iMyanmarHouse.com - Best Property Website for Myanmar
×

ပိန္ပါးသူေတြကလည္း ဝခ်င္တယ္ ဝတယ္လုိ ့ထင္သူေတြကလည္း ပိန္ခ်င္တယ္ ဘယ္လုိအေႀကာင္းေႀကာင့္ၿဖင့္ အဓိကအခ်က္ကေတာ့ က်န္းမာဖို ့ပါ ။

ပိန္တာဘဲၿဖစ္ၿဖစ္ ဝတာဘဲ ၿဖစ္ၿဖစ္ အစားအေသာက္ ၿပဳ ့မွဳ ့ေနထုိင္ၿခင္းေတြကုိ သတိမမွဳ ့မိပါက ေရာဂါဆုိတာ ၿဖစ္တက္ပါတယ္ ။ ႏွလုံးေရာဂါ ၊ ဆီးခ်ဳိေရာဂါ ၊ ရင္သားကင္ဆာ ၊ အူမႀကီးကင္ဆာ ၊ ေလၿဖတ္ၿခင္းေရာဂါ ႏွင့္ စိတ္ပုိင္းဆုိင္ရာ ေရာဂါ တစ္ခ်ဳိ ့ၿဖစ္တက္ပါသည္ ။
မိမိခႏၶာကုိယ္အခ်ဳိးအစားအရ ညီမွ်ေသာ ကုိယ္အေလးခ်ိန္ရွိတက္ေပမဲ့ အထုိင္မ်ားၿခင္းေႀကာင့္ ကုိယ့္အေလးခ်ိန္တက္တက္ႀကပါသည္ ။
တစ္ခ်ဳိ ့ဆုိ အဝလြန္ၿခင္း Obesity ၿဖစ္ေနပါက သြားလာမေကာင္းေလးလံေနၿခင္း ႏွင့္ အတူ ဒူးဆစ္ ေၿခဆစ္ပုိင္းဆုိင္ရာနာက်င္ေဝဒနာမ်ား ခံစားၿဖစ္ေပၚတက္ပါသည္ ( ဝလုိ ့အဲလုိၿဖစ္တယ္ဆုိၿပီး စိတ္မွာစြဲလန္းစိတ္ ၿဖစ္ရန္လည္း မလုိအပ္ပါ ) အဲလုိ ၿဖစ္ရၿခင္းသည္ ကုိယ္အေလးခ်ိန္ အလြန္မ်ားၿပား ခႏၶာကုိယ္ ဝိတ္ဖိေနျခင္းေႀကာင့္ ျဖစ္ေပၚလာၿခင္း ၿဖစ္ပါသည္ ။

မည္သုိ ့ၿဖစ္ေစ တစ္တစ္ေန ့တစ္ၿခား အေႀကာင္းအမ်ဳိးမ်ဳိးေႀကာင့္ ကုိယ္အေလးခ်ိန္တုိးၿပီး ဝလာပါေစ မိမိကုိယ္တုိင္ ကုိယ္အေလးခ်ိန္ မိမိကုိယ္တ္ုိင္ ထိန္းသိမ္းႏုိင္ၿပီး က်န္းမာေရးႏွင့္ညီမွ်ေသာ စားေသာက္ေနထုိင္ေလ့က်င့္မည္ဆုိပါက ကုိယ္အေလးခ်ိန္ဝိတ္မ်ား တက္လာၿခင္း ကင္းေဝးပါလိမ့္မည္ ။

