န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အဲဒီေန႔မွာအမွတ္တမဲ့သာေနလိုက္မယ္ဆိုရင္ေတာ့တကယ့္ကိုအံ့ၾသမွင္သက္စရာျမင္ကြင္းတစ္ခုကိုမေတြ႕လိုက္ရတဲ့ကမၻာျဂိဳဟ္သားတစ္စုထဲမွာသင္ပါ၀င္သြားမွာပါ။

ဘယ္လိုျမင္ကြင္းမ်ိဳးျဖစ္လာမလဲဆိုတာကိုပရိသတ္ႀကီးဆက္ျပီးၾကည့္လိုက္ၾကရေအာင္လား..

အခုလာမယ့္ဇန္န၀ါရီ(၃၁) ဟာကြ်န္ေတာ္တို႔ကမၻာရဲ႕အရံျဂိဳဟ္ျဖစ္တဲ့လနဲ႔ပတ္သက္ျပီးအ့ံၾသဖြယ္ရာအေၾကာင္း(၃)ခုတျပိဳင္နက္ျဖစ္ေပၚမယ့္ေန႔ပဲျဖစ္ပါတယ္။ႏွစ္ေပါင္း၁၅၀အတြင္းမွာပထမဆံုးအၾကိမ္အေနနဲ႔အျပာေရာင္၊အနီေရာင္ေတြသန္းေနျပီးပံုမွန္ထက္အရြယ္ပိုၾကီးမားတဲ့လကိုျမင္ေတြ႔ၾကရမွာပါ။

လကိုဘာေၾကာင့္အျပာေရာင္ေရာအနီေရာင္နဲ႔ပါေတြ႔ရမလဲ၊ဘာလို႔ပိုၾကီးတဲ့အရြယ္အစားနဲ႔ျမင္ရမလဲဆိုတဲ့ေမးခြန္းေတြစာဖတ္ေနရင္းေပၚလာၾကျပီထင္ပါတယ္။အေၾကာင္းရင္းေတြကေတာ့….
အဲဒီေန႔မွာ-

(၁)အဲဒီေန႔မွာေတာ့လဟာကမၻာနဲ႔၂၂၃၀၆၈မိုင္(၃၅၈၉၉၄ကီလိုမီတာ)အကြာကိုေရာက္ရိွလာမွာမို႔အရင္ကထက္၁၄%ေလာက္ပိုမိုေတာက္ပျပီးပိုမိုၾကီးမားေနတာကိုေတြ႔ရမွာပါ။လနဲ႔ကမၻာဟာပံုမွန္အားျဖင့္၂၃၈၈၅၅မိုင္(၃၈၄၄၀၀ကီလိုမီတာ)ေ၀းကြာပါတယ္။

(၂)ျပာလဲ့လဲ့လ(bluemoon)လို႔သိၾကတဲ့ဒုတိယအၾကိမ္လျပည့္ျဖစ္မွာပါ။

ဒါဟာတျခားလ(month)ေတြနဲ႔ဘာမွမျခားတဲ့ကိစၥသာျဖစ္ျပီးျပကၡဒိန္မွာပါတဲ့တိုက္ဆိုင္မႈတစ္ခုသာျဖစ္ပါတယ္။အျပာေရာင္သန္းေနတဲ့လကိုေတြ႔ၾကရမယ့္အခ်က္ပါ။

၃။လဟာကမၻာရဲ႕အရိပ္ေအာက္ကေနျဖတ္သြားမွာျဖစ္လို႔ကမၻာေပၚကေဒသတခ်ိဳ႕မွာဆိုရင္ေတာ့လအျပည့္ၾကတ္တာကိုျမင္ရမွာပါ။လၾကတ္ေနခ်ိန္ေနဆီကအလင္းေရာင္ကလေပၚကိုက်ေနမွာျဖစ္တာေၾကာင့္နီေစြးေစြးအေရာင္ရိွေနတဲ့လကိုအထူးျခားဆံုးအျဖစ္ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။

၀မ္းသာစရာသတင္းကတစ္သက္မွာတစ္ခါသာၾကံဳရတဲ့ဒီအျဖစ္အပ်က္ကိုတိုက္ရိုက္ျမင္ေတြ႔ႏိုင္တဲ့ႏိုင္ငံေတြထဲမွာျမန္မာႏိုင္ငံလည္းပါ၀င္ေနတာပါပဲ။

ဥေရာပႏိုင္ငံေတြအေနနဲ႔ေတာ့အြန္လိုင္းကေနသာၾကည့္ရွုလို႔ရမွာျဖစ္ပါတယ္။ျမန္မာႏိုင္ငံရဲ႕တိုင္းနဲ႔ျပည္နယ္ျမိဳ႕ၾကီးေတြကေနကေနျမင္ေတြ႕ရမယ့္ျမင္ကြင္းအေျခအေနနဲ႔ၾကာျမင့္ခ်ိန္စတဲ့အခ်က္အလက္အတိအက်ကိုေတြကိုေအာက္ပါပံုေတြနဲ႔ေဖာ္ျပေပးလိုက္ပါတယ္။


