စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တကၠစီယာဥ္မ်ားတြင္ တပ္ဆင္းထားေသာ စတစ္ကာ မ်ား၊ လိုက္ကာမ်ားကို ဖယ္ရွား ရန္ႏွင့္ လိုက္နာမႈမရွိပါက လုပ္ငန္း လိုင္စင္ဖ်က္သိမ္းသည္အထိ အ ေရးယူမည္ဟု ရန္ကုန္တိုင္းေဒသ ႀကီးယာဥ္စည္းကမ္းထိန္းသိမ္း ေရးႀကီးၾကပ္မႈေကာ္မတီက သတိ ေပးခ်က္ထုတ္ျပန္သည္။

စတစ္ကာႏွင့္ လိုက္ကာမ်ား ကို အကာအကြယ္ယူ၍ ဒုစ႐ိုက္မႈ က်ဴးလြန္ျခင္းမ်ား ျဖစ္ေပၚေန၍ ဖယ္ရွားခိုင္းျခင္းျဖစ္ၿပီး အေရးယူ ျခင္းကို ေဖေဖာ္ဝါရီ ၁ ရက္၌ စ တင္မည္ဟု ထုတ္ျပန္ထားသည္။

စတစ္ကာႏွင့္ လိုက္ကာမ်ား အျပင္ ေလစုပ္ခြက္မ်ားႏွင့္ ေၾကာ္ ျငာမ်ားတပ္ဆင္ျခင္း၊ ကပ္ထား ျခင္းကိုလည္း အျမန္ဆံုးဖယ္ရွား  ရမည္ဟု ယာဥ္စည္းကမ္း ထိန္း သိမ္းေရးႀကီးၾကပ္မႈေကာ္မတီက ထုတ္ျပန္ထားသည္။

စတစ္ကာကပ္ျခင္းကို တကၠစီမ်ားသာမက အျခားယာဥ္မ်ား ကိုပါ ကန္႔သတ္ထားၿပီး ယခုအခါစည္းကမ္း ျပန္လည္တင္းက်ပ္ ျခင္းျဖစ္ေၾကာင္း Hello Cab တကၠစီလုပ္ငန္းပိုင္ရွင္ ဦးေအာင္ ဝင္းက ေျပာသည္။

‘‘ရာဇဝတ္မႈေတြ ျဖစ္လာႏိုင္ တာကို တားဖို႔ အေထာက္အကူ ျဖစ္မွာပါ။ ကားထဲမွာ ဘာျဖစ္ေန တယ္ဆိုတာ။ အျပင္က ျမင္ရ ေအာင္လို႔ အကာအကြယ္ေတြကို ဖယ္ခိုင္းတာ’’ဟု ၎က ဆက္ လက္ေျပာသည္။

တကၠစီယာဥ္မ်ားအေနျဖင့္ ဇန္နဝါရီလကုန္ထိ စီးတီးတကၠစီ အျဖစ္ မွတ္ပံုတင္ျခင္း၊ သက္တမ္း တိုးျခင္းမေဆာင္ရြက္ပါက လုပ္ ငန္းလိုင္စင္ဖ်က္သိမ္းသည္အထိ အေရးယူမည္ဟုလည္း ရန္ကုန္ တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္ အဖြဲ႕ (YRTA)က ဇန္နဝါရီ ၃၀ ရက္ တြင္ အစိုးရပိုင္သတင္းစာမ်ား၌ အသိေပးေၾကညာထားသည္။

စီးတီးတကၠစီမွတ္ပံုတင္ႏွင့္ သက္တမ္းတိုးသည့္ကားအစီးေရ မ်ားျပားသျဖင့္ မွတ္ပံုတင္ ေနာက္ဆံုးျပဳလုပ္ရန္  ယခင္က သတ္မွတ္ထားသည့္ ၂၀၁၇ ဒီဇင္ဘာအစား ၂၀၁၈ ဇန္နဝါရီ ၃၁ ရက္အထိ တစ္လတိုးျမႇင့္သတ္မွတ္ေၾကာင္း ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
တက္ကစီယာဉ်များတွင် တပ်ဆင်းထားသော စတစ်ကာ များ၊ လိုက်ကာများကို ဖယ်ရှား ရန်နှင့် လိုက်နာမှုမရှိပါက လုပ်ငန်း လိုင်စင်ဖျက်သိမ်းသည်အထိ အ ရေးယူမည်ဟု ရန်ကုန်တိုင်းဒေသ ကြီးယာဉ်စည်းကမ်းထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီက သတိ ပေးချက်ထုတ်ပြန်သည်။

စတစ်ကာနှင့် လိုက်ကာများ ကို အကာအကွယ်ယူ၍ ဒုစရိုက်မှု ကျူးလွန်ခြင်းများ ဖြစ်ပေါ်နေ၍ ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး အရေးယူ ခြင်းကို ဖေဖော်ဝါရီ ၁ ရက်၌ စ တင်မည်ဟု ထုတ်ပြန်ထားသည်။

စတစ်ကာနှင့် လိုက်ကာများ အပြင် လေစုပ်ခွက်များနှင့် ကြော် ငြာများတပ်ဆင်ခြင်း၊ ကပ်ထား ခြင်းကိုလည်း အမြန်ဆုံးဖယ်ရှား  ရမည်ဟု ယာဉ်စည်းကမ်း ထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

စတစ်ကာကပ်ခြင်းကို တက္ကစီများသာမက အခြားယာဉ်များ ကိုပါ ကန့်သတ်ထားပြီး ယခုအခါစည်းကမ်း ပြန်လည်တင်းကျပ် ခြင်းဖြစ်ကြောင်း Hello Cab တက္ကစီလုပ်ငန်းပိုင်ရှင် ဦးအောင် ဝင်းက ပြောသည်။

‘‘ရာဇဝတ်မှုတွေ ဖြစ်လာနိုင် တာကို တားဖို့ အထောက်အကူ ဖြစ်မှာပါ။ ကားထဲမှာ ဘာဖြစ်နေ တယ်ဆိုတာ။ အပြင်က မြင်ရ အောင်လို့ အကာအကွယ်တွေကို ဖယ်ခိုင်းတာ’’ဟု ၎င်းက ဆက် လက်ပြောသည်။

တက္ကစီယာဉ်များအနေဖြင့် ဇန်နဝါရီလကုန်ထိ စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်းမဆောင်ရွက်ပါက လုပ် ငန်းလိုင်စင်ဖျက်သိမ်းသည်အထိ အရေးယူမည်ဟုလည်း ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)က ဇန်နဝါရီ ၃၀ ရက် တွင် အစိုးရပိုင်သတင်းစာများ၌ အသိပေးကြေညာထားသည်။

စီးတီးတက္ကစီမှတ်ပုံတင်နှင့် သက်တမ်းတိုးသည့်ကားအစီးရေ များပြားသဖြင့် မှတ်ပုံတင် နောက်ဆုံးပြုလုပ်ရန်  ယခင်က သတ်မှတ်ထားသည့် ၂၀၁၇ ဒီဇင်ဘာအစား ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်အထိ တစ်လတိုးမြှင့်သတ်မှတ်ကြောင်း ကြေညာထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top