(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္ သံတြဲေလဆိပ္မွာ ကေလးငယ္ ၁ ဦးကို ေခၚေဆာင္သူ အမ်ဳိးသမီးတဦးအား ဖမ္းဆီးရမိခဲ့လို႔ အမႈဖြင့္အေရးယူစစ္ေဆးေနတယ္လို႔ အစိုးရ သတင္းထုတ္ျပန္ေရးေကာ္မတီက ထုတ္ျပန္ပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႔ဟာ ဒီဇင္ဘာ ၂၇ ရက္ မနက္ ၁၁ နာရီမွာ သံတြဲေလဆိပ္ကို ေရာက္လာတဲ့ ၿမိဳ႕သစ္ရပ္ကြက္ ပုဏၰားကၽြန္းၿမိဳ႕နယ္ေနသူ မမီမီေဌး(၃၀)ႏွစ္ နဲ႔ စစ္ေတြ ဒုကၡသည္စခန္းေန သားငယ္(ခ) ဟာမီဒူေရာ္ရွီး (၈)ႏွစ္ တို႔အား မသကၤာလို႔ ေခၚယူစစ္ေဆးခဲ့တာလို႔ဆိုပါတယ္။

စစ္ေဆးခ်က္အရ သံတြဲၿမိဳ႕နယ္ ဆင္ေခါင္း ေက်း႐ြာ ေန ဦးတင္သန္း(၄၉)ႏွစ္ ဟာ ကေလးငယ္ ၁ ဦးကို စစ္ေတြမွ ရန္ကုန္သုိ႔ ပို႔ေဆာင္ေပးပါက က်ပ္ ၁ သိန္း ေပးမယ္ဆိုၿပီး ဒီဇင္ဘာ ၂၆ ရက္က ႐ိုးမရာဇာ ခရီးသည္တင္ယာဥ္နဲ႔ စစ္ေတြၿမိဳ႕မွ သံတြဲၿမိဳ႕သို႔ ထြက္ခြာခဲ့ေၾကာင္း၊ သံတြဲေလဆိပ္သို႔ ေရာက္ရွိစဥ္ ဦးတင္သန္းက မမီမီေဌးနဲ႔ သားငယ္ တို႔အတြက္ ေလယာဥ္လက္မွတ္ ၂ ေစာင္ေပးခဲ့တာလုိ႔ဆုိပါတယ္။

မမီမီေဌးႏွင့္သားငယ္တို႔အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေနစဥ္ ဦးတင္သန္း တိမ္းေရွာင္သြားခဲ့ၿပီး အမႈႏွင့္သက္ဆိုင္သူ ၂ ဦးကို ဂ်ိေတၱာနယ္ေျမ ရဲစခန္းမွာ အမႈဖြင့္စစ္ေဆးေနတယ္လို႔ အစိုးရသတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

ဓာတ္ပံု-IC

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲလေဆိပ်မှာ ကလေးငယ် ၁ ဦးကို ခေါ်ဆောင်သူ အမျိုးသမီးတဦးအား ဖမ်းဆီးရမိခဲ့လို့ အမှုဖွင့်အရေးယူစစ်ဆေးနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၁ နာရီမှာ သံတွဲလေဆိပ်ကို ရောက်လာတဲ့ မြို့သစ်ရပ်ကွက် ပုဏ္ဏားကျွန်းမြို့နယ်နေသူ မမီမီဌေး(၃၀)နှစ် နဲ့ စစ်တွေ ဒုက္ခသည်စခန်းနေ သားငယ်(ခ) ဟာမီဒူရော်ရှီး (၈)နှစ် တို့အား မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တာလို့ဆိုပါတယ်။

စစ်ဆေးချက်အရ သံတွဲမြို့နယ် ဆင်ခေါင်း ကျေးရွာ နေ ဦးတင်သန်း(၄၉)နှစ် ဟာ ကလေးငယ် ၁ ဦးကို စစ်တွေမှ ရန်ကုန်သို့ ပို့ဆောင်ပေးပါက ကျပ် ၁ သိန်း ပေးမယ်ဆိုပြီး ဒီဇင်ဘာ ၂၆ ရက်က ရိုးမရာဇာ ခရီးသည်တင်ယာဉ်နဲ့ စစ်တွေမြို့မှ သံတွဲမြို့သို့ ထွက်ခွာခဲ့ကြောင်း၊ သံတွဲလေဆိပ်သို့ ရောက်ရှိစဉ် ဦးတင်သန်းက မမီမီဌေးနဲ့ သားငယ် တို့အတွက် လေယာဉ်လက်မှတ် ၂ စောင်ပေးခဲ့တာလို့ဆိုပါတယ်။

မမီမီဌေးနှင့်သားငယ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် ဦးတင်သန်း တိမ်းရှောင်သွားခဲ့ပြီး အမှုနှင့်သက်ဆိုင်သူ ၂ ဦးကို ဂျိတ္တောနယ်မြေ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ-IC

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top