iMyanmarHouse.com - Best Property Website for Myanmar
×

လူမႈကြန္ရက္စာမ်က္ႏွာေပၚ ဟာသဗီဒီယိုဖိုင္မ်ား တင္ခဲ့ရာမွ လူသိမ်ားၿပီး သ႐ုပ္ေဆာင္အျဖစ္ ေအာင္ျမင္မႈရလာခဲ့ေသာေအာင္ရဲေထြး အသတ္ခံရမႈမွ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ခဲ့သူဟုဆိုသည့္ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ယေန႔ (ဇန္နဝါရီလ ၃ ရက္) မြန္းလြဲပိုင္းက သဃၤန္းကြၽန္းၿမိဳနယ္ သုဝဏၰနယ္ေျမ ရဲစခန္းသို႔ လာေရာက္ အဖမ္းခံခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

“လာအဖမ္းခံရသူက သားႀကီး(ခ) သန္းထြဋ္ေအာင္ပါ။ သူ႔အုပ္ထိန္းသူေတြကိုယ္တိုင္ ရဲစခန္း လာအပ္ေပးခဲ့တာ။”ဟု ရဲအရာရွိက ေျပာၾကားသည္။

ဟာသ သ႐ုပ္ေဆာင္ ေအာင္ရဲေထြးမွာ ႏွစ္သစ္ကူးညက ၎၏ခ်စ္သူႏွင့္အတူ သုဝဏၰ၊ ေပၚဆန္းေမႊးလမ္းရွိ The One Entertainmet တြင္ ျပဳလုပ္သည့္ ပါတီပြဲသို႔ သြားေရာက္စဥ္ အမည္မသိ အမ်ိဳးသားအဖြဲ႕က ၎ကို ဝိုင္းထိုးႀကိတ္ ကန္ေက်ာက္ေနသျဖင့္ လုံၿခဳံေရးအဖြဲ႕မ်ားက ဝင္ဆြဲဟန႔္တားခဲ့ရေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။

“အခင္းမျဖစ္ခင္ လြန္ခဲ့တဲ့ ေလးရက္ေလာက္က ေအာင္ရဲေထြးနဲ႔ အခုျပစ္မႈက်ဴးလြန္သူေတြ The Brave Bar ကလပ္မွာ မီးျခစ္ ငွားတဲ့ကိစၥနဲ႔ ၿငိခဲ့ၾကဖူးတယ္။ ျပစ္မႈက်ဴးလြန္တဲ့အဖြဲ႕က ငါးေယာက္ မဟုတ္ဘူး။ သုံးေယာက္ထဲလို႔ ဖမ္းမိထားတဲ့တစ္ေယာက္က ထြက္ဆိုထားၿပီး ေအာင္ရဲေထြးကို သူတို႔အဖြဲ႕ ဝိုင္းထိုးႀကိတ္ကန္ေက်ာက္ေနခ်ိန္မွာ လုံၿခဳံေရးအဖြဲ႕က ဝင္ဆြဲခဲ့တယ္။ ဒဏ္ရာက သိပ္မျပင္းထန္ဘူးထင္လို႔ ျပစ္မႈက်ဴးလြန္တဲ့ သုံးေယာက္ကို လုံၿခဳံေရးက ျပန္လႊတ္ေပးလိုက္တာလို႔ သိရတယ္။”ဟု ရဲအရာရွိက ရွင္းျပသည္။

ဦးေခါင္းခြံ ေၾကမြဒဏ္ရာရခဲ့ေသာ အသက္ ၂၄ ႏွစ္ ေအာင္ရဲေထြးမွာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူခဲ့ၿပီး ဇန္နဝါရီလ ၂ ရက္ မြန္းလြဲ ၃ နာရီက ေသဆုံးသြားေသာေၾကာင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰနယ္ေျမ ရဲစခန္းမွ နာက်င္မႈပုဒ္မအစား လူသတ္မႈ ပုဒ္မ ၃၀၂ သို႔ ေျပာင္းလဲအမႈဖြင့္၍ အေရးယူထားၿပီး ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္သူမ်ားကို ထပ္မံ ေဖာ္ထုတ္ အေရးယူႏိုင္ရန္ စုံစမ္းေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ေသဆုံးသူ ေအာင္ရဲေထြးမွာ ဒါ႐ိုက္တာ ဂ်ိဳး ႐ိုက္ကူးသည့္ ဒိုင္ယာရီဇာတ္ကားတြင္ သ႐ုပ္ေဆာင္ ႏိုင္ႏိုင္း၊ ေမျမတ္ႏိုးတု႔ိႏွင့္အတူ ေနာက္ဆုံးအေနျဖင့္ ၎မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပါတီပြဲတြင္ လူတစ္စု၏ ဝိုင္းထိုးႀကိတ္ ကန္ေက်ာက္မႈေၾကာင့္ ေသဆုံးခဲ့သူ ေအာင္ရဲေထြး၏ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယေန႔ ညေန ၅ နာရီတြင္ ၎၏က်န္ရစ္သူ မိသားစုက မီဒီယာမ်ားႏွင့္ေတြ႕ဆုံၿပီး သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

# Unicode Version ျဖင့္ ဖတ္ပါ #
လူမှုကွန်ရက်စာမျက်နှာပေါ် ဟာသဗီဒီယိုဖိုင်များ တင်ခဲ့ရာမှ လူသိများပြီး သရုပ်ဆောင်အဖြစ် အောင်မြင်မှုရလာခဲ့သောအောင်ရဲထွေး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူဟုဆိုသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီလ ၃ ရက်) မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြိုနယ် သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“လာအဖမ်းခံရသူက သားကြီး(ခ) သန်းထွဋ်အောင်ပါ။ သူ့အုပ်ထိန်းသူတွေကိုယ်တိုင် ရဲစခန်း လာအပ်ပေးခဲ့တာ။”ဟု ရဲအရာရှိက ပြောကြားသည်။

ဟာသ သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညက ၎င်း၏ချစ်သူနှင့်အတူ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainmet တွင် ပြုလုပ်သည့် ပါတီပွဲသို့ သွားရောက်စဉ် အမည်မသိ အမျိုးသားအဖွဲ့က ၎င်းကို ဝိုင်းထိုးကြိတ် ကန်ကျောက်နေသဖြင့် လုံခြုံရေးအဖွဲ့များက ဝင်ဆွဲဟန့်တားခဲ့ရကြောင်း စစ်ဆေးချက်အရ သိရသည်။

“အခင်းမဖြစ်ခင် လွန်ခဲ့တဲ့ လေးရက်လောက်က အောင်ရဲထွေးနဲ့ အခုပြစ်မှုကျူးလွန်သူတွေ The Brave Bar ကလပ်မှာ မီးခြစ် ငှားတဲ့ကိစ္စနဲ့ ငြိခဲ့ကြဖူးတယ်။ ပြစ်မှုကျူးလွန်တဲ့အဖွဲ့က ငါးယောက် မဟုတ်ဘူး။ သုံးယောက်ထဲလို့ ဖမ်းမိထားတဲ့တစ်ယောက်က ထွက်ဆိုထားပြီး အောင်ရဲထွေးကို သူတို့အဖွဲ့ ဝိုင်းထိုးကြိတ်ကန်ကျောက်နေချိန်မှာ လုံခြုံရေးအဖွဲ့က ဝင်ဆွဲခဲ့တယ်။ ဒဏ်ရာက သိပ်မပြင်းထန်ဘူးထင်လို့ ပြစ်မှုကျူးလွန်တဲ့ သုံးယောက်ကို လုံခြုံရေးက ပြန်လွှတ်ပေးလိုက်တာလို့ သိရတယ်။”ဟု ရဲအရာရှိက ရှင်းပြသည်။

ဦးခေါင်းခွံ ကြေမွဒဏ်ရာရခဲ့သော အသက် ၂၄ နှစ် အောင်ရဲထွေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ပြီး ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၃ နာရီက သေဆုံးသွားသောကြောင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းမှ နာကျင်မှုပုဒ်မအစား လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်၍ အရေးယူထားပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများကို ထပ်မံ ဖော်ထုတ် အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အောင်ရဲထွေးမှာ ဒါရိုက်တာ ဂျိုး ရိုက်ကူးသည့် ဒိုင်ယာရီဇာတ်ကားတွင် သရုပ်ဆောင် နိုင်နိုင်း၊ မေမြတ်နိုးတု့ိနှင့်အတူ နောက်ဆုံးအနေဖြင့် ၎င်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပါတီပွဲတွင် လူတစ်စု၏ ဝိုင်းထိုးကြိတ် ကန်ကျောက်မှုကြောင့် သေဆုံးခဲ့သူ အောင်ရဲထွေး၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ညနေ ၅ နာရီတွင် ၎င်း၏ကျန်ရစ်သူ မိသားစုက မီဒီယာများနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top