရ သိရပါတယ်။

လိင်ပျော်ပါးသူတွေက ပျော်ပါးဖို့အတွက် ငွေကိုင်ကို ငွေပေးပြီး မြန်မာအမျိုးသမီးနဲ့ ထိုင်းအမျိုးသားစုံတွဲက လစဉ် ပိုက်ဆံရပါတယ်။ မစ္စတာဘွန်စက်ပ်ကတော့ လုပ်ငန်းကို စီမံပြီး ပြဿပေါ်လာရင် ရဲတွေနဲ့ ဖြေရှင်းပါတယ်။

မစ္စတာဘွန်စက်ပ်ကို အသက် ၁၅ နှစ်အောက် မိန်းကလေးတွေကို လက်ခံ ဖမ်းချုပ် လိင်လုပ်သားအဖြစ် ခိုင်းစေပြီး အမြတ်ထုတ်ခြင်း၊ လူကုန်ကူးခြင်း၊ တရားမဝင် ရွှေ့ပြောင်းလာသူတွေကို နေရာထိုင်ခင်းပေးခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခြင်း စတဲ့ အမှုတွေနဲ့ တရားစွဲထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top