iMyanmarHouse.com - Best Property Website for Myanmar
×

စစ္ကိုင္းပညာေရးတကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္၍ ဆႏၵေဖာ္ထုတ္ပြဲကို ယမန္ေန႔က ျပဳလုပ္ေနစဥ္ (ဓာတ္ပံု − ၿဖိဳးၿဖိဳးေဇာ္)

စစ္ကိုင္းပညာေရး တကၠ သိုလ္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၂၀ ေက်ာ္သည္ ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသားမ်ား တရားမွ်တမႈရရွိေရး ေက်ာင္း၀င္းအ တြင္း လွည့္လည္ဆႏၵေဖာ္ထုတ္ခဲ့ သည္။

စစ္ကုိင္း ပညာေရးတကၠ သုိလ္ ေက်ာင္းသားမ်ားသမဂၢက ဦးေဆာင္၍ ဇန္န၀ါရီ ၃၀ ရက္ နံနက္ ၉ နာရီက စစ္ကိုင္းပညာ ေရးတကၠသိုလ္ ဘဲြ႕ႏွင္းသဘင္ ခန္းမေရွ႕၌ စုေ၀းၿပီး စီတန္းလွည့္ လည္ဆႏၵေဖာ္ထုတ္ရာ အျခား ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါ၀င္ခဲ့သည္။

ဆႏၵ စတင္ေဖာ္ထုတ္ခ်ိန္ နံနက္ ၉ နာရီတြင္ ေက်ာင္းသား၊ ေက်ာင္းသူ ၇၀ ေက်ာ္သာရွိၿပီး အျခားေက်ာင္းသား၊ ေက်ာင္းသူ မ်ား ပါ၀င္လာမႈေၾကာင့္ ေန႔လယ္ ၁၂ နာရီတြင္ ၁၂၀ ခန္႔ရွိလာ ေၾကာင္း ဆႏၵျပမႈတြင္ပါ၀င္သူ မ်ားက ေျပာသည္။

‘‘ဒီလိုပညာေရးအသုံးစရိတ္ တုိးေတာင္းလို႔ ေက်ာင္းထုတ္ခံ လိုက္ရတဲ့သူေတြအတြက္ တရားမွ်တမႈ မရွိဘူးထင္လို႔ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္တာ ျဖစ္တယ္။ ပညာေရးအသုံးစရိတ္တုိးေတာင္း တယ္ဆိုတာ မေကာင္းတာလုပ္ တာမဟုတ္ပါဘူး။ ႏိုင္ငံေတာ္ အတြက္ လိုအပ္ေနတဲ့အရာကို လုပ္တာျဖစ္တယ္။ လက္ရွိျပည္ သူတင္ထားတဲ့ အစိုးရရွိတယ္။ ဒီအစိုးရမွာ မေတာင္းရင္ဘယ္ ေတာ့သြားေတာင္းရမွာလဲ။ က်န္တဲ့ ၂ ႏွစ္ေက်ာ္မွာ လုပ္ႏုိင္သ ေလာက္လုပ္ဖို႔ အသိေပးရမယ္’’ ဟု စစ္ကိုင္းပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ ပညာ ေရးတာ၀န္ခံ စတုတၳႏွစ္ေက်ာင္း သားကိုၿဖိဳးသူေက်ာ္က ေျပာၾကား သည္။

ရတနာပုံတကၠသိုလ္တြင္ ထုိင္သပိတ္ျပဳလုပ္၍ ပညာေရး အသုံးစရိတ္တုိးျမႇင့္ေရး ဆႏၵေဖာ္ထုတ္မႈ၌ ပါ၀င္ေသာ စစ္ကုိင္းပညာေရးတကၠသုိလ္ ေက်ာင္းသားသုံးဦး ေက်ာင္းမွ ထုတ္ပယ္ခံ ခဲ့ရသည္။

သပိတ္စခန္းဖြင့္ေတာင္းဆိုမႈတြင္  ပါ၀င္ခဲ့ေသာ  ရတနာပုံတကၠသိုလ္ မွ ၁၄ ဦး၊ ရမည္းသင္းနည္းပညာ  တကၠသိုလ္မွ ၁၁ ဦး၊ မိတၳီလာ နည္းပညာတကၠသိုလ္မွ တစ္ဦး၊ မိတၳီလာစီးပြားေရးတကၠသိုလ္မွ ေျခာက္ဦး၊ မိုးညႇင္းဒီဂရီေကာလိပ္ မွ ေလးဦး၊ စစ္ကိုင္းပညာေရး တကၠသိုလ္မွ သုံးဦး၊ မိတီၳလာ တကၠသိုလ္မွ ကိုးဦးတုိ႔ ေက်ာင္း မွ ထုတ္ပယ္ခံထားရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့က ပြုလုပ်နေစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

စစ်ကိုင်းပညာရေး တက္က သိုလ် ကျောင်းသား၊ ကျောင်းသူ ၁၂၀ ကျော်သည် ကျောင်းထုတ်ခံရသော ကျောင်းသားများ တရားမျှတမှုရရှိရေး ကျောင်းဝင်းအ တွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ သည်။

စစ်ကိုင်း ပညာရေးတက္က သိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီက စစ်ကိုင်းပညာ ရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမရှေ့၌ စုဝေးပြီး စီတန်းလှည့် လည်ဆန္ဒဖော်ထုတ်ရာ အခြား ကျောင်းသား၊ ကျောင်းသူများ ပါဝင်ခဲ့သည်။

ဆန္ဒ စတင်ဖော်ထုတ်ချိန် နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူ ၇၀ ကျော်သာရှိပြီး အခြားကျောင်းသား၊ ကျောင်းသူ များ ပါဝင်လာမှုကြောင့် နေ့လယ် ၁၂ နာရီတွင် ၁၂၀ ခန့်ရှိလာ ကြောင်း ဆန္ဒပြမှုတွင်ပါဝင်သူ များက ပြောသည်။

‘‘ဒီလိုပညာရေးအသုံးစရိတ် တိုးတောင်းလို့ ကျောင်းထုတ်ခံ လိုက်ရတဲ့သူတွေအတွက် တရားမျှတမှု မရှိဘူးထင်လို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်။ ပညာရေးအသုံးစရိတ်တိုးတောင်း တယ်ဆိုတာ မကောင်းတာလုပ် တာမဟုတ်ပါဘူး။ နိုင်ငံတော် အတွက် လိုအပ်နေတဲ့အရာကို လုပ်တာဖြစ်တယ်။ လက်ရှိပြည် သူတင်ထားတဲ့ အစိုးရရှိတယ်။ ဒီအစိုးရမှာ မတောင်းရင်ဘယ် တော့သွားတောင်းရမှာလဲ။ ကျန်တဲ့ ၂ နှစ်ကျော်မှာ လုပ်နိုင်သ လောက်လုပ်ဖို့ အသိပေးရမယ်’’ ဟု စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပညာ ရေးတာဝန်ခံ စတုတ္ထနှစ်ကျောင်း သားကိုဖြိုးသူကျော်က ပြောကြား သည်။

ရတနာပုံတက္ကသိုလ်တွင် ထိုင်သပိတ်ပြုလုပ်၍ ပညာရေး အသုံးစရိတ်တိုးမြှင့်ရေး ဆန္ဒဖော်ထုတ်မှု၌ ပါဝင်သော စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသုံးဦး ကျောင်းမှ ထုတ်ပယ်ခံ ခဲ့ရသည်။

သပိတ်စခန်းဖွင့်တောင်းဆိုမှုတွင်  ပါဝင်ခဲ့သော  ရတနာပုံတက္ကသိုလ် မှ ၁၄ ဦး၊ ရမည်းသင်းနည်းပညာ  တက္ကသိုလ်မှ ၁၁ ဦး၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်မှ တစ်ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ခြောက်ဦး၊ မိုးညှင်းဒီဂရီကောလိပ် မှ လေးဦး၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ သုံးဦး၊ မိတ္ထီလာ တက္ကသိုလ်မှ ကိုးဦးတို့ ကျောင်း မှ ထုတ်ပယ်ခံထားရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top