ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေရွ႕က... ေရာဟနရြာ လဲမႈိ႕ကုန္သည္မွာ ဒတၳမည္တဲ့ ႏြားလားၾကီးတစ္ေကာင္ရွိတယ္။ ဒီႏြားၾကီးဟာ အျခား ႏြားတစ္ေကာင္နဲ႕ တြဲျပီး လဲမႈိ႕ လွည္းၾကီးကို ရုန္းကာ သူ႕သခင္ကို အလုပ္ေကြၽးျပဳခဲ့ရွာတယ္။ တစ္ေန႕မွာ ထံုးစံအတိုင္း လဲမႈိ႕အေရာင္းထြက္ၾကရာ ရြာအနီး ရႊံႏြံဗြက္ၾကီးအတြင္း ဒတၳၾကီးခမ်ာ နစ္ျမဳပ္သြားေတာ့တယ္။ ေခ်ာ့လိုက္ေျခာက္လိုက္နဲ႕ ရုန္းခိုင္းေပမဲ့ ဘယ္လိုမွ မရုန္းနိုင္ရွာပါဘူး။ ကုန္သည္ၾကီးကေတာ့ အမ်ိဳးမ်ိဳး ဆဲေရးတိုင္းထြာ ရိုက္ႏွက္ ၍ ဒတၳၾကီးကို ရႊံႏြံထဲပစ္ထားလ်က္က အျခားေသာႏြားတစ္ေကာင္ကို အစားထိုးလ်က္ ခရီးဆက္သြား ေလတယ္။

ဒတၳၾကီးခမ်ာ အေမာေဖာက္ေနရာက မေသရံု အားသြင္းလ်က္ အသက္ကိုမွ်ဥ္းမွ်ဥ္းရွဳကာ ရႊံဗြက္ထဲ ၀ပ္ေနရွာပါတယ္။ ဒါကိုသိတဲ့ အိုးကုန္သည္ၾကီးက အိုးလုပ္ရာမွာ ေအာက္ခံဖ်ာအျဖစ္ အသံုးျပဳဖို႕ ဒတၳၾကီးရဲ႕ သားေရေတြကို အရွင္လတ္လတ္ ခြာလွီးယူသြားပါေတာ့တယ္။ ဒီသတင္းၾကားတဲ့ေစာင္းသမားေလးက ေစာင္းၾကိဳး လုပ္ဖို႕ဆိုျပီး ေသြးသံရဲရဲႏြားၾကီးရဲ႕ အသားထဲက အေၾကာအမွ်င္ေလးေတြကို ဓားနဲ႕ခြဲျပီး ဆြဲထုတ္ယူသြားျပန္ပါတယ္။ မုဆိုးၾကီးတစ္ဦးကလည္း သူ႕ေခြးေတြ အားျပည့္ေစဖို႕ ႏြားၾကီးရဲ႕ ေပါင္သားေတြလွီးကာ ေကြၽးေမြးျပန္သတဲ့။

ႏြားၾကီးဒတၳ မေသမွကပင္ ေလာကငရဲခံေနရရွာပါတယ္။ အဲဒီ အခ်ိန္မွာ ကိဋိဂီရိေတာင္ကေန စူဠတိႆမေထရ္ ဟာ မျမင္ရက္၊ ကရုဏာသက္ေလသျဖင့္ သပိတ္ျဖင့္ ေရကိုယူကာ တိုက္ေကြၽးရွာတယ္။ ႏြားၾကီးအေမာသက္သာလာခ်ိန္မွာေတာ့....

ဗုဒၶံ သရဏံ ဂစၦာမိ
ဓမၼံ သရဏံ ဂစၦာမိ
သံဃံ သရဏံ ဂစၦာမိ

ရြတ္ဖတ္ေပးျပန္ပါတယ္။ ႏြားၾကီး ဟာ စူဠတိႆမေထရ္ သရဏဂံု ရြတ္ဖတ္ေနသံကို နာခံလ်က္ စုေတသြားေတာ့ရာ တာ၀တိ ံသာနတ္ျပည္မွာ နတ္သားဘ၀ ေရာက္သြားပါေတာ့သတဲ့။

နတ္ျဖစ္သြားတာနဲ႕ မိမိ ဘယ္ဘ၀ကလာခဲ့သလဲ၊ ဘာေၾကာင့္ နတ္ဘ၀ရသလဲဆိုတာ စဥ္းစားကာ နတ္မ်က္စိနဲ႕ၾကည့္လိုက္ေတာ့...

လူျပည္မွာ သူ႕အေလာင္းၾကီးကို ေခြးစား၊ က်ီးစားရွိေနဆဲကို ျမင္ရတယ္။ရႊံႏြံဗြက္ထဲ နစ္တာကအစ အိုးသည္၊ ေစာင္းသမား၊ မုဆိုးတို႕ ႏွိပ္စက္ၾကပံုအလယ္၊ စူဠတိႆမေထရ္ ကယ္တင္ပံုအဆံုး အလံုးစံုျပန္ျမင္လာတယ္။ ဒါနဲ႕ ညေရာက္ေတာ့ နတ္တို႕ရဲ႕ ကိုယ္ေရာင္ကိုယ္၀ါ ကို ထြန္းေတာက္ေစလ်က္က စူဠတိႆမေထရ္ကို သြားကန္ေတာ့တယ္။ မေထရ္က သိေပမယ့္ သင္ဘယ္သူလဲ အေမးရွိတယ္။

တပည့္ေတာ္ ႏြားဘ၀မွ ျဖစ္ရေသာ ဒတၳနတ္သားပါဘုရား....သင္ငါ့ထံ ဘာကိစၥ ငါ့ထံလာသလဲ

နတ္သားက အရွင္ဘုရား သနားသျဖင့္ ခ်ီးျမွင့္ေသာ သရဏဂံု စိတ္တည္သျဖင့္ တာ၀တိ ံသာေရာက္ခဲ့ပံု၊ အကယ္၍သာ သရဏဂံုသာ မက သီလပါ ခံယူခြင့္ပါလ်င္ အထက္ ယာမာ၊ တုသိတာ အထိ ေရာက္နိုင္ပါ၏ ဘုရားလို႕ ေလွ်ာက္ၾကားကာ ေပ်ာက္သြားပါေတာ့တယ္။

သရဏဂံုသံုးပါးရဲ႕ ဂုဏ္ေက်းဇူးဟာ လူကိုမဆိုထားနွင့္ ႏြားေသာ္မွ အကိ်ဳးခံစားခြင့္ရပံုကို သီဟိုဠ္ေခတ္ သာသနာ၀င္ဇာတ္လမ္းတစ္ပုဒ္က သက္ေသျပေနပါတယ္။ ဗုဒၶဘာသာ ၀င္မွန္သမွ်ကေတာ့ ၾသကာသတစ္ဘ၀လံုး ကန္ေတာ့ခ်ိဳးဆိုရာတြင္ သရဏဂံုေဆာက္တည္ျပီး သီလ ခံယူေလ့ရွိၾကပါတယ္။ သရဏဂံု ေဆာက္တည္တယ္ဆိုတာ တစ္ေန႕ တစ္ရက္၊ တစ္ထိုင္တည္း ကိစၥ မဟုတ္ပါဘူး။  တစ္သံသရာလံု း နိဗၺာန္ မေရာက္မခ်င္း သရဏဂံုပြားေနရမွာပါ။ထို႕ေၾကာင့္“ဘုရား, တရား, သံဃာ” ဟူေသာ သရဏဂံုသံုးပါးအား ဆည္းကပျ္ခင္းအား အစထား၍ တရားဓမၼတို႔ကို က်င့္ႀကံပြားမ်ားကာ နိဗၺာန္အား မ်က္ေမွာက္ျပဳႏိုင္ ေအာင္ၾကိဳးစားၾကပါစို႕လို႕တိုက္တြန္းရင္း ကုသိုလ္ယူပါတယ္။

ရႊင္လန္းခ်မ္းေျမ့ၾကပါေစ.........

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dhammasarpay

# Unicode Version ျဖင့္ ဖတ္ပါ #
ရှေ့က... ရောဟနရွာ လဲမှို့ကုန်သည်မှာ ဒတ္ထမည်တဲ့ နွားလားကြီးတစ်ကောင်ရှိတယ်။ ဒီနွားကြီးဟာ အခြား နွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့ လှည်းကြီးကို ရုန်းကာ သူ့သခင်ကို အလုပ်ကျွေးပြုခဲ့ရှာတယ်။ တစ်နေ့မှာ ထုံးစံအတိုင်း လဲမှို့အရောင်းထွက်ကြရာ ရွာအနီး ရွှံနွံဗွက်ကြီးအတွင်း ဒတ္ထကြီးခမျာ နစ်မြုပ်သွားတော့တယ်။ ချော့လိုက်ခြောက်လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင်ရှာပါဘူး။ ကုန်သည်ကြီးကတော့ အမျိုးမျိုး ဆဲရေးတိုင်းထွာ ရိုက်နှက် ၍ ဒတ္ထကြီးကို ရွှံနွံထဲပစ်ထားလျက်က အခြားသောနွားတစ်ကောင်ကို အစားထိုးလျက် ခရီးဆက်သွား လေတယ်။

ဒတ္ထကြီးခမျာ အမောဖောက်နေရာက မသေရုံ အားသွင်းလျက် အသက်ကိုမျှဉ်းမျှဉ်းရှုကာ ရွှံဗွက်ထဲ ဝပ်နေရှာပါတယ်။ ဒါကိုသိတဲ့ အိုးကုန်သည်ကြီးက အိုးလုပ်ရာမှာ အောက်ခံဖျာအဖြစ် အသုံးပြုဖို့ ဒတ္ထကြီးရဲ့ သားရေတွေကို အရှင်လတ်လတ် ခွာလှီးယူသွားပါတော့တယ်။ ဒီသတင်းကြားတဲ့စောင်းသမားလေးက စောင်းကြိုး လုပ်ဖို့ဆိုပြီး သွေးသံရဲရဲနွားကြီးရဲ့ အသားထဲက အကြောအမျှင်လေးတွေကို ဓားနဲ့ခွဲပြီး ဆွဲထုတ်ယူသွားပြန်ပါတယ်။ မုဆိုးကြီးတစ်ဦးကလည်း သူ့ခွေးတွေ အားပြည့်စေဖို့ နွားကြီးရဲ့ ပေါင်သားတွေလှီးကာ ကျွေးမွေးပြန်သတဲ့။

နွားကြီးဒတ္ထ မသေမှကပင် လောကငရဲခံနေရရှာပါတယ်။ အဲဒီ အချိန်မှာ ကိဋိဂီရိတောင်ကနေ စူဠတိဿမထေရ် ဟာ မမြင်ရက်၊ ကရုဏာသက်လေသဖြင့် သပိတ်ဖြင့် ရေကိုယူကာ တိုက်ကျွေးရှာတယ်။ နွားကြီးအမောသက်သာလာချိန်မှာတော့....

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ရွတ်ဖတ်ပေးပြန်ပါတယ်။ နွားကြီး ဟာ စူဠတိဿမထေရ် သရဏဂုံ ရွတ်ဖတ်နေသံကို နာခံလျက် စုတေသွားတော့ရာ တာဝတိ ံသာနတ်ပြည်မှာ နတ်သားဘ၀ ရောက်သွားပါတော့သတဲ့။

နတ်ဖြစ်သွားတာနဲ့ မိမိ ဘယ်ဘဝကလာခဲ့သလဲ၊ ဘာကြောင့် နတ်ဘဝရသလဲဆိုတာ စဉ်းစားကာ နတ်မျက်စိနဲ့ကြည့်လိုက်တော့...

လူပြည်မှာ သူ့အလောင်းကြီးကို ခွေးစား၊ ကျီးစားရှိနေဆဲကို မြင်ရတယ်။ရွှံနွံဗွက်ထဲ နစ်တာကအစ အိုးသည်၊ စောင်းသမား၊ မုဆိုးတို့ နှိပ်စက်ကြပုံအလယ်၊ စူဠတိဿမထေရ် ကယ်တင်ပုံအဆုံး အလုံးစုံပြန်မြင်လာတယ်။ ဒါနဲ့ ညရောက်တော့ နတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ ကို ထွန်းတောက်စေလျက်က စူဠတိဿမထေရ်ကို သွားကန်တော့တယ်။ မထေရ်က သိပေမယ့် သင်ဘယ်သူလဲ အမေးရှိတယ်။

တပည့်တော် နွားဘဝမှ ဖြစ်ရသော ဒတ္ထနတ်သားပါဘုရား....သင်ငါ့ထံ ဘာကိစ္စ ငါ့ထံလာသလဲ

နတ်သားက အရှင်ဘုရား သနားသဖြင့် ချီးမြှင့်သော သရဏဂုံ စိတ်တည်သဖြင့် တာဝတိ ံသာရောက်ခဲ့ပုံ၊ အကယ်၍သာ သရဏဂုံသာ မက သီလပါ ခံယူခွင့်ပါလျင် အထက် ယာမာ၊ တုသိတာ အထိ ရောက်နိုင်ပါ၏ ဘုရားလို့ လျှောက်ကြားကာ ပျောက်သွားပါတော့တယ်။

သရဏဂုံသုံးပါးရဲ့ ဂုဏ်ကျေးဇူးဟာ လူကိုမဆိုထားနှင့် နွားသော်မှ အကျိုးခံစားခွင့်ရပုံကို သီဟိုဠ်ခေတ် သာသနာဝင်ဇာတ်လမ်းတစ်ပုဒ်က သက်သေပြနေပါတယ်။ ဗုဒ္ဓဘာသာ ဝင်မှန်သမျှကတော့ သြကာသတစ်ဘဝလုံး ကန်တော့ချိုးဆိုရာတွင် သရဏဂုံဆောက်တည်ပြီး သီလ ခံယူလေ့ရှိကြပါတယ်။ သရဏဂုံ ဆောက်တည်တယ်ဆိုတာ တစ်နေ့ တစ်ရက်၊ တစ်ထိုင်တည်း ကိစ္စ မဟုတ်ပါဘူး။  တစ်သံသရာလုံ း နိဗ္ဗာန် မရောက်မချင်း သရဏဂုံပွားနေရမှာပါ။ထို့ကြောင့်“ဘုရား, တရား, သံဃာ” ဟူသော သရဏဂုံသုံးပါးအား ဆည်းကြပ်ခင်းအား အစထား၍ တရားဓမ္မတို့ကို ကျင့်ကြံပွားများကာ နိဗ္ဗာန်အား မျက်မှောက်ပြုနိုင် အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်း ကုသိုလ်ယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ.........

ဖိုးသူတော် (www.phothutaw.com)
Credit:dhammasarpay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top