ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဇာတ္ပါဠိေတာ္တြင္ လာရွိေသာ မိန္းမပ်က္အဂၤါ(၂၅)ပါး

၁။ လင္ေယာက်္ား အရပ္တစ္ပါးသြားတာကုိ ခ်ီးမြမ္းတတ္ျခင္း။

၂။ အရပ္ေ၀းသြားေသာ လင္ေယာက်္ားအား အမွတ္မရတတ္ျခင္း။

၃။ လင္ျပန္ေရာက္လာသည္ကုိ မႏွစ္သက္ျခင္း။

၄။ လင္ေယာက်္ား ဂုဏ္ေက်းဇူးမဲ့ေအာင္ ေျပာဆုိတတ္ျခင္း။

၅။ လင္ေယာက်္ားအေပၚတြင္ ခ်ီးမြမ္းစကား မေျပာဆုိတတ္ျခင္း။

၆။ လင္ေယာက်္ားအေပၚတြင္ အက်ိဳးမဲ့ကုိသာ ျပဳတတ္ျခင္း။

၇။ လင္ေယာက်္ားအေပၚတြင္ အက်ိဳးရွိသည္ကုိ မျပဳတတ္ျခင္း။

၈။ လင္ေယာက်္ားအေပၚတြင္ ျပဳလုပ္ေပးရမည့္တာ၀န္ကုိ မျပဳလုပ္ေပးျခင္း။

၉။ လင္ေယာက်္ားအေပၚတြင္ မျပဳလုပ္ေပးသင့္တဲ့အမႈမ်ားသာ ျပဳလုပ္ေပးျခင္း။

၁၀။ အ၀တ္ကုိ ၿမဲစြာ၀တ္၍ အိပ္တတ္ျခင္း။

၁၁။ လင္ကုိ ေက်ာေပးအိပ္ျခင္း။အိပ္ရာခြဲအိပ္တတ္ၿခင္း

၁၂။ ကေျပာင္းကျပန္ အိပ္တတ္ျခင္း။

၁၃။ အသက္ရႈ ၾကမ္းတမ္းစြာ အိပ္တတ္ျခင္း။ညဥ့္နက္မွအိပ္တတ္ၿခင္း

၁၄။ လင္ေယာက်္ား စိတ္ဆႏၵကုိ ဆန္႔က်င့္ဘက္လုပ္ၿပီး စိတ္ဆင္းရဲေအာင္ ျပဳလုပ္တတ္ျခင္း။

၁၅။ က်င္ႀကီးက်င္ငယ္စြန္႔ရန္ ခဏခဏ သြားတတ္ျခင္း။

၁၆။ ေဖာက္ျပန္ေသာ အက်င့္ကုိ က်င့္တတ္ျခင္း။

၁၇။ က်န္းမာေရးေဖာက္ျပန္ခ်င္ေယာင္ ေဆာင္တတ္ျခင္း။

၁၈။ တျခားေယာက်္ားအသံကုိ နားစြင့္ၿပီး နားေထာင္တတ္ျခင္း။

၁၉။ လင္ေယာက်္ားရွာေဖြထားေသာ ပစၥည္းဥစၥာကုိ မတရားျဖဳန္းတီးပစ္တတ္ျခင္း။

၂၀။ တဏွာကာမစိတ္နဲ႔ အိမ္နီးခ်င္းေယာက်္ားမ်ားကုိ အကၽြမ္း၀င္တတ္ျခင္း။

၂၁။ အခ်ိန္အခါမဲ့တြင္ လင္ငယ္ရွာေဖြရန္ လမ္းတကာသုိ႔ ၀င္ထြက္သြားလာတတ္ျခင္း။

၂၂။ လင္ငယ္ေနၿပီး လင္ႀကီးေပၚတြင္ ရုိေသျခင္းမရွိဘဲ မေကာင္းႀကံတတ္ျခင္း။

