ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္မီးေလာင္မႈတြင္ ဒဏ္ရာရရွိခဲ့ေသာ မီးသတ္ဦးစီးမွဴးကြယ္လြန္ ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္ မီးေလာင္ရာတြင္ ၀င္ေရာက္မီးၿငိႇမ္းသတ္ခဲ့ေသာ ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴး ဦးေက်ာ္စြာလင္းသည္ ယေန႔ ညပုိင္းက ကြယ္လြန္သြားၿပီျဖစ္သည္။ ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနထံသုိ႔ စံေတာ္ခ်ိန္က ဆက္သြယ္ေမးျမန္းရာ ဦးေက်ာ္စြာလင္းသည္ ယေန႔(ဇန္န၀ါရီ ၂၈ ရက္) ည ၈ နာရီ ၂၀ မိနစ္က ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာ အေရးေပၚဌာန၌ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း အတည္ျပဳေျပာဆုိသည္။

ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ရာတြင္ဟိုတယ္အတြင္းသို႔ ဝင္ေရာက္မီးၿငိႇမ္းသတ္ရာမွ ဦးေက်ာ္စြာလင္း(၃၄)ႏွစ္၏ ဦးေခါင္းေပၚသို႔ ၆ လက္မပတ္လည္၁၀ ေပခန္႔ အရွည္ရွိ သစ္သားတန္းသည္ ေပ ၂၀ ခန္႔ရိွ အျမင့္မွ ျပဳတ္က်သျဖင့္ မီးကာဦးထုတ္ကြဲေၾကကာဦးေခါင္းအားထိခိုက္မိသျဖင့္ (သတိေမ့၊ စိုးရိမ္ရ) ဒဏ္ ရာရရွိခဲ့ေၾကာင္း၊ ၎အား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔တင္ပို႔ကုသခဲ့ရာ ဦးေႏွာက္အေျမႇးေအာက္ ေသြးခဲ၊ ဦးေႏွာက္အသားထဲ ေသြးယိုစိမ့္၊ ဝဲနားထင္ရိုးက်ိဳး ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ခြဲစိပ္ထားရွိၿပီး လက္ရွိအေျခအေနအရ မ်က္စိဖြင့္မရ၊ ေလ ႁပြန္ေဖာက္ထား၊ ေျခ/လက္ အနည္းငယ္လႈပ္နိုင္(စိုးရိမ္ရ)သျဖင့္ ဦးေႏွာက္ႏွင့္အာ႐ုံးေၾကာကုသဌာန အထူးၾကပ္ မတ္ကုသခန္း၌ ကုသမႈခံယူလ်က္ရွိေၾကာင္း ထည့္သြင္းေဖာ္ျပခဲ့သည္။

The Standard Time Daily

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သော မီးသတ်ဦးစီးမှူးကွယ်လွန် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ရာတွင် ဝင်ရောက်မီးငြှိမ်းသတ်ခဲ့သော ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းသည် ယနေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်သည်။ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနထံသို့ စံတော်ချိန်က ဆက်သွယ်မေးမြန်းရာ ဦးကျော်စွာလင်းသည် ယနေ့(ဇန်နဝါရီ ၂၈ ရက်) ည ၈ နာရီ ၂၀ မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာန၌ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်ဟိုတယ်အတွင်းသို့ ဝင်ရောက်မီးငြှိမ်းသတ်ရာမှ ဦးကျော်စွာလင်း(၃၄)နှစ်၏ ဦးခေါင်းပေါ်သို့ ၆ လက်မပတ်လည်၁၀ ပေခန့် အရှည်ရှိ သစ်သားတန်းသည် ပေ ၂၀ ခန့်ရှိ အမြင့်မှ ပြုတ်ကျသဖြင့် မီးကာဦးထုတ်ကွဲကြေကာဦးခေါင်းအားထိခိုက်မိသဖြင့် (သတိမေ့၊ စိုးရိမ်ရ) ဒဏ် ရာရရှိခဲ့ကြောင်း၊ ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ရာ ဦးနှောက်အမြှေးအောက် သွေးခဲ၊ ဦးနှောက်အသားထဲ သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုး ဒဏ်ရာများရရှိခဲ့သဖြင့် ခွဲစိပ်ထားရှိပြီး လက်ရှိအခြေအနေအရ မျက်စိဖွင့်မရ၊ လေ ပြွန်ဖောက်ထား၊ ခြေ/လက် အနည်းငယ်လှုပ်နိုင်(စိုးရိမ်ရ)သဖြင့် ဦးနှောက်နှင့်အာရုံးကြောကုသဌာန အထူးကြပ် မတ်ကုသခန်း၌ ကုသမှုခံယူလျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

The Standard Time Daily

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top