ဦးစြာ မိမိဘာေႀကာင့္ ဝလာသလည္းဆုိတာ သိရွိဖုိ ့အတြက္ စားသုံးေနသည့္ အစားအေသာက္မ်ားကုိ ဦးစြာတြက္ခ်က္ၿပီး ေနထုိင္သည့္ အေလ့အက်င့္ကုိလည္း သိရွိရပါလိမ့္မည္ ။ အထုိင္မ်ားေသာ အလုပ္လုပ္သူမ်ားအတြက္ တစ္နာရီခန္ ့ထုိင္ခ်ိန္ႀကာလာပါက ၅ မိနစ္ခန္ ့ထၿပီး လမ္းေလွ်ာက္ေပးၿခင္း လုပ္ေဆာင္ေပးဖုိ ့လည္း လုိအပ္သလုိ စားေသာက္သည့္ အစားအစာမ်ားကုိပါ တြက္ခ်က္ မိမိသိရွိၿပီးေတာ့ အစားအေသာက္မ်ားကုိ ခ်င့္ခ်ိန္စားေသာက္မယ္ ကုိယ္လက္လွဳပ္ရွားအားကစားတစ္ခုလည္း တြဲဖက္ၿပီးေတာ့ လုပ္ေဆာင္မယ္ဆုိရင္ သင့္အေနၿဖင့္ သိသိသာသာ ဝိတ္က်လာၿခင္း ခႏၶာကုိယ္စစ္ၿပီး က်န္းမာလန္းဆန္းလာပါလိမ့္မည္ ။ ဝဝ လာတယ္ဆုိၿပီး စိတ္ပ်က္စရာလုံးဝ မလိုပါဘူး ။ မိမိသိရွိၿပီး စားေသာက္မယ္ ေနထုိင္မယ္ ေလ့က်င့္မယ္ဆုိပါက တက္လာႏု္ိင္ေသာ ဝိတ္ေတြလည္း ရပ္တန္ ့ၿပီး ထိန္းသိမ္းႏုိင္သည္မက ပုိမုိသြယ္လ် ခႏၶာကုိယ္အလွ ရရွိပုိင္ဆုိင္ႏုိင္ပါလိမ့္မည္ ။

ကဲ.. ဒါဆုိ ဘယ္လုိ ဝိတ္ခ်မလည္းဆုိတာကေတာ့ ဦးစြာ မိမိဆႏၵေစာ စိတ္လည္း မေလာပါနဲ အဲလုိ စိတ္ေလာလုိ ့ စားသုံးသင့္သည့္ အစားအစာလည္း မစားမေသာက္ ေလ့က်င့္ခန္းလည္း ၿပင္းၿပင္းထန္ထန္ေတြလုပ္ အဲလုိ လုပ္ေဆာင္သည့္အတြက္ ေနာက္ဆက္တြဲ အက်ဳိးဆက္ေတြက ရင္ေတြတုန္တက္ၿခင္း မူးေဝေနာက္တက္ၿခင္း ေၿခေထာက္ေတြနာၿခင္း ေၿခအဆစ္ေတြေရာင္ရမ္းလာၿခင္း ဒူးဆစ္ေတြနာၿခင္း ထုိင္ထအတြက္ ခက္ခဲမွဳ ့ေတြပါ ၿဖစ္ေပၚလာတက္ပါတယ္ ။ အဲလုိမ်ဳိးမၿဖစ္ေအာင္ ေန ့စဥ္ပုံမွန္သာ သြက္လက္စြာ လမ္းေလွ်ာက္ေပးၿခင္း ၊ ေၿပးၿခင္း အေႀကာေလွ်ာ့ၿခင္းကုိ မိမိလွဳပ္ရွားႏုိင္သည့္ အေနအထားၿဖင့္သာ လုပ္လုိက္ပါ ဒီေန ့ေတာ့ ပုိေၿပးတယ္ ပုိလမ္းေလွ်ာက္တယ္ မလုပ္ရပါဘူး ပုံမွန္အေနအထားနဲ ့ ကုိယ့္လက္လွဳပ္ရွား အားကစားတစ္ခုအၿဖစ္သာ လုပ္ေဆာင္လုိက္ပါ ။ တစ္ပတ္ကုိ တစ္ရက္ အနားယူလုိ ့ရပါတယ္ ။ ေန ့စဥ္အတြက္ ဝိတ္မတက္ေစရန္ ေဆာင္သင့္ ေရွာင္သင့္ သိသင့္သည့္ အခ်က္တစ္ခ်ဳိ ့ကုိ လုိက္နာေဆာင္ရြက္မည္ဆုိပါက သိသိသာသာ ဝိတ္က် လွပခႏၶာ က်န္းမာစြာ ရွိပါလိမ့္မည္။

ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်င္သူမ်ား သိရွိသင့္သည္မွာ ………
(၁) အစားေသာက္အေတြ မစားခင္ ေရကုိဝဝ ေသာက္ေပးၿပီးမွ စားေသာက္ပါ အဲလုိ ေရေသာက္ၿပီး စားေသာက္သည့္အတြက္ ကုိယ္အေလးခ်ိန္ေလ်ာ့ခ်မွဳ ့အတြက္ အလြန္အေထာက္အကူၿပဳ ့သလုိ ဆက္လ်က္တက္လာမည့္ ဝိတ္အတြက္ပါ ထိန္းသိမ္းရာလည္း ေရာက္ပါသည္ ။
(၂) အဆီနည္းေသာ အစားအစား အသားမ်ားကုိ စားရပါမည္ ။ သင့္အတြက္ မနက္စာကုိ ပုံမွန္အတုိင္း စားေသာက္ႏုိင္ပါသည္ ။ ေန ့ခင္းနဲ ့ ညစာကုိေတာ့ ေလ်ာ့စားရပါလိမ့္မည္္ ။ ညစာကုိေတာ့ ထမင္း အစား ဆန္ၿပဳတ္ကုိ စားေသာက္ေပးပါက ပုိမုိ ေကာင္းမြန္တာကုိ ေတြ ့ရွိရပါသည္ ။
(၃) စားသုံးသင့္သည္မွာ အသားမ်ားကုိ ၿပဳတ္ၿပီး စားေသာက္ၿခင္း ၊ ငါး ၊ အသီးအရြက္ ၿပဳတ္မ်ား ၊ ပဲပင္ေပါက္ ၊ ပဲနီေလး အစရွိသည့္ ပဲအမ်ဳိးမ်ဳိး ၊ သစ္သီးဝလံမ်ား ၊ ဆန္ၿပဳတ္ ၊ ဂ်ဳံႀကမ္း ၊ တရုတ္နံနံ ၊ ကန္စြန္းရြက္ ၊ ဂ်င္းႏွင့္ ႀကက္သြန္ၿဖဴပါေသာ အသီးအရြက္အေႀကာ္စုံ ( ဆီအနည္းငယ္ ၿဖင့္သာေႀကာ္ထားၿခင္း ) စားေသာက္ေပးပါ ။
(၄) ေရမ်ားမ်ားေသာက္ေသာက္ေပးပါ ။
(၅) ေန ့ခင္းပုိင္းႏွင့္ ညေန ညပုိင္း တုိ ့တြင္ အသီးေဖ်ာ္ရည္အၿဖစ္ ေသာက္သုံးသင့္သည္မွာ ဂရိတ္ဖရုသီး ၊ ေထာပတ္သီး ၊ သံပုရာရည္ ၊ နာနတ္ ၊ လိေမၼာ္ ၊ စေတာ္ဘယ္ရိီ အစရွိသည့္တုိ ့ေသာက္သုံးေပးပါ ။
(၆) ေရေႏြးႀကမ္း ႏွင့္ ဘလပ္ေကာ္ဖိီ (သႀကား မလုိင္ မပါေသာ ) ေသာက္ေပးၿခင္းသည္ ကုိယ္အေလးခ်ိန္တက္လာၿခင္းကုိထိန္းႏုိင္သည့္အၿပင္ က်ဆင္းၿခင္းအတြက္ မ်ားစြာ အေထာ္အကူၿပဳ ့က်ဆင္းေစပါသည္ ။