၂၃။ အိမ္တံခါး၀တြင္ အၿမဲလုိလုိ ေနထုိင္တတ္ျခင္း။

၂၄။ ခႏၶာကုိယ္ အဂၤါႀကီးငယ္တုိ႔ကုိ ေဖာ္ျပတတ္ျခင္း။

၂၅။ အရပ္တကာ ေလွ်ာက္သြားတတ္ျခင္းတုိ႔
ျဖစ္ပါတယ္။

(မဟာကုဏာလဇာတ္၊ ဇာတကပါဠိေတာ္၊ ဒုတိယအုပ္၊ စာမ်က္ႏွာ(၁၂၁)
အခုေခတ္ကေတာ့ အြန္လိုင္းသံုးစြဲတတ္သူ မိန္းမပ်က္ေတြကေတာ့ (အမ်ိဳးေကာင္းသမီးေတြမပါဘူးေနာ္)

လင္ေယာကၤ်ားမသိတဲ့ တစ္ၿခားအေကာင့္တစ္ခုနဲ့ အြန္လိုင္းေပၚမွာ ခ်စ္သူလိုလို
လင္ငယ္လိုလို ထားတတ္ပီး အၿပင္မွာခ်ိန္းေတြ ့တတ္ၿခင္း၊မိဘေဆြ မ်ိဳမ်ားထံ
အလည္သြားမည္ဟုအေၾကာင္းၿပပီးလင္ေယာက်ားမသိေအာင္ ေဖာက္ၿပန္ေနၿခင္း၊
လင္ေယာက်ားမွ
ေဖာက္ၿပန္ေနသည္ကိုသိရွိသြားတဲ့အခါ အရွက္ကို ကာကြယ္သည့္အေနၿဖင့္
လင္ၾကီးၿဖစ္သူ၏ အၿပစ္မ်ားကို ရွာၾကံ၍ ပတ္ဝန္းက်င္မွာ မေကာင္းေၿပာပီး မိမိ အၿပစ္မ်ားကို ကာကြယ္တတ္ၿခင္း၊
အိမ္ေထာင္ေရးတည္ၿမဲေအာင္ မၾကိဳးစားေတာ့ပဲ မိမိ၏ေဖာက္ၿပန္ၿခင္းကိုသိရွိသြားေသာ
လင္ေယာက်ား၏ ရန္ရွာၿခင္းမွ ကင္းေဝးေအာင္
လင္ၾကီးအား ကြာရွင္းခြင့္ေတာင္းခံၿခင္း၊ ကြာရွင္းပီးေတာ့
အမ်ားနဲ႕သက္ဆိုင္တဲ့ အဖြဲ႕အစည္းတစ္ခုခုမွာ သူေတာ္ေကာင္းေယာင္ေဆာင္ေနတတ္ၿခင္း၊။

အိမ္ေထာင္သည္ဘ၀တြင္ ေယာက်္ားမိန္းမႏွစ္ဦးတုိ႔ မကြဲကြာေအာင္ ဘယ္လုိျပဳမႈေနထုိင္ရမလဲလုိ႔ ေမးထားတဲ့ေမးခြန္းကုိ မိန္းမသားဘက္က မိန္းမပ်က္အဂၤါမ်ားမွ ေရွာင္ၾကဥ္ႏုိင္ၿပီး ေယာက်္ားသားဘက္ကလည္း မိမိဇနီးမယားကုိ ေစာင့္ၾကည့္ကာ သတိေပးျပင္ဆင္ေပးႏုိင္ဖုိ႔ မိန္းမသားမ်ား ေရွာင္ၾကဥ္ရမဲ့ အခ်က္အလက္ေတြကုိ ေရးေပးလုိက္ပါတယ္။ မၾကာခင္ ေယာက်္ားသားမ်ားေရွာင္ၾကဥ္ရမဲ့ အခ်က္ေတြလည္း တင္ေပးပါဦးမယ္။

