န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ေရဟာက်န္းမာေရးအတြက္ အက်ဳိးေက်းဇူးမ်ားစြာေပးစြမ္းႏုိင္ေၾကာင္းသိထားၿပီးျဖစ္မွာပါ။ တစ္ေန႔မွာေရရွစ္ဖန္ခြက္ေသာက္ဖို႔ အႀကံျပဳခ်က္ေတြကိုသိထားေပမယ့္ တခ်ဳိ႕ေသာသူေတြအေနနဲ႔ ေရေသာက္ဖို႔ေမ့ေလ်ာ့ေနတတ္ၾကသလို အရသာကဲထားတဲ့ေဖ်ာ္ရည္ကိုသာ ေသာက္လုိစိတ္ျပင္းျပေလ့ရွိတတ္ၾကပါတယ္။ ဒါေၾကာင့္ ႐ိုး႐ိုးေရကဲ့သို႔ခံစားခ်က္မျဖစ္ေပၚေစဘဲ ခႏၶာကိုယ္အတြက္ေရဓာတ္အျပည့္အ၀ရရွိေစႏုိင္မယ့္ ႐ိုး႐ိုးေရကိုေသာက္ခ်င္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္နည္းေလးေတြကိုေဖာ္ျပလိုက္ပါတယ္။

1.   သစ္သီးေရခဲျပဳလုပ္ပါ။

        ေရခဲလုပ္မယ့္ပံုစံခြက္ထဲကို႐ိုး႐ိုးေရမထည့္ဘဲ တံုးထားၿပီးသားသစ္သီးေလးေတြ ဒါမွမဟုတ္ ပူဒီနာရြက္ေလးေတြနဲ႔ ေဖ်ာ္ထားတဲ့ေရကိုထည့္ၿပီး ေရခဲတံုးျပဳလုပ္ထားပါ။ သစ္သီးေရခဲတံုးေလးေတြကိုထည့္ၿပီး ေသာက္တဲ့ေရဟာ ႐ိုး႐ိုးေရကိုေသာက္ရတာထက္ ပိုၿပီးေသာက္ခ်င္စဖြယ္ျဖစ္ေစႏုိင္သလို က်န္းမာေရးနဲ႔လည္းညီညြတ္ေစပါတယ္။

2.   ေရေႏြးၾကမ္းေသာက္ပါ။

        ေဆးဖက္၀င္အရြက္မ်ားနဲ႔ျပဳလုပ္ထားတဲ့ေသာက္ဖြယ္ရာ (ဥပမာ- လက္ဖက္စိမ္းလက္ဖက္ရည္)၊ ေရေႏြးၾကမ္းကိုေသာက္ျခင္းျဖင့္လည္း ေရဓာတ္အလံုအေလာက္ရရွိေစႏုိင္ပါတယ္။

3.   အနံ႔အရသာစူးေသာအစားအစာ

        အစားအစာထဲမွာင႐ုတ္ေကာင္း ဒါမွမဟုတ္ င႐ုတ္သီးကဲ့သို႔ အနံ႔အရသာရွိတဲ့အစားအစာကိုထည့္စားေပးပါ။ ယင္းအစားအစာေတြဟာ ဇီ၀တြင္းျဖစ္စဥ္ေတြကိုျမႇင့္တင္ေပးႏုိင္ၿပီး ေရေသာက္လိုစိတ္ကိုျပင္းျပေစပါတယ္။

4.   ဆိုဒါအစားေရကိုသာေသာက္ပါ။

        ဆိုဒါ၊ အခ်ဳိရည္ေတြကိုေသာက္မယ့္အစား ေရပုလင္းထဲကေရကိုသာ ေသာက္ဖို႔ႀကိဳးစားၾကည့္ပါ။ ေရကိုအရသာရွိ သြားေအာင္ ေရွာက္သီး၊ သံပုရာသီးနည္းနည္း ထည့္ေသာက္ေပးပါ။

5.   ေရဗူးနဲ႔ေသာက္ပါ။

        ေရကိုဖန္ခြက္နဲ႔ေသာက္မယ့္အစား ေရဗူးနဲ႔ေျပာင္းေသာက္ေပးတာက ဖန္ခြက္ထဲမွာရွိတဲ့ေရပမာဏကိုၾကည့္ၿပီး ေရေသက္ခ်င္စိတ္ေလ်ာ့နည္းေစတဲ့ခံစားခ်က္ကို ဟန္႔တားေပးပါတယ္။

6.   ဟင္းခ်ဳိ၊ စြတ္ျပဳတ္ေသာက္ပါ။

        သားငါးအသီးအရြက္ျပဳတ္ဟင္းခ်ဳိ၊ စြတ္ျပဳတ္ကဲ့သို႔ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြႂကြယ္၀ေနတဲ့ အရည္မ်ဳိးေတြကိုေသာက္ေပးျခင္းျဖင့္လည္း သင့္ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ေရဓာတ္ကိုျပည့္၀ေစႏုိင္ပါတယ္။