ေရွာင္သင့္သည့္ အခ်က္မ်ားမွာ …….
(၁) စိတ္ဖိဆီးၿခင္းမ်ားကုိေလွ်ာ့ခ်ၿပီး ကုိယ္အေလးခ်ိန္က်ရမည္ဆုိတာ ယုံႀကည္စိတ္ အၿပည့္အဝထားပါ ။
(၂) မိမိစားေသာက္သည့္ အစားအစာမ်ားတြင္ ကယ္လုိရီပမာဏ မမ်ားေအာင္ ထိန္းသိမ္း စားေသာက္ပါ ။
(၃) ဝိတ္က်ေစလုိသည့္ စိတ္ေႀကာင့္ စိတ္ေလာစြာၿဖင့္ ၿပင္းထန္းစြာ ကုိယ္လက္ရွားၿခင္းမ်ား မၿပဳ ့လုပ္ဘဲ မိမိအေနၿဖင့္ ေန႕စဥ္ပုံမွန္အေနအထားၿဖင့္သာ ပုံမွန္လုပ္ေဆာင္ပါ ။
(၄) ညစာကုိ လုံးဝ မစားေသာက္ဘဲ ေနထုိင္ၿခင္းမ်ဳိးကုိ ေရွာင္ရွားပါ ။
(၅) ေရကုိဦးစြာ မေသာက္ဘဲ အစားအစာ စားေသာက္တက္ၿခင္းအေလ့အက်င့္ကုိ ေရွာင္ရွားပါ ။
(၆) ဝိတ္က်သြားၿပီ ဒီေလာက္ဆုိရၿပီ ေတာ္ျပီဆုိျပီး မူလအတုိင္း အစားအစာမ်ားကုိ စားသုံးတက္ႀကၿခင္းကုိ ျပဳ႕လုပ္တက္ႀကလုိ႔ အဲလုိ မျပဳ႕သင့္ ေရွာင္ရွားသင့္ပါသည္ ။

မစားသုံးသင့္ အစားအစာမ်ားမွာ …………
(၁) အဆီဓာတ္မ်ားေသာ အစားအစာမ်ား ၊ ၿပည့္ဝဆီမ်ားပါဝင္ေသာ အစားအစာမ်ား ၊ အခ်ဳိလြန္ကဲေသာ မုန္ ့သေရစာမ်ား စားေသာက္တက္ၿခင္း ေရွာင္ပါ
(၂ ) ဂက္စ္ပါေသာ အခ်ဳိရည္မ်ား ၊ အသားတု အစားအစာမ်ား ႏွင့္ တာရွည္ခံေအာင္ ၿပဳ ့လုပ္ထားေသာ အစားအစာမ်ားကုိ ေရွာင္ပါ ။
(၃) အငန္မ်ားေသာ အစားအစာမ်ား ေရွာင္သင့္ပါသည္ ။

ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူမ်ားအၿပင္ က်န္းမာေရး အသိၿဖင့္ စားေသာက္ေနထုိင္ခ်င္သူမ်ားအတြက္ပါ အေလ့အက်င့္ျဖစ္ လုပ္ေဆာင္မည္ဆုိပါက
ကုိယ္လက္က်န္းမာျပီး ဝိတ္တက္လာျခင္းအျဖစ္မွ ကင္းေဝးပါလိမ့္မည္ ။

အသက္ရာေက်ာ္ ရွည္ပါေစ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
ပိန်ပါးသူတွေကလည်း ဝချင်တယ် ဝတယ်လို့ထင်သူတွေကလည်း ပိန်ချင်တယ် ဘယ်လိုအကြောင်းကြောင့်ဖြင့် အဓိကအချက်ကတော့ ကျန်းမာဖို့ပါ ။