ဒီအခ်က္အလက္မ်ားကို ေရးသားေပးရျခင္းမွာ မိန္းမမ်ားကလည္း မိမိတုိ႔ ဒီအခ်က္ေတြထဲက ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနၿပီဆုိရင္ မိမိကုိယ္ကုိ မိန္းမပ်က္မျဖစ္ေအာင္ ေစာင့္ထိန္းႏုိင္ဖုိ႔၊ ေယာက်္ားမ်ားကလည္း မိမိဇနီးမယားဟာ မိန္းမပ်က္ ဟုတ္မဟုတ္ကုိ စိစစ္တတ္ၿပီး ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရွိေစလုိတဲ့ ေစတနာနဲ႔ ေရးသားေပးလုိက္တာပါ။

မိန္းမသားမ်ားကလည္း မိန္းမပ်က္ဘ၀မွ လြတ္ကင္းၾကကာ ေယာက်္ားသားမ်ားလည္း မိန္းမပ်က္မ်ားနဲ႔ ကင္းရွင္းၾကပါေစလုိ႔ ဆႏၵျပဳလ်က္….

အဓိကေတာ့ သူတျပန္ ကုိယ္တျပန္ မပုတ္ခတ္က်ေတာ့ အေကာင္းဆုံးျမင္တယ္
မိန္းမေတြ မေကာင္းဘူးေျပာရင္ ကုိယ္မိခင္ ႏွမ အမေတြ လဲ ပါသလုိျဖစ္ေနတယ္
ေယာက်ာ္းေတြမေကာင္းေျပာရင္လဲ ကုိယ့္အေဖ အကုိ ေမာင္ေတြပါ မွာပဲေပါ့ သူမ်ားမေကာင္းေျပာရင္ မိမိလဲ မေကာင္းတာနဲ ့ဧကန္မုခ် ညားတတ္တယ္ေနာ္ မိတ္ေဆြတုိ ့သူမ်ားမေကာင္းတာအသာထား
ကုိယ့္ကုိကုိယ္ လူေကာင္းျဖစ္ျပီးလား
ဆုိတာအရင္ျပန္ၾကည့္ပါ

” ေယာက်္ားဆုိရင္ ရွိအပ္ေသာ ဂုဏ္ ၆ ပါး ”

ခမာဂုဏ္ သည့္ခံျခင္း
ဇာဂရိနဂုဏ္ ႏူိးၾကားျခင္း
ဥ႒ာနဂုဏ္ လုံလဝိရိယရွိျခင္း
ဒယာဂုဏ္ သနားၾကင္နာျခင္း
သံဝိဘာဂဂုဏ္ ေဝဖန္ပုိင္းျခားတတ္ျခင္း
ကၠုဳကၡနဂုဏ္ အရာရာ၌ဆင္ျခင္းတတ္ျခင္း

” သိၾကားမင္းရွီခုိးျခင္းခံရေသာ ေယာက်္ားမ်ား ”

၁ ငါးပါးသီလျမဲသူ
၂ ရတနာ သုံးပါးဆည္းကပ္သူ
၃ ကုသုိလ္ေကာင္းမူျပဳသူ
၄ တရားအညီ သားမယားတုိ ့ကုိ လုပ္ေကြ်းသူ

” မိန္မျမတ္အဂၤ ါ ၈ ပါး ”

