မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ပုသိမ္ၿမိဳ႕၊ လင္းဝင္းႀကီးအုပ္စု၊ ေရသိုးကုန္းေက်း႐ြာတြင္ ေနထိုင္သည့္ ပုသိမ္တကၠသိုလ္ သခ်ၤာဌာနမွ စာေရးမတစ္ဦးျဖစ္သူ ေဒၚနီလာဝင္း (ခ) ေဒၚနီလာခိုင္ (အသက္ ၃၇) ႏွစ္မွာ ယမန္ေန႔က သူမ၏ေနအိမ္တြင္ သတ္ျဖတ္ျခင္း ခံခဲ့ရသည့္အတြက္ လူသတ္တရားခံဖမ္းမိႏိုင္ေရးအတြက္ ပုသိမ္ခ႐ိုင္ရဲတပ္ဖြဲ႕က ႀကိဳးပမ္းေနေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ ညေန ၆ နာရီခန႔္တြင္ ေရသိုးကုန္းေက်း႐ြာရွိ ေဒၚနီလာခိုင္ႏွင့္ ဖခင္ျဖစ္သူ ဦးေမာင္ပုတို႔ ၂ ဦးတည္း ေနထိုင္သည့္ေနအိမ္ အိမ္သာအတြင္း၌ သမီးျဖစ္သူ ေဒၚနီလာခိုင္ေသဆုံးေနေၾကာင္း ဖခင္ျဖစ္သူ ဦးေမာင္ပု၏ သတင္းေပးခ်က္အရ ပုသိမ္ၿမိဳ႕တဖက္ကမ္း သေဘၤာက်င္းရဲစခန္းမွ စခန္းမႉးႏွင့္ တပ္ဖြဲ႕ဝင္မ်ား သြားေရာက္စစ္ေဆးခဲ့ရာ ေဒၚနီလာခိုင္မွာ သူမ၏ေနအိမ္ အိမ္သာအတြင္း၌ ထိုးသြင္း႐ိုက္ႏွက္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဒၚနီလာခိုင္က ပုသိမ္တကၠသိုလ္ သခ်ၤာဌာနရဲ႕ စာေရးမတစ္ဦး ျဖစ္ပါတယ္။ သူ႔အိမ္မွာ ေနရင္း အသတ္ခံခဲ့ရတာ ျဖစ္တယ္။ အဲဒီအမႈကို ပုဒ္မ ၃၀၂ (လူသတ္မႈ) နဲ႔ အမႈဖြင့္လွစ္ၿပီး လူသတ္တရားခံဖမ္းဆီး ရမိေရး ႀကိဳးစားေဆာင္႐ြက္ေနပါတယ္”ဟု ပုသိမ္ၿမိဳ႕၊ သေဘၤာက်င္းနယ္ေျမရဲစခန္းမွ တာဝန္ရွိသူတဦးက ဧရာဝတီကို ေျပာသည္။

ေဒၚနီလာခိုင္မွာ သူမေနထိုင္သည့္ ေရသိုးကုန္းေက်း႐ြာရွိ အိမ္သာအတြင္း၌ ဦးေခါင္းတြင္ ထု႐ိုက္ဒဏ္ရာ၊ ေက်ာျပင္တြင္ ဓားခုတ္ဒဏ္ရာ၊ ညာဘက္ရင္အုံတြင္ ထိုးသြင္းဒဏ္ရာ၊ မ်က္ႏွာတြင္ ဓားျဖင့္ခုတ္ထစ္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနျခင္းျဖစ္ၿပီး အခင္းျဖစ္ေနရာတြင္ သစ္သားင႐ုတ္က်ည္ေပြ႕ တေခ်ာင္းႏွင့္ ဓားေျမာင္ အတိုတစ္ေခ်ာင္း ေတြ႕ရွိရေၾကာင္း၊ အဆိုပါလူသတ္မႈတရားခံမွာ မည္သူမွန္းမသိရဘဲ လြတ္ေျမာက္ေနသည့္ အတြက္ ပုသိမ္ခ႐ိုင္၊ ပုသိမ္ၿမိဳ႕နယ္ႏွင့္ သေဘၤာက်င္းနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းကာ သဲလြန္စမ်ားမွ တဆင့္ တရားခံကို စုံစမ္းေနေၾကာင္း သတင္းရရွိသည္။

ေဒၚနီလာခိုင္၏အေလာင္းကို ယမန္ေန႔ ညပိုင္းက လူမႈကူညီေရးအသင္းကားျဖင့္ ပုသိမ္ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကာ ရင္ခြဲစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ယေန႔ညေနပိုင္းတြင္ စစ္ေဆးမႈမ်ားၿပီးစီးသည့္အတြက္ အေလာင္းကို မိသားစုထံ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

“က်ေနာ္တို႔ သိရသေလာက္ ေဒၚနီလာခိုင္က ႐ုံးကေနျပန္ေရာက္ၿပီး ေရအိမ္ဝင္ေနတဲ့အခ်ိန္ ေအာ္သံတခ်က္ ၾကားလိုက္ရတဲ့အတြက္ သူ႔အေဖကေမးေတာ့ သမီးအိမ္သာတက္ေနတာပဲ ေျပာတယ္။ ဒါေပမယ့္ သူ႔အေဖက နားေလးေတာ့ ေယာက္်ားသံ၊ မိန္းမသံ မသဲကြဲဘူး။ အဲဒါနဲ႔ သူ႔အေဖက အျပင္ခဏသြားၿပီးျပန္လာေတာ့ အိမ္သာထဲမွာ ေသေနတာေတြ႕ရတာ။ ဘယ္သူသတ္သြားမွန္း မသိရဘူး။ လက္ရွိေတာ့ ပုသိမ္ခ႐ိုင္၊ ၿမိဳ႕နယ္နဲ႔ ဒုစ႐ိုက္ႏွိမ္နင္းေရးရဲတပ္ဖြဲ႕ေတြပါ ဝိုင္းဝန္းစုံစမ္းေနၾကတယ္”ဟု လင္းဝင္းႀကီးေက်း႐ြာအုပ္စု အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဌးေအာင္က ေျပာသည္။