ပိန်တာဘဲဖြစ်ဖြစ် ဝတာဘဲ ဖြစ်ဖြစ် အစားအသောက် ပြု့မှု့နေထိုင်ခြင်းတွေကို သတိမမှု့မိပါက ရောဂါဆိုတာ ဖြစ်တက်ပါတယ် ။ နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ လေဖြတ်ခြင်းရောဂါ နှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်ချို့ဖြစ်တက်ပါသည် ။
မိမိခန္ဓာကိုယ်အချိုးအစားအရ ညီမျှသော ကိုယ်အလေးချိန်ရှိတက်ပေမဲ့ အထိုင်များခြင်းကြောင့် ကိုယ့်အလေးချိန်တက်တက်ကြပါသည် ။
တစ်ချို့ဆို အဝလွန်ခြင်း Obesity ဖြစ်နေပါက သွားလာမကောင်းလေးလံနေခြင်း နှင့် အတူ ဒူးဆစ် ခြေဆစ်ပိုင်းဆိုင်ရာနာကျင်ဝေဒနာများ ခံစားဖြစ်ပေါ်တက်ပါသည် ( ဝလို့အဲလိုဖြစ်တယ်ဆိုပြီး စိတ်မှာစွဲလန်းစိတ် ဖြစ်ရန်လည်း မလိုအပ်ပါ ) အဲလို ဖြစ်ရခြင်းသည် ကိုယ်အလေးချိန် အလွန်များပြား ခန္ဓာကိုယ် ဝိတ်ဖိနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည် ။

မည်သို့ဖြစ်စေ တစ်တစ်နေ့တစ်ခြား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အလေးချိန်တိုးပြီး ဝလာပါစေ မိမိကိုယ်တိုင် ကိုယ်အလေးချိန် မိမိကိုယ်တိုင် ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးနှင့်ညီမျှသော စားသောက်နေထိုင်လေ့ကျင့်မည်ဆိုပါက ကိုယ်အလေးချိန်ဝိတ်များ တက်လာခြင်း ကင်းဝေးပါလိမ့်မည် ။

ဦးစွာ မိမိဘာကြောင့် ဝလာသလည်းဆိုတာ သိရှိဖို့အတွက် စားသုံးနေသည့် အစားအသောက်များကို ဦးစွာတွက်ချက်ပြီး နေထိုင်သည့် အလေ့အကျင့်ကိုလည်း သိရှိရပါလိမ့်မည် ။ အထိုင်များသော အလုပ်လုပ်သူများအတွက် တစ်နာရီခန့်ထိုင်ချိန်ကြာလာပါက ၅ မိနစ်ခန့်ထပြီး လမ်းလျှောက်ပေးခြင်း လုပ်ဆောင်ပေးဖို့လည်း လိုအပ်သလို စားသောက်သည့် အစားအစာများကိုပါ တွက်ချက် မိမိသိရှိပြီးတော့ အစားအသောက်များကို ချင့်ချိန်စားသောက်မယ် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုလည်း တွဲဖက်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် သင့်အနေဖြင့် သိသိသာသာ ဝိတ်ကျလာခြင်း ခန္ဓာကိုယ်စစ်ပြီး ကျန်းမာလန်းဆန်းလာပါလိမ့်မည် ။ ဝဝ လာတယ်ဆိုပြီး စိတ်ပျက်စရာလုံးဝ မလိုပါဘူး ။ မိမိသိရှိပြီး စားသောက်မယ် နေထိုင်မယ် လေ့ကျင့်မယ်ဆိုပါက တက်လာနိုင်သော ဝိတ်တွေလည်း ရပ်တန့်ပြီး ထိန်းသိမ်းနိုင်သည်မက ပိုမိုသွယ်လျ ခန္ဓာကိုယ်အလှ ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မည် ။

ကဲ.. ဒါဆို ဘယ်လို ဝိတ်ချမလည်းဆိုတာကတော့ ဦးစွာ မိမိဆန္ဒစော စိတ်လည်း မလောပါနဲ အဲလို စိတ်လောလို့ စားသုံးသင့်သည့် အစားအစာလည်း မစားမသောက် လေ့ကျင့်ခန်းလည်း ပြင်းပြင်းထန်ထန်တွေလုပ် အဲလို လုပ်ဆောင်သည့်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေက ရင်တွေတုန်တက်ခြင်း မူးဝေနောက်တက်ခြင်း ခြေထောက်တွေနာခြင်း ခြေအဆစ်တွေရောင်ရမ်းလာခြင်း ဒူးဆစ်တွေနာခြင်း ထိုင်ထအတွက် ခက်ခဲမှု့တွေပါ ဖြစ်ပေါ်လာတက်ပါတယ် ။ အဲလိုမျိုးမဖြစ်အောင် နေ့စဉ်ပုံမှန်သာ သွက်လက်စွာ လမ်းလျှောက်ပေးခြင်း ၊ ပြေးခြင်း အကြောလျှော့ခြင်းကို မိမိလှုပ်ရှားနိုင်သည့် အနေအထားဖြင့်သာ လုပ်လိုက်ပါ ဒီနေ့တော့ ပိုပြေးတယ် ပိုလမ်းလျှောက်တယ် မလုပ်ရပါဘူး ပုံမှန်အနေအထားနဲ့ ကိုယ့်လက်လှုပ်ရှား အားကစားတစ်ခုအဖြစ်သာ လုပ်ဆောင်လိုက်ပါ ။ တစ်ပတ်ကို တစ်ရက် အနားယူလို့ရပါတယ် ။ နေ့စဉ်အတွက် ဝိတ်မတက်စေရန် ဆောင်သင့် ရှောင်သင့် သိသင့်သည့် အချက်တစ်ချို့ကို လိုက်နာဆောင်ရွက်မည်ဆိုပါက သိသိသာသာ ဝိတ်ကျ လှပခန္ဓာ ကျန်းမာစွာ ရှိပါလိမ့်မည်။

ကိုယ်အလေးချိန် လျှော့ချင်သူများ သိရှိသင့်သည်မှာ ………
(၁) အစားသောက်အတွေ မစားခင် ရေကိုဝဝ သောက်ပေးပြီးမှ စားသောက်ပါ အဲလို ရေသောက်ပြီး စားသောက်သည့်အတွက် ကိုယ်အလေးချိန်လျော့ချမှု့အတွက် အလွန်အထောက်အကူပြု့သလို ဆက်လျက်တက်လာမည့် ဝိတ်အတွက်ပါ ထိန်းသိမ်းရာလည်း ရောက်ပါသည် ။
(၂) အဆီနည်းသော အစားအစား အသားများကို စားရပါမည် ။ သင့်အတွက် မနက်စာကို ပုံမှန်အတိုင်း စားသောက်နိုင်ပါသည် ။ နေ့ခင်းနဲ့ ညစာကိုတော့ လျော့စားရပါလိမ့်မည် ။ ညစာကိုတော့ ထမင်း အစား ဆန်ပြုတ်ကို စားသောက်ပေးပါက ပိုမို ကောင်းမွန်တာကို တွေ့ရှိရပါသည် ။
(၃) စားသုံးသင့်သည်မှာ အသားများကို ပြုတ်ပြီး စားသောက်ခြင်း ၊ ငါး ၊ အသီးအရွက် ပြုတ်များ ၊ ပဲပင်ပေါက် ၊ ပဲနီလေး အစရှိသည့် ပဲအမျိုးမျိုး ၊ သစ်သီးဝလံများ ၊ ဆန်ပြုတ် ၊ ဂျုံကြမ်း ၊ တရုတ်နံနံ ၊ ကန်စွန်းရွက် ၊ ဂျင်းနှင့် ကြက်သွန်ဖြူပါသော အသီးအရွက်အကြော်စုံ ( ဆီအနည်းငယ် ဖြင့်သာကြော်ထားခြင်း ) စားသောက်ပေးပါ ။
(၄) ရေများများသောက်သောက်ပေးပါ ။
(၅) နေ့ခင်းပိုင်းနှင့် ညနေ ညပိုင်း တို့တွင် အသီးဖျော်ရည်အဖြစ် သောက်သုံးသင့်သည်မှာ ဂရိတ်ဖရုသီး ၊ ထောပတ်သီး ၊ သံပုရာရည် ၊ နာနတ် ၊ လိမ္မော် ၊ စတော်ဘယ်ရီ အစရှိသည့်တို့သောက်သုံးပေးပါ ။
(၆) ရေနွေးကြမ်း နှင့် ဘလပ်ကော်ဖီ (သကြား မလိုင် မပါသော ) သောက်ပေးခြင်းသည် ကိုယ်အလေးချိန်တက်လာခြင်းကိုထိန်းနိုင်သည့်အပြင် ကျဆင်းခြင်းအတွက် များစွာ အထော်အကူပြု့ကျဆင်းစေပါသည် ။

ရှောင်သင့်သည့် အချက်များမှာ …….
(၁) စိတ်ဖိဆီးခြင်းများကိုလျှော့ချပြီး ကိုယ်အလေးချိန်ကျရမည်ဆိုတာ ယုံကြည်စိတ် အပြည့်အဝထားပါ ။
(၂) မိမိစားသောက်သည့် အစားအစာများတွင် ကယ်လိုရီပမာဏ မများအောင် ထိန်းသိမ်း စားသောက်ပါ ။
(၃) ဝိတ်ကျစေလိုသည့် စိတ်ကြောင့် စိတ်လောစွာဖြင့် ပြင်းထန်းစွာ ကိုယ်လက်ရှားခြင်းများ မပြု့လုပ်ဘဲ မိမိအနေဖြင့် နေ့စဉ်ပုံမှန်အနေအထားဖြင့်သာ ပုံမှန်လုပ်ဆောင်ပါ ။
(၄) ညစာကို လုံးဝ မစားသောက်ဘဲ နေထိုင်ခြင်းမျိုးကို ရှောင်ရှားပါ ။
(၅) ရေကိုဦးစွာ မသောက်ဘဲ အစားအစာ စားသောက်တက်ခြင်းအလေ့အကျင့်ကို ရှောင်ရှားပါ ။
(၆) ဝိတ်ကျသွားပြီ ဒီလောက်ဆိုရပြီ တော်ပြီဆိုပြီး မူလအတိုင်း အစားအစာများကို စားသုံးတက်ကြခြင်းကို ပြု့လုပ်တက်ကြလို့ အဲလို မပြု့သင့် ရှောင်ရှားသင့်ပါသည် ။

မစားသုံးသင့် အစားအစာများမှာ …………
(၁) အဆီဓာတ်များသော အစားအစာများ ၊ ပြည့်ဝဆီများပါဝင်သော အစားအစာများ ၊ အချိုလွန်ကဲသော မုန့်သရေစာများ စားသောက်တက်ခြင်း ရှောင်ပါ
(၂ ) ဂက်စ်ပါသော အချိုရည်များ ၊ အသားတု အစားအစာများ နှင့် တာရှည်ခံအောင် ပြု့လုပ်ထားသော အစားအစာများကို ရှောင်ပါ ။
(၃) အငန်များသော အစားအစာများ ရှောင်သင့်ပါသည် ။

ကိုယ်အလေးချိန်လျှော့ချချင်သူများအပြင် ကျန်းမာရေး အသိဖြင့် စားသောက်နေထိုင်ချင်သူများအတွက်ပါ အလေ့အကျင့်ဖြစ် လုပ်ဆောင်မည်ဆိုပါက
ကိုယ်လက်ကျန်းမာပြီး ဝိတ်တက်လာခြင်းအဖြစ်မှ ကင်းဝေးပါလိမ့်မည် ။

အသက်ရာကျော် ရှည်ပါစေ

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top