7.   ေဆးဘက္၀င္အာနိသင္ရွိေသာေရေသာက္ပါ။

        ပူဒီနာရြက္၊ စပါးလင္၊ ဂ်င္းကိုအမႈန္႔လုပ္ၿပီးျဖစ္ေစ၊ အခ်ပ္ျပားေလးေတြလွီးၿပီးျဖစ္ေစ ေရထဲကိုထည့္ကာေသာက္ေပးပါက ေဆးဘက္၀င္တဲ့ေရေသာက္သလိုမ်ဳိး က်န္းမာေရးအက်ဳိးေက်းဇူးမ်ားရရွိေစႏုိင္ပါတယ္။

8.   ပိုက္နဲ႔ေသာက္ပါ။

        ဖန္ခြက္ထဲကေရျဖစ္ေစ၊ ေရဗူးထဲကေရျဖစ္ေစ ပိုက္နဲ႔ေသာက္ေပးတာက ဖန္ခြက္၊ ေရဗူးမွေရကိုေမာ့ၿပီးေသာက္တာထက္ ေရမ်ားမ်ားပိုေသာက္ျဖစ္ေစပါတယ္။

9.   သစ္သီး၀လံမ်ားေရာၿပီးေသာက္ပါ။

        သရက္သီး၊ လိေမၼာ္သီး၊ ခ်ယ္ရီသီး စတဲ့ရာသီအလိုက္ လႈိင္လႈိင္ေပါတဲ့သစ္သီးေတြကို ေရထဲထည့္ၿပီးေသာက္ေပးပါ။ ႐ိုး႐ိုးေရေသာက္ရသလို ခံစားမႈမ်ိဳးမျဖစ္ေစဘဲ အေရာင္စံုတဲ့ သစ္သီး၀လံေလးေတြေၾကာင့္ ေရေသာက္ခ်င္စိတ္ကိုပိုတိုးေစပါတယ္။

10. ေရဓာတ္ႂကြယ္၀တဲ့ သစ္သီး၀လံမ်ားစားပါ။

        ဖရဲသီး၊ ေက်ာက္ဖ႐ံုသီး၊ ဂရိပ္ဖ႐ု၊ သခြားသီး စတဲ့ေရဓာတ္ပါ၀င္တဲ့ သစ္သီး၀လံေတြကို ေရြးခ်ယ္စားသံုးေပးျခင္းျဖင့္ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္၀ေစၿပီး တေန႔လံုးလန္းဆန္းတက္ႂကြေနေစပါလိမ့္မယ္။

11. ေရဗူးအၿမဲတမ္းေဆာင္ပါ။

        သင္နဲ႔အတူေရဗူးအၿမဲတမ္းေဆာင္ထားပါ။ ဒါဟာေရဆာခ်ိန္မွာေရကိုအလြယ္တကူေသာက္မိေစႏုိင္သလို ေရဓာတ္ကုန္ဆံုးျခင္းမွလည္း ကင္းေ၀းေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CMS (www.drmyanmar.com)

#Unicode Version#
 ရေဟာကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ကြောင်းသိထားပြီးဖြစ်မှာပါ။ တစ်နေ့မှာရေရှစ်ဖန်ခွက်သောက်ဖို့ အကြံပြုချက်တွေကိုသိထားပေမယ့် တချို့သောသူတွေအနေနဲ့ ရေသောက်ဖို့မေ့လျော့နေတတ်ကြသလို အရသာကဲထားတဲ့ဖျော်ရည်ကိုသာ သောက်လိုစိတ်ပြင်းပြလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် ရိုးရိုးရေကဲ့သို့ခံစားချက်မဖြစ်ပေါ်စေဘဲ ခန္ဓာကိုယ်အတွက်ရေဓာတ်အပြည့်အဝရရှိစေနိုင်မယ့် ရိုးရိုးရေကိုသောက်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်နည်းလေးတွေကိုဖော်ပြလိုက်ပါတယ်။

1.   သစ်သီးရေခဲပြုလုပ်ပါ။

        ရေခဲလုပ်မယ့်ပုံစံခွက်ထဲကိုရိုးရိုးရေမထည့်ဘဲ တုံးထားပြီးသားသစ်သီးလေးတွေ ဒါမှမဟုတ် ပူဒီနာရွက်လေးတွေနဲ့ ဖျော်ထားတဲ့ရေကိုထည့်ပြီး ရေခဲတုံးပြုလုပ်ထားပါ။ သစ်သီးရေခဲတုံးလေးတွေကိုထည့်ပြီး သောက်တဲ့ရေဟာ ရိုးရိုးရေကိုသောက်ရတာထက် ပိုပြီးသောက်ချင်စဖွယ်ဖြစ်စေနိုင်သလို ကျန်းမာရေးနဲ့လည်းညီညွတ်စေပါတယ်။

