ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းကေလးေတြက သဝန္တိုလာၿပီဆို ကိုကိုေနာ္ ၊ ဆင္ျခင္ေနေနာ္ဆိုၿပီး သဝန္တိုေနေၾကာင္း ထင္ထင္ရွားရွားျပၾကတယ္။ ေပါက္ကြဲၾကတယ္။ သတိေပးၾကတယ္။ ဒါေပမဲ့ ေယာက္်ားေလးေတြကေတာ့ သဝန္တိုလာၿပီဆို ဘာမွမျဖစ္သလိုပဲ ဟန္ေဆာင္ေနၾကေပမယ့္ တကယ့္ရင္ထဲမွာေတာ့ ပ်ာယာခတ္ေနၾကေရာ။ ေကာင္ေလးေတြ သဝန္တိုလာၿပီဆိုရင္ေတာ့ ဒီလုိေလးေတြ ရွိတတ္ပါတယ္ ေယာင္းေရ…

၁။ ေမးခြန္းေတြထုတ္မယ္။

သူကဘာလဲ ၊ ဘယ္လိုပတ္သက္လဲ စသျဖင့္ ေမးခြန္းေတြ အမ်ားႀကီးထုတ္ၿပီး ဘာမွျဖစ္သလို ပံုမွန္စကားေျပာေနသလိုပဲ ႀကိဳးစားၿပီး ေျပာတယ္။ ဒါေပမဲ့လည္း ပံုမွန္မဟုတ္ဘူး၊ သဝန္တိုေနတယ္ဆိုတာ သိသာပါတယ္။ ေမးခြန္းေတြ ေမးၿပီးတဲ့အခါက်ရင္ ေၾသာ္..အင္း..ဟုတ္ပါၿပီ ဆိုၿပီး ဘာမွမျဖစ္တဲ့ပံုမ်ိဳးနဲ႔ ေနေပမယ့္ တကယ့္ရင္ထဲမွာေတာ့ တိတ္တိတ္ေလးႀကိတ္ေပါက္ကြဲေနတာပါ။

၂။ ႏိႈင္းယွဥ္တယ္။

သူသဝန္တိုတဲ့သူနဲ႔ သူ႔ကိုယ္သူ ႏႈိင္းယွဥ္လာတယ္။ ငါက သူ႔ထက္ အမ်ားႀကီးသာပါတယ္။ စိုးရိမ္စရာမလိုပါဘူး ..ဘာညာနဲ႔….ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္ေပးတဲ့ အေတြးေလးေတြ ေတြးေလ့ရွိတယ္။

၃။ စိတ္ထဲမွာ ေသာင္းက်န္းတယ္။

ဘာမွမျဖစ္သလိုပဲ ဟန္ေဆာင္ေနေပမယ့္ စိတ္ထဲမွာေတာ့ အဲ့တစ္ေယာက္ကို အႀကိမ္ႀကိမ္ သတ္ၿပီးေနပါၿပီ။ ကိုယ့္ဘာသာ တစ္ေယာက္ထဲ စိတ္ေတြတိုေနတတ္ပါတယ္။

၄။ သူငယ္ခ်င္းေတြကိုရင္ဖြင့္တယ္။

ဒီအေျခအေနကို ဘယ္လိုလုပ္ရမလဲ မသိေတာ့တဲ့အခါ Broေတြကို ရင္ဖြင့္ေတာ့တာပဲ။ ဘယ္လိုလုပ္ရမလဲဆိုျပီး အၾကံညဏ္လွမ္းေတာင္းေတာ့တာပဲ ။ ဒါေပမဲ့ တကယ္ဖုန္းဆက္ရတဲ့ အေၾကာင္းအရင္းကေတာ့ မင္းေကာင္မေလးက တကယ္ခ်စ္တာပါကြာ ၊ မင္းကိုပဲခ်စ္မွာ ..ဘာညာ အဲလို ႏွစ္သိမ့္ေပးမယ့္စကား ၾကားခ်င္လို႔ဆက္တာပါ။

၅။စိတ္ေလွ်ာ့ဖို႔ႀကိဳးစားတယ္။

သူငယ္ခ်င္းေတြကို ရင္ဖြင့္ၿပီးတဲ့အခါမွာေတာ့ စိတ္တည္ၿငိမ္ဖို႔ ႀကိဳးစားတယ္။ ရိုးရိုးသူငယ္ခ်င္းပဲေနမွာပါေလ ဆိုၿပီး ကိုယ့္စိတ္ကိုယ္ မဟုတ္တာေတြ ေလွ်ာက္မေတြးဖို႔ ထိန္းခ်ဳပ္တယ္။