အြန္လိုင္းကေနတိုက္ရိုက္ၾကည့္ရွုလိုသူေတြကေတာ့ NASA TV’s live feed နဲ႔ Griffith Observatory in Los Angelesကေနၾကည့္ရွုႏိုင္ေၾကာင္းေဖာ္ျပလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  သီဟ(MyanmarNote

#Unicode Version#
အဲဒီနေ့မှာအမှတ်တမဲ့သာနေလိုက်မယ်ဆိုရင်တော့တကယ့်ကိုအံ့သြမှင်သက်စရာမြင်ကွင်းတစ်ခုကိုမတွေ့လိုက်ရတဲ့ကမ္ဘာဂြိုဟ်သားတစ်စုထဲမှာသင်ပါဝင်သွားမှာပါ။

ဘယ်လိုမြင်ကွင်းမျိုးဖြစ်လာမလဲဆိုတာကိုပရိသတ်ကြီးဆက်ပြီးကြည့်လိုက်ကြရအောင်လား..

အခုလာမယ့်ဇန်နဝါရီ(၃၁) ဟာကျွန်တော်တို့ကမ္ဘာရဲ့အရံဂြိုဟ်ဖြစ်တဲ့လနဲ့ပတ်သက်ပြီးအံ့သြဖွယ်ရာအကြောင်း(၃)ခုတပြိုင်နက်ဖြစ်ပေါ်မယ့်နေ့ပဲဖြစ်ပါတယ်။နှစ်ပေါင်း၁၅၀အတွင်းမှာပထမဆုံးအကြိမ်အနေနဲ့အပြာရောင်၊အနီရောင်တွေသန်းနေပြီးပုံမှန်ထက်အရွယ်ပိုကြီးမားတဲ့လကိုမြင်တွေ့ကြရမှာပါ။

လကိုဘာကြောင့်အပြာရောင်ရောအနီရောင်နဲ့ပါတွေ့ရမလဲ၊ဘာလို့ပိုကြီးတဲ့အရွယ်အစားနဲ့မြင်ရမလဲဆိုတဲ့မေးခွန်းတွေစာဖတ်နေရင်းပေါ်လာကြပြီထင်ပါတယ်။အကြောင်းရင်းတွေကတော့….
အဲဒီနေ့မှာ-

(၁)အဲဒီနေ့မှာတော့လဟာကမ္ဘာနဲ့၂၂၃၀၆၈မိုင်(၃၅၈၉၉၄ကီလိုမီတာ)အကွာကိုရောက်ရှိလာမှာမို့အရင်ကထက်၁၄%လောက်ပိုမိုတောက်ပပြီးပိုမိုကြီးမားနေတာကိုတွေ့ရမှာပါ။လနဲ့ကမ္ဘာဟာပုံမှန်အားဖြင့်၂၃၈၈၅၅မိုင်(၃၈၄၄၀၀ကီလိုမီတာ)ဝေးကွာပါတယ်။

(၂)ပြာလဲ့လဲ့လ(bluemoon)လို့သိကြတဲ့ဒုတိယအကြိမ်လပြည့်ဖြစ်မှာပါ။

ဒါဟာတခြားလ(month)တွေနဲ့ဘာမှမခြားတဲ့ကိစ္စသာဖြစ်ပြီးပြက္ခဒိန်မှာပါတဲ့တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါတယ်။အပြာရောင်သန်းနေတဲ့လကိုတွေ့ကြရမယ့်အချက်ပါ။

၃။လဟာကမ္ဘာရဲ့အရိပ်အောက်ကနေဖြတ်သွားမှာဖြစ်လို့ကမ္ဘာပေါ်ကဒေသတချို့မှာဆိုရင်တော့လအပြည့်ကြတ်တာကိုမြင်ရမှာပါ။လကြတ်နေချိန်နေဆီကအလင်းရောင်ကလပေါ်ကိုကျနေမှာဖြစ်တာကြောင့်နီစွေးစွေးအရောင်ရှိနေတဲ့လကိုအထူးခြားဆုံးအဖြစ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဝမ်းသာစရာသတင်းကတစ်သက်မှာတစ်ခါသာကြုံရတဲ့ဒီအဖြစ်အပျက်ကိုတိုက်ရိုက်မြင်တွေ့နိုင်တဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံလည်းပါဝင်နေတာပါပဲ။

ဥရောပနိုင်ငံတွေအနေနဲ့တော့အွန်လိုင်းကနေသာကြည့်ရှုလို့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့တိုင်းနဲ့ပြည်နယ်မြို့ကြီးတွေကနေကနေမြင်တွေ့ရမယ့်မြင်ကွင်းအခြေအနေနဲ့ကြာမြင့်ချိန်စတဲ့အချက်အလက်အတိအကျကိုတွေကိုအောက်ပါပုံတွေနဲ့ဖော်ပြပေးလိုက်ပါတယ်။


အွန်လိုင်းကနေတိုက်ရိုက်ကြည့်ရှုလိုသူတွေကတော့ NASA TV’s live feed နဲ့ Griffith Observatory in Los Angelesကနေကြည့်ရှုနိုင်ကြောင်းဖော်ပြလိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  သီဟ(MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top