2.   ရေနွေးကြမ်းသောက်ပါ။

        ဆေးဖက်ဝင်အရွက်များနဲ့ပြုလုပ်ထားတဲ့သောက်ဖွယ်ရာ (ဥပမာ- လက်ဖက်စိမ်းလက်ဖက်ရည်)၊ ရေနွေးကြမ်းကိုသောက်ခြင်းဖြင့်လည်း ရေဓာတ်အလုံအလောက်ရရှိစေနိုင်ပါတယ်။

3.   အနံ့အရသာစူးသောအစားအစာ

        အစားအစာထဲမှာငရုတ်ကောင်း ဒါမှမဟုတ် ငရုတ်သီးကဲ့သို့ အနံ့အရသာရှိတဲ့အစားအစာကိုထည့်စားပေးပါ။ ယင်းအစားအစာတွေဟာ ဇီဝတွင်းဖြစ်စဉ်တွေကိုမြှင့်တင်ပေးနိုင်ပြီး ရေသောက်လိုစိတ်ကိုပြင်းပြစေပါတယ်။

4.   ဆိုဒါအစားရေကိုသာသောက်ပါ။

        ဆိုဒါ၊ အချိုရည်တွေကိုသောက်မယ့်အစား ရေပုလင်းထဲကရေကိုသာ သောက်ဖို့ကြိုးစားကြည့်ပါ။ ရေကိုအရသာရှိ သွားအောင် ရှောက်သီး၊ သံပုရာသီးနည်းနည်း ထည့်သောက်ပေးပါ။

5.   ရေဗူးနဲ့သောက်ပါ။

        ရေကိုဖန်ခွက်နဲ့သောက်မယ့်အစား ရေဗူးနဲ့ပြောင်းသောက်ပေးတာက ဖန်ခွက်ထဲမှာရှိတဲ့ရေပမာဏကိုကြည့်ပြီး ရေသေက်ချင်စိတ်လျော့နည်းစေတဲ့ခံစားချက်ကို ဟန့်တားပေးပါတယ်။

6.   ဟင်းချို၊ စွတ်ပြုတ်သောက်ပါ။

        သားငါးအသီးအရွက်ပြုတ်ဟင်းချို၊ စွတ်ပြုတ်ကဲ့သို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကြွယ်ဝနေတဲ့ အရည်မျိုးတွေကိုသောက်ပေးခြင်းဖြင့်လည်း သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပြည့်ဝစေနိုင်ပါတယ်။

7.   ဆေးဘက်ဝင်အာနိသင်ရှိသောရေသောက်ပါ။

        ပူဒီနာရွက်၊ စပါးလင်၊ ဂျင်းကိုအမှုန့်လုပ်ပြီးဖြစ်စေ၊ အချပ်ပြားလေးတွေလှီးပြီးဖြစ်စေ ရေထဲကိုထည့်ကာသောက်ပေးပါက ဆေးဘက်ဝင်တဲ့ရေသောက်သလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်။

8.   ပိုက်နဲ့သောက်ပါ။

        ဖန်ခွက်ထဲကရေဖြစ်စေ၊ ရေဗူးထဲကရေဖြစ်စေ ပိုက်နဲ့သောက်ပေးတာက ဖန်ခွက်၊ ရေဗူးမှရေကိုမော့ပြီးသောက်တာထက် ရေများများပိုသောက်ဖြစ်စေပါတယ်။

9.   သစ်သီးဝလံများရောပြီးသောက်ပါ။

        သရက်သီး၊ လိမ္မော်သီး၊ ချယ်ရီသီး စတဲ့ရာသီအလိုက် လှိုင်လှိုင်ပေါတဲ့သစ်သီးတွေကို ရေထဲထည့်ပြီးသောက်ပေးပါ။ ရိုးရိုးရေသောက်ရသလို ခံစားမှုမျိုးမဖြစ်စေဘဲ အရောင်စုံတဲ့ သစ်သီးဝလံလေးတွေကြောင့် ရေသောက်ချင်စိတ်ကိုပိုတိုးစေပါတယ်။

10. ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံများစားပါ။

        ဖရဲသီး၊ ကျောက်ဖရုံသီး၊ ဂရိပ်ဖရု၊ သခွားသီး စတဲ့ရေဓာတ်ပါဝင်တဲ့ သစ်သီးဝလံတွေကို ရွေးချယ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး တနေ့လုံးလန်းဆန်းတက်ကြွနေစေပါလိမ့်မယ်။

11. ရေဗူးအမြဲတမ်းဆောင်ပါ။

        သင်နဲ့အတူရေဗူးအမြဲတမ်းဆောင်ထားပါ။ ဒါဟာရေဆာချိန်မှာရေကိုအလွယ်တကူသောက်မိစေနိုင်သလို ရေဓာတ်ကုန်ဆုံးခြင်းမှလည်း ကင်းဝေးစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CMS (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top