iMyanmarHouse.com - Best Property Website for Myanmar
×

ႏွာေခါင္းနဲ႔ ပါးျပင္ေပၚက ဆားဝက္ျခံေတြဟာ တကယ္ပဲ မုန္းစရာေကာင္းလိုက္တာေနာ္။ မဒီ အမုန္းဆံုးကို ေျပာရရင္ေတာ့ ႏွာေခါင္းေပၚက ဆားဝက္ျခံ စူးစူးႀကီးေတြပဲ။ မည္းမည္းစူးစူးေတြနဲ႔မုိ႔ မိတ္ကပ္လိမ္းတုိင္းလည္း ကြက္သြားတယ္။

ဆားဝက္ျခံကပ္ခြာေတြကို သံုးၾကည့္ေတာ့ ကပ္ခြာတုိင္းကလည္း အဆင္မေျပပါဘူး။ ကပ္ခြာသံုးၿပီးမွ ႏွာေခါင္းနားတဝိုက္က အသားအေရ ပ်က္စီးသြားလို႔ မည္းၿပီးက်န္ခဲ့တယ္။ အဲ့တာနဲ႔ပဲ သဘာဝနