မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×


Aries

Taurus

Gemini

Cancer

Leo

Virgo

Libra

Scorpio

Sagittarius
Boys-ယောက်ျားလေးတွေကလည်း မိန်းကလေးတွေနဲ့ တူတူပါပဲ။

Capricorn

Aquarius

Pisces



# Unicode Version ဖြင့် ဖတ်ပါ #
လူတော်တော်များများကတော့ ကိုယ့်ကိုယ်ကိုယ် သစ္စာရှိတဲ့သူလို့ပဲ တွေးထားကြတာပေါ့။ ဒါပေမဲ့ အခြေအနေပေးလာတဲ့အခါ မရည်ရွယ်ဘဲ ကိုယ့်ချစ်သူကို သစ္စာဖောက်သလို ဖြစ်လာတတ်ပါတယ်။ အခုတော့ ရာသီခွင်အရ ကိုယ်က ဘယ်လောက်သစ္စာရှိတယ်၊ ဘယ်လို သစ္စာရှိတယ်ဆိုတာလေးတွေ ကြည့်ကြရအောင်နော်…

Aries
Girls – Aries Girl တွေက စွန့်စားရတာ ကြိုက်ပြီးတော့ နေရာအသစ်တွေ ၊ အတွေ့အကြုံအသစ်တွေ သင်ရတာကြိုက်ကြတယ်။ RSနဲ့ပတ်သက်လာရင်လည်း အပြာင်းအလဲဘက်ကို စိတ်ယိုင်တတ်ပေမယ့် တကယ်သစ္စာရှိမရှိဆိုတာက ကိုယ့်ချစ်သူအပေါ်ပဲ မူတည်ပါတယ်။
Boys – Aries Boyတွေက လူတစ်ယောက်ကို ချစ်သွားဖို့ဆိုတာ သူတို့အတွက် ခက်ခဲပါတယ်။ ချစ်သွားပြီဆိုရင်လည်း တကယ်နှစ်နှစ်ကာကာ ချစ်တတ်ကြတယ်။ သစ္စာရှိပုံကတော့ Aries girlsတွေနဲ့ တူတူပါပဲ။ သူတို့ရဲ့ချစ်သူ အပေါ်ပဲ မူတည်တာပါ။

Taurus
Girls – Taurus girlတွေက အချစ်စစ်ဆိုတာကို ယုံကြည်တဲ့သူတွေဖြစ်ပြီးတော့ သူတို့ချစ်သူကို လုံးဝသစ္စာရှိတဲ့သူတွေပါ။ ဘယ်တော့မှ သစ္စာဖောက်မယ့်သူတွေ မဟုတ်ပါဘူး။
Boys – ဒီရာသီဖွား ကောင်လေးတွေက အရမ်းကို ရိုးသားတဲ့သူတွေပါ။ ကိုယ့်ကို နောက်ကျောဓားနဲ့ ထိုးမှာကို စိတ်ပူစရာမလိုပါဘူး။

Gemini
Girls-Gemini girlတွေက များသောအားဖြင့် သစ္စာရှိတတ်ကြပေမယ့် တစ်ခါတလေ သူတို့ကိုယ်တိုင် မရည်ရွယ်ဘဲ ကိုယ့်ချစ်သူကို သစ္စာဖောက်တတ်ကြပါတယ်။
Boys-ကောင်လေးတွေကတော့ သူတို့ရဲ့ရွေးချယ်မှုအတွက် အမြဲမပြတ်မသား ဖြစ်နေတတ်ပါတယ်။ ဟိုလူကို ချစ်သလိုလို ၊ ဒီလူကိုကို ချစ်သလိုလို ဝေခွဲမရ ဖြစ်တတ်တယ်။ သစ္စာဖောက်တတ်တဲ့ ပုံစံမျိုးတော့ မဟုတ်ပေမယ့် ထားသွားတတ်တဲ့ အကျင့်တော့ရှိပါတယ်။

Cancer
Girls- Cancer ကောင်မလေးတွေက ရာသီဖွားတွေထဲမှာ ယုံကြည်လို့အရဆုံး ရာသီခွင်ပါပဲ။
Boys-ကောင်လေးတွေက RSမှာ ဘယ်တော့မှ စိတ်နှစ်ပြီး မချစ်သလို တစ်ယောက်မက ရည်းစားထားတတ်ပါတယ်တဲ့။

Leo
Girls-ဒီရာသီဖွား ကောင်မလေးတွေက သစ္စာဖောက်တတ်တဲ့ သူမျိုးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ချစ်သူ သစ္စာဖောက်မှာကို အမြဲစိုးရိမ် သံသယဝင်တတ်တဲ့ သူမျိုးတွေပါ။
Boys-ယုံကြည်လို့ရတဲ့ ကောင်လေးတွေပါ။ RSတစ်ခုတည်ထောင်ဖို့ လက်တွဲဖော်ကို အရမ်းရွေးလွန်းတဲ့ သူတွေပေါ့။ ရည်းစားရသွားတဲ့ အခါမှာလည်း အရမ်းသစ္စာရှိတဲ့ သူမျိုးတွေပါ။