၁ ထမင္းစားျပီးေသာအခါ မိခင္ကဲ့သုိ႕ ့ျပဳစုတတ္ေသာမယား

၂ မိမိလင္အား ႏွစ္သက္မဖြယ္ရာ အဝတ္အစားတုိ ့ျဖင့္ ဆင္ယင္ေပးတတ္ေသာမယား

၃ ေဘးအႏၱရယ္နဲ ့ၾကံဳေတြ ့ေသာအခါ ႏွမကဲ့သုိ ့ရွက္ေၾကာက္ရုိေသတတ္ေသာမယား

၄ လင္ကုိပကတိအခါ၌ ေမာင္ႏွမကဲ့သုိ႕ ့ရွက္ေၾကာက္ရုိေသတတ္ေသာမယား

၅ လွပတင့္တယ္ ခ်စ္စဖြယ္ ျဖီးလိမ္းတတ္ေသာမယား

၆ လင္၏ လုိအင္မွန္သမွ်ကုိ သည္းခံႏူိင္ေသာမယား

၇ ကာမဂုဏ္ခံစားမူတြင္ လင္၏ေက်နပ္မူကုိ ႏွစ္သက္ေအာင္ျပဳစုတတ္ေသာမယား

၈ ကြ်န္ကဲ့သုိ ့သည္းခံ၍ လင္ကုိ လုပ္ေကြ်းတတ္ေသာမယား

ထုိမိန္းမကုိ ျမတ္၏ ဟူ၍ ပညာရွိတုိ ့ကဆုိကုန္၏ အျခားမဲ့၌ လည္း နတ္ျပည္၌ ျဖစ္ရာ၏ ။

ေလာကနိတိက်မ္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwelayoung

# Unicode Version ျဖင့္ ဖတ္ပါ #
ဇာတ်ပါဠိတော်တွင် လာရှိသော မိန်းမပျက်အင်္ဂါ(၂၅)ပါး

၁။ လင်ယောကျ်ား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။

၂။ အရပ်ဝေးသွားသော လင်ယောကျ်ားအား အမှတ်မရတတ်ခြင်း။

၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။

၄။ လင်ယောကျ်ား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။

၅။ လင်ယောကျ်ားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောကျ်ားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။

၇။ လင်ယောကျ်ားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။

၈။ လင်ယောကျ်ားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။

၉။ လင်ယောကျ်ားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။

၁၀။ အဝတ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။

၁၁။ လင်ကို ကျောပေးအိပ်ခြင်း။အိပ်ရာခွဲအိပ်တတ်ခြင်း

၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။

၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။ညဉ့်နက်မှအိပ်တတ်ခြင်း

၁၄။ လင်ယောကျ်ား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။

၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။

၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။

၁၈။ တခြားယောကျ်ားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။

၁၉။ လင်ယောကျ်ားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။

၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောကျ်ားများကို အကျွမ်းဝင်တတ်ခြင်း။

၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ဝင်ထွက်သွားလာတတ်ခြင်း။

၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။

၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။

၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။

၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့
ဖြစ်ပါတယ်။

(မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)
အခုခေတ်ကတော့ အွန်လိုင်းသုံးစွဲတတ်သူ မိန်းမပျက်တွေကတော့ (အမျိုးကောင်းသမီးတွေမပါဘူးနော်)

လင်ယောင်္ကျားမသိတဲ့ တစ်ခြားအကောင့်တစ်ခုနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူလိုလို
လင်ငယ်လိုလို ထားတတ်ပီး အပြင်မှာချိန်းတွေ့တတ်ခြင်း၊မိဘဆွေ မျိုများထံ
အလည်သွားမည်ဟုအကြောင်းပြပီးလင်ယောကျားမသိအောင် ဖောက်ပြန်နေခြင်း၊
လင်ယောကျားမှ
ဖောက်ပြန်နေသည်ကိုသိရှိသွားတဲ့အခါ အရှက်ကို ကာကွယ်သည့်အနေဖြင့်
လင်ကြီးဖြစ်သူ၏ အပြစ်များကို ရှာကြံ၍ ပတ်ဝန်းကျင်မှာ မကောင်းပြောပီး မိမိ အပြစ်များကို ကာကွယ်တတ်ခြင်း၊
အိမ်ထောင်ရေးတည်မြဲအောင် မကြိုးစားတော့ပဲ မိမိ၏ဖောက်ပြန်ခြင်းကိုသိရှိသွားသော
လင်ယောကျား၏ ရန်ရှာခြင်းမှ ကင်းဝေးအောင်
လင်ကြီးအား ကွာရှင်းခွင့်တောင်းခံခြင်း၊ ကွာရှင်းပီးတော့
အများနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုမှာ သူတော်ကောင်းယောင်ဆောင်နေတတ်ခြင်း၊။

အိမ်ထောင်သည်ဘဝတွင် ယောကျ်ားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲလို့ မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ယောကျ်ားသားဘက်ကလည်း မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့ မိန်းမသားများ ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။ မကြာခင် ယောကျ်ားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။

ဒီအချက်အလက်များကို ရေးသားပေးရခြင်းမှာ မိန်းမများကလည်း မိမိတို့ ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင် မိမိကိုယ်ကို မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောကျ်ားများကလည်း မိမိဇနီးမယားဟာ မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။

မိန်းမသားများကလည်း မိန်းမပျက်ဘဝမှ လွတ်ကင်းကြကာ ယောကျ်ားသားများလည်း မိန်းမပျက်များနဲ့ ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်….