၆။ခဏေလာက္ေအးတိေအးစက္ၾကီး ျဖစ္သြားမယ္။

စကားေျပာတဲ့အခါ ေအးစက္စက္ပံုစံ ျဖစ္လာမယ္။ တကယ္ေတာ့ သူစိတ္ထဲမွာ စိတ္တိုတာ ၊ ဝမ္းနည္းတာေတြ ျဖစ္ေနလို႔ပါ။

၇။ ကိုယ့္ကို အရမ္းဂရုစိုက္ေပးလာမယ္။

ေအးတိေအးစက္ ျဖစ္ၿပီးတဲ့အခါ ရုတ္တရတ္ႀကီး ေသးေသးေတြကအစ ဂရုစိုက္ေပးလာမယ္။ အရင္ကထက္ ကိုယ့္ကိုပိုခ်စ္ျပလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ေယာင္းကို သူကသာ အခ်စ္ဆံုး ၊ ဂရုစိုက္ေပးနိုင္ဆံုးဆိုတာ သိေစခ်င္တာပါ။

၈။ ဖြင့္ေျပာလာမယ္။

ေနာက္ဆံုး မခံစားနိုင္ေတာ့တဲ့အဆံုးမွာေတာ့ ဒီလူနဲ႔ သဝန္တိုေနတဲ့အေၾကာင္းကို ေယာင္းကိုဖြင့္ေျပာလာပါလိမ့္မယ္။ အဲဒီအခါက်ရင္ ကိုယ္နဲ႔သူနဲ႔က ရိုးရိုးသားသားပဲ ဆိုရင္ေတာင္ နည္းနည္းေတာ့ သူစိတ္ခ်မ္းသာေအာင္ ဆင္ျခင္ေပးလိုက္ပါ။

ေကာင္ေလးေတြ သဝန္တိုတဲ့အခါ တစ္ခါတေလ ခ်စ္ဖို႔ေကာင္းပါတယ္။ ဒါေပမဲ့လည္း သူတို႔စိတ္ထဲမွာ စိတ္မခ်ျဖစ္လာတဲ့အထိ သဝန္တိုတဲ့အခါ ႏွစ္ေယာက္စလံုး စကားမ်ားရန္ျဖစ္ရတဲ့အထိ ျဖစ္တတ္ပါတယ္။ အဲလိုအခါမ်ိဳးၾကရင္ သူနားလည္ေအာင္ ေသေသခ်ာခ်ာ ရွင္းျပေပးလိုက္ပါ။ ဘာပဲေျပာေျပာ သဝန္တိုတယ္ဆိုတာကလည္း ခ်စ္လို႔ျဖစ္တာပဲေလ။ ဟုတ္တယ္ဟုတ္….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana(For Her Myanmar)

#Unicode Version#
မိန်းကလေးတွေက သဝန်တိုလာပြီဆို ကိုကိုနော် ၊ ဆင်ခြင်နေနော်ဆိုပြီး သဝန်တိုနေကြောင်း ထင်ထင်ရှားရှားပြကြတယ်။ ပေါက်ကွဲကြတယ်။ သတိပေးကြတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေကတော့ သဝန်တိုလာပြီဆို ဘာမှမဖြစ်သလိုပဲ ဟန်ဆောင်နေကြပေမယ့် တကယ့်ရင်ထဲမှာတော့ ပျာယာခတ်နေကြရော။ ကောင်လေးတွေ သဝန်တိုလာပြီဆိုရင်တော့ ဒီလိုလေးတွေ ရှိတတ်ပါတယ် ယောင်းရေ…

၁။ မေးခွန်းတွေထုတ်မယ်။

သူကဘာလဲ ၊ ဘယ်လိုပတ်သက်လဲ စသဖြင့် မေးခွန်းတွေ အများကြီးထုတ်ပြီး ဘာမှဖြစ်သလို ပုံမှန်စကားပြောနေသလိုပဲ ကြိုးစားပြီး ပြောတယ်။ ဒါပေမဲ့လည်း ပုံမှန်မဟုတ်ဘူး၊ သဝန်တိုနေတယ်ဆိုတာ သိသာပါတယ်။ မေးခွန်းတွေ မေးပြီးတဲ့အခါကျရင် သြော်..အင်း..ဟုတ်ပါပြီ ဆိုပြီး ဘာမှမဖြစ်တဲ့ပုံမျိုးနဲ့ နေပေမယ့် တကယ့်ရင်ထဲမှာတော့ တိတ်တိတ်လေးကြိတ်ပေါက်ကွဲနေတာပါ။