Virgo
Girls- ဒီရာသီဖွားကောင်မလေးတွေက Taurusဖွားကောင်မလေးတွေလိုပါပဲ။ အချစ်ကို ယုံကြည်ပြီး လုံးဝ သစ္စာဖောက်မယ့်သူတွေ မဟုတ်ပါဘူး။
Boys- ကောင်လေးတွေကလည်း သစ္စာရှိပြီးတော့ RSမှာ ဖြစ်လာမယ့် အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်းမယ့် သူတွေပါ။

Libra
Girls- Libraဖွားတွေက သစ္စာရှိတယ်လို့ ပြောကြပေမယ့် တကယ်အမှန်ကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒီရာသီဖွားမိန်းကလေးတွေက သူတို့ကိုယ်သူတို့ သစ္စာရှိတယ်လို့ သတ်မှတ်ထားပေမယ့် တကယ်ပိုဂရုစိုက်ပေးတဲ့လူ ၊ ပိုချစ်ပေးနိုင်တဲ့သူပေါ်လာရင် လက်ရှိချစ်သူကို ထားသွားတတ်ကြပါတယ်။
Boys-ကောင်လေးတွေကတော့ RSနဲ့ပတ်သတ်လာရင် နာမည်ပျက်မရှိချင်ကြတဲ့ သူတွေပါ။ သူတို့ရဲ့ နာမည်ကို ထိန်းသိမ်းဖို့အတွက်ကို အဓိကထားတာကြောင့် ချစ်သူကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။

Scorpio
Girls – Scorpioကောင်မလေးတွေက သူတို့စိတ်ထိခိုက်ခံစားလာရတဲ့အခါ ထွက်ပေါက်အနေနဲ့ နောက်တစ်ယောက်အပေါ် စိတ်ယိုင်လေ့ရှိပါတယ်။
Boys – ကောင်လေးတွေကတော့ ချစ်သူကောင်မလေးကို ကိုရီးယားကားထဲကလို အရမ်းရိုမန်တစ်ဆန်ဆန် ဂရုစိုက်ပေးလို့ ကောင်မလေးတွေက ပစ်ကြွေကြတယ်။ ဒါပေမဲ့လည်း သူတို့တွေက ရိုမန်တစ်တော်ကီတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်တွဲလေ့ ရှိကြပါတယ်။

Sagittarius
Girls- အပျော်အပါးမက်တတ်လို့ RSမှာ ကြာကြာမြဲလေ့မရှိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် ပြောင်းတတ်ပါတယ်။
Boys-ယောကျ်ားလေးတွေကလည်း မိန်းကလေးတွေနဲ့ တူတူပါပဲ။

Capricorn
Girls – RSထားရတာထက် တစ်ယောက်တည်းနေရတာ ပိုကြိုက်တဲ့ ကောင်မလေးတွေပါ။ ဒါပေမယ့် ရည်းစားထားပြီဆိုရင်လည်း ရိုးသားပြီး သစ္စာရှိတဲ့သူတွေပါ။
Boys – ကောင်လေးတွေကတော့ ဘဝမှာကြီးမားတဲ့ ရည်မှန်းချက်ရှိပြီးတော့ လုပ်ငန်းခွင်မှာ အောင်မြင်အောင် ကြိုးစားလေ့ရှိတယ်။ အလုပ်နဲ့ အချစ်နဲ့ဆို အလုပ်ကို ဦးစားပေးတဲ့သူတွေ ဆိုပေမယ့် ဖောက်ပြန်တတ်တဲ့ထဲမှာတော့ မပါပါဘူး။

Aquarius
Girls – ရာသီဖွားတွေအားလုံးထဲမှာ အချစ်တတ်ဆုံး လူသားတွေပါ။ သူတို့ချစ်သူအပေါ် ဘယ်တော့မှ မဖောက်ပြန်ပါဘူး။
Boys – အခြားကောင်မလေးတွေကို စိတ်ဝင်စားတာတော့ ရှိပေမယ့် ဖောက်ပြန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။

Pisces
Girls – အရမ်းရိုမန်တစ်ဆန်တတ်ပြီးတော့ စိတ်ကူးယဉ်ဆန်တတ်တဲ့သူတွေပါ။ သူတို့လက်ရှိချစ်သူထက် ပိုပြီး ရိုဆန်ရုပ်ချော ဆွဲဆောင်မှုရှိတဲ့သူကိုတွေ့ရင် အဲဒီသူဘက်ကို ချက်ချင်းစိတ်ယိုင်တတ်ပါတယ်။
Boys – ရာသီခွင်အားလုံးထဲက Cheatingလုပ်တဲ့နေရာမှာ အတော်ဆုံး လူသားတွေပါတဲ့။ ဆိုးတာက အဲလိုလုပ်တာတွေကြောင့် ကိုယ်တကယ်ချစ်ရတဲ့သူကို ဆုံးရှုံးသွားလည်း နောင်တမရတတ်တာပါပဲ။

ကဲ… ကိုယ်ရဲ့ရာသီခွင်နဲ့ ကိုယ်နဲ့ရော ကိုက်ရဲ့လားယောင်းတို့.. ပျော်ရွှင်ကြပါစေကွယ်…

ဖိုးသူတော် (www.phothutaw.com)
Credit: Hana( For Her Myanmar)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top