ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဂ်ပန္လယ္သမားႀကီးမွာေတာ့ ေဒၚလာသန္းခ်ီတန္ McLaren P1 ၿပိဳင္ကားတစ္စီးဝယ္ယူၿပီး လယ္ႏွင့္အိမ္သို႔ အသြားအျပန္လုပ္ကာ ကမၻာေက်ာ္ၿပိဳင္ကား စီးနိုင္ေၾကာင္းကို သက္ေသျပလိုက္ပါၿပီ။

McLaren P1 ၿပိဳင္ကားဆိုတာ ၿဗိတိန္ထုတ္ အေကာင္းဆုံး ၿပိဳင္ကားထဲက တစ္စီးျဖစ္ၿပီး ေတာ္႐ုံခ်မ္းသာတဲ့ လူေတာင္ အနားမကပ္နိုင္တဲ့ စူပါထက္ျမင့္တဲ့ ဟိုက္ပါၿပိဳင္ကားတစ္စီးပါ။ ေစ်းႏွုန္းအတိအက်ဆိုရင္ ေဒၚလာ 1.2 သန္း တန္ေက်းရွိၿပီး အခြန္အခေတြထပ္ေပါင္းရင္ တန္ေၾကးအေတာ့္ကို ျမင့္မားသြားမွာပါ။

P1 ဟိုက္ပါမွာ တစ္ကမၻာလုံးတြင္ အစီးေရ 375 စီးသာ ကန္႔သတ္ထုတ္လုပ္ထားၿပီး အျမင့္ဆုံးျမန္ႏွုန္း တစ္နာရီကို 221 မိုင္ထိ ေမာင္းႏွင္နိုင္ပါတယ္။ ဟိုက္ဘရစ္စြမ္းအား ေပါင္းစပ္ထားၿပီး ႏွစ္ခုေပါင္းစြမ္းအားမွ အျမင့္ဆုံး ျမင္းေကာင္ေရအား 903 HP ေပးစြမ္းနိုင္ကာ တစ္နာရီမိုင္ေျခာက္ဆယ္ႏွုန္းကို 3.2 စကၠန္႔ တည္းျဖင့္ တာထြက္နိုင္ပါတယ္။

လယ္ထဲႏွင့္ ဟိုက္ပါၿပိဳင္ကားမွာ သိပ္မလိုက္ဖက္ေပမယ့္ လယ္သမားခမ်ာ စီးခ်င္တဲ့အာသီသေၾကာင့္ ဝယ္ယူခဲ့ၿပီး လယ္ထဲသို႔အသြားအျပန္ လုပ္ေနတာေၾကာင့္ ဂ်ပန္မီဒီယာေတြၾကားမွာ အုပ္ေအာေသာင္းနင္းမွု ျဖစ္သြားခဲ့တယ္လို႔ သိရပါတယ္။

Ref : gtspirit
Colay Automobile

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ဂျပန်လယ်သမားကြီးမှာတော့ ဒေါ်လာသန်းချီတန် McLaren P1 ပြိုင်ကားတစ်စီးဝယ်ယူပြီး လယ်နှင့်အိမ်သို့ အသွားအပြန်လုပ်ကာ ကမ္ဘာကျော်ပြိုင်ကား စီးနိုင်ကြောင်းကို သက်သေပြလိုက်ပါပြီ။

McLaren P1 ပြိုင်ကားဆိုတာ ဗြိတိန်ထုတ် အကောင်းဆုံး ပြိုင်ကားထဲက တစ်စီးဖြစ်ပြီး တော်ရုံချမ်းသာတဲ့ လူတောင် အနားမကပ်နိုင်တဲ့ စူပါထက်မြင့်တဲ့ ဟိုက်ပါပြိုင်ကားတစ်စီးပါ။ ဈေးနှုန်းအတိအကျဆိုရင် ဒေါ်လာ 1.2 သန်း တန်ကျေးရှိပြီး အခွန်အခတွေထပ်ပေါင်းရင် တန်ကြေးအတော့်ကို မြင့်မားသွားမှာပါ။

P1 ဟိုက်ပါမှာ တစ်ကမ္ဘာလုံးတွင် အစီးရေ 375 စီးသာ ကန့်သတ်ထုတ်လုပ်ထားပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို 221 မိုင်ထိ မောင်းနှင်နိုင်ပါတယ်။ ဟိုက်ဘရစ်စွမ်းအား ပေါင်းစပ်ထားပြီး နှစ်ခုပေါင်းစွမ်းအားမှ အမြင့်ဆုံး မြင်းကောင်ရေအား 903 HP ပေးစွမ်းနိုင်ကာ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းကို 3.2 စက္ကန့် တည်းဖြင့် တာထွက်နိုင်ပါတယ်။

လယ်ထဲနှင့် ဟိုက်ပါပြိုင်ကားမှာ သိပ်မလိုက်ဖက်ပေမယ့် လယ်သမားခမျာ စီးချင်တဲ့အာသီသကြောင့် ဝယ်ယူခဲ့ပြီး လယ်ထဲသို့အသွားအပြန် လုပ်နေတာကြောင့် ဂျပန်မီဒီယာတွေကြားမှာ အုပ်အောသောင်းနင်းမှု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

Ref : gtspirit
Colay Automobile

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top