၂။ နှိုင်းယှဉ်တယ်။

သူသဝန်တိုတဲ့သူနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်လာတယ်။ ငါက သူ့ထက် အများကြီးသာပါတယ်။ စိုးရိမ်စရာမလိုပါဘူး ..ဘာညာနဲ့….ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပေးတဲ့ အတွေးလေးတွေ တွေးလေ့ရှိတယ်။

၃။ စိတ်ထဲမှာ သောင်းကျန်းတယ်။

ဘာမှမဖြစ်သလိုပဲ ဟန်ဆောင်နေပေမယ့် စိတ်ထဲမှာတော့ အဲ့တစ်ယောက်ကို အကြိမ်ကြိမ် သတ်ပြီးနေပါပြီ။ ကိုယ့်ဘာသာ တစ်ယောက်ထဲ စိတ်တွေတိုနေတတ်ပါတယ်။

၄။ သူငယ်ချင်းတွေကိုရင်ဖွင့်တယ်။

ဒီအခြေအနေကို ဘယ်လိုလုပ်ရမလဲ မသိတော့တဲ့အခါ Broတွေကို ရင်ဖွင့်တော့တာပဲ။ ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံညဏ်လှမ်းတောင်းတော့တာပဲ ။ ဒါပေမဲ့ တကယ်ဖုန်းဆက်ရတဲ့ အကြောင်းအရင်းကတော့ မင်းကောင်မလေးက တကယ်ချစ်တာပါကွာ ၊ မင်းကိုပဲချစ်မှာ ..ဘာညာ အဲလို နှစ်သိမ့်ပေးမယ့်စကား ကြားချင်လို့ဆက်တာပါ။

၅။စိတ်လျှော့ဖို့ကြိုးစားတယ်။

သူငယ်ချင်းတွေကို ရင်ဖွင့်ပြီးတဲ့အခါမှာတော့ စိတ်တည်ငြိမ်ဖို့ ကြိုးစားတယ်။ ရိုးရိုးသူငယ်ချင်းပဲနေမှာပါလေ ဆိုပြီး ကိုယ့်စိတ်ကိုယ် မဟုတ်တာတွေ လျှောက်မတွေးဖို့ ထိန်းချုပ်တယ်။

၆။ခဏလောက်အေးတိအေးစက်ကြီး ဖြစ်သွားမယ်။

စကားပြောတဲ့အခါ အေးစက်စက်ပုံစံ ဖြစ်လာမယ်။ တကယ်တော့ သူစိတ်ထဲမှာ စိတ်တိုတာ ၊ ဝမ်းနည်းတာတွေ ဖြစ်နေလို့ပါ။

၇။ ကိုယ့်ကို အရမ်းဂရုစိုက်ပေးလာမယ်။

အေးတိအေးစက် ဖြစ်ပြီးတဲ့အခါ ရုတ်တရတ်ကြီး သေးသေးတွေကအစ ဂရုစိုက်ပေးလာမယ်။ အရင်ကထက် ကိုယ့်ကိုပိုချစ်ပြလိမ့်မယ်။ ဘာလို့လဲဆိုတော့ ယောင်းကို သူကသာ အချစ်ဆုံး ၊ ဂရုစိုက်ပေးနိုင်ဆုံးဆိုတာ သိစေချင်တာပါ။

၈။ ဖွင့်ပြောလာမယ်။

နောက်ဆုံး မခံစားနိုင်တော့တဲ့အဆုံးမှာတော့ ဒီလူနဲ့ သဝန်တိုနေတဲ့အကြောင်းကို ယောင်းကိုဖွင့်ပြောလာပါလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ်နဲ့သူနဲ့က ရိုးရိုးသားသားပဲ ဆိုရင်တောင် နည်းနည်းတော့ သူစိတ်ချမ်းသာအောင် ဆင်ခြင်ပေးလိုက်ပါ။

ကောင်လေးတွေ သဝန်တိုတဲ့အခါ တစ်ခါတလေ ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း သူတို့စိတ်ထဲမှာ စိတ်မချဖြစ်လာတဲ့အထိ သဝန်တိုတဲ့အခါ နှစ်ယောက်စလုံး စကားများရန်ဖြစ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ အဲလိုအခါမျိုးကြရင် သူနားလည်အောင် သေသေချာချာ ရှင်းပြပေးလိုက်ပါ။ ဘာပဲပြောပြော သဝန်တိုတယ်ဆိုတာကလည်း ချစ်လို့ဖြစ်တာပဲလေ။ ဟုတ်တယ်ဟုတ်….

ဖိုးသူတော် (www.phothutaw.com)
Credit: Hana(For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top