အဓိကတော့ သူတပြန် ကိုယ်တပြန် မပုတ်ခတ်ကျတော့ အကောင်းဆုံးမြင်တယ်
မိန်းမတွေ မကောင်းဘူးပြောရင် ကိုယ်မိခင် နှမ အမတွေ လဲ ပါသလိုဖြစ်နေတယ်
ယောကျာ်းတွေမကောင်းပြောရင်လဲ ကိုယ့်အဖေ အကို မောင်တွေပါ မှာပဲပေါ့ သူများမကောင်းပြောရင် မိမိလဲ မကောင်းတာနဲ့ဧကန်မုချ ညားတတ်တယ်နော် မိတ်ဆွေတို့သူများမကောင်းတာအသာထား
ကိုယ့်ကိုကိုယ် လူကောင်းဖြစ်ပြီးလား
ဆိုတာအရင်ပြန်ကြည့်ပါ

” ယောကျ်ားဆိုရင် ရှိအပ်သော ဂုဏ် ၆ ပါး ”

ခမာဂုဏ် သည့်ခံခြင်း
ဇာဂရိနဂုဏ် နိူးကြားခြင်း
ဥဋ္ဌာနဂုဏ် လုံလဝိရိယရှိခြင်း
ဒယာဂုဏ် သနားကြင်နာခြင်း
သံဝိဘာဂဂုဏ် ဝေဖန်ပိုင်းခြားတတ်ခြင်း
က္ကုုက္ခနဂုဏ် အရာရာ၌ဆင်ခြင်းတတ်ခြင်း

” သိကြားမင်းရှီခိုးခြင်းခံရသော ယောကျ်ားများ ”

၁ ငါးပါးသီလမြဲသူ
၂ ရတနာ သုံးပါးဆည်းကပ်သူ
၃ ကုသိုလ်ကောင်းမူပြုသူ
၄ တရားအညီ သားမယားတို့ကို လုပ်ကျွေးသူ

” မိန်မမြတ်အင်္ဂ ါ ၈ ပါး ”

၁ ထမင်းစားပြီးသောအခါ မိခင်ကဲ့သို့ပြုစုတတ်သောမယား

၂ မိမိလင်အား နှစ်သက်မဖွယ်ရာ အဝတ်အစားတို့ဖြင့် ဆင်ယင်ပေးတတ်သောမယား

၃ ဘေးအန္တရယ်နဲ့ကြုံတွေ့သောအခါ နှမကဲ့သို့ရှက်ကြောက်ရိုသေတတ်သောမယား

၄ လင်ကိုပကတိအခါ၌ မောင်နှမကဲ့သို့ရှက်ကြောက်ရိုသေတတ်သောမယား

၅ လှပတင့်တယ် ချစ်စဖွယ် ဖြီးလိမ်းတတ်သောမယား

၆ လင်၏ လိုအင်မှန်သမျှကို သည်းခံနိူင်သောမယား

၇ ကာမဂုဏ်ခံစားမူတွင် လင်၏ကျေနပ်မူကို နှစ်သက်အောင်ပြုစုတတ်သောမယား

၈ ကျွန်ကဲ့သို့သည်းခံ၍ လင်ကို လုပ်ကျွေးတတ်သောမယား

ထိုမိန်းမကို မြတ်၏ ဟူ၍ ပညာရှိတို့ကဆိုကုန်၏ အခြားမဲ့၌ လည်း နတ်ပြည်၌ ဖြစ်ရာ၏ ။

လောကနိတိကျမ်း

ဖိုးသူတော် (www.phothutaw.com)
Credit: shwelayoung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top