ေဒၚနီလာခိုင္အသတ္ခံရမႈကို ပုသိမ္ၿမိဳ႕တဖက္ကမ္း သေဘၤာက်င္းရဲစခန္းတြင္ ျပစ္မႈနံပါတ္ ၁၇/၂၀၁၈ ၊ ပုဒ္မ ၃၀၂ (လူသတ္မႈ) ျဖင့္ အမႈဖြင့္လွစ္ကာ ရဲတပ္ဖြဲ႕မွ စုံစမ္းမႈမ်ားျပဳလုပ္ေနၿပီး လူသတ္မႈအတြက္ မသကၤာ သူတခ်ိဳ႕ကို ရဲတပ္ဖြဲ႕က ေမးျမန္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ပုသိမ်မြို့၊ လင်းဝင်းကြီးအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင် နေထိုင်သည့် ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေးမတစ်ဦးဖြစ်သူ ဒေါ်နီလာဝင်း (ခ) ဒေါ်နီလာခိုင် (အသက် ၃၇) နှစ်မှာ ယမန်နေ့က သူမ၏နေအိမ်တွင် သတ်ဖြတ်ခြင်း ခံခဲ့ရသည့်အတွက် လူသတ်တရားခံဖမ်းမိနိုင်ရေးအတွက် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရေသိုးကုန်းကျေးရွာရှိ ဒေါ်နီလာခိုင်နှင့် ဖခင်ဖြစ်သူ ဦးမောင်ပုတို့ ၂ ဦးတည်း နေထိုင်သည့်နေအိမ် အိမ်သာအတွင်း၌ သမီးဖြစ်သူ ဒေါ်နီလာခိုင်သေဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးမောင်ပု၏ သတင်းပေးချက်အရ ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်နီလာခိုင်မှာ သူမ၏နေအိမ် အိမ်သာအတွင်း၌ ထိုးသွင်းရိုက်နှက် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါ်နီလာခိုင်က ပုသိမ်တက္ကသိုလ် သင်္ချာဌာနရဲ့ စာရေးမတစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ နေရင်း အသတ်ခံခဲ့ရတာ ဖြစ်တယ်။ အဲဒီအမှုကို ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်လှစ်ပြီး လူသတ်တရားခံဖမ်းဆီး ရမိရေး ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ပုသိမ်မြို့၊ သင်္ဘောကျင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

ဒေါ်နီလာခိုင်မှာ သူမနေထိုင်သည့် ရေသိုးကုန်းကျေးရွာရှိ အိမ်သာအတွင်း၌ ဦးခေါင်းတွင် ထုရိုက်ဒဏ်ရာ၊ ကျောပြင်တွင် ဓားခုတ်ဒဏ်ရာ၊ ညာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ၊ မျက်နှာတွင် ဓားဖြင့်ခုတ်ထစ် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သစ်သားငရုတ်ကျည်ပွေ့ တချောင်းနှင့် ဓားမြောင် အတိုတစ်ချောင်း တွေ့ရှိရကြောင်း၊ အဆိုပါလူသတ်မှုတရားခံမှာ မည်သူမှန်းမသိရဘဲ လွတ်မြောက်နေသည့် အတွက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်နှင့် သင်္ဘောကျင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သဲလွန်စများမှ တဆင့် တရားခံကို စုံစမ်းနေကြောင်း သတင်းရရှိသည်။

ဒေါ်နီလာခိုင်၏အလောင်းကို ယမန်နေ့ ညပိုင်းက လူမှုကူညီရေးအသင်းကားဖြင့် ပုသိမ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် စစ်ဆေးမှုများပြီးစီးသည့်အတွက် အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ သိရသလောက် ဒေါ်နီလာခိုင်က ရုံးကနေပြန်ရောက်ပြီး ရေအိမ်ဝင်နေတဲ့အချိန် အော်သံတချက် ကြားလိုက်ရတဲ့အတွက် သူ့အဖေကမေးတော့ သမီးအိမ်သာတက်နေတာပဲ ပြောတယ်။ ဒါပေမယ့် သူ့အဖေက နားလေးတော့ ယောက်ျားသံ၊ မိန်းမသံ မသဲကွဲဘူး။ အဲဒါနဲ့ သူ့အဖေက အပြင်ခဏသွားပြီးပြန်လာတော့ အိမ်သာထဲမှာ သေနေတာတွေ့ရတာ။ ဘယ်သူသတ်သွားမှန်း မသိရဘူး။ လက်ရှိတော့ ပုသိမ်ခရိုင်၊ မြို့နယ်နဲ့ ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့တွေပါ ဝိုင်းဝန်းစုံစမ်းနေကြတယ်”ဟု လင်းဝင်းကြီးကျေးရွာအုပ်စု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

ဒေါ်နီလာခိုင်အသတ်ခံရမှုကို ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းတွင် ပြစ်မှုနံပါတ် ၁၇/၂၀၁၈ ၊ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ကာ ရဲတပ်ဖွဲ့မှ စုံစမ်းမှုများပြုလုပ်နေပြီး လူသတ်မှုအတွက် မသင်္ကာ သူတချို့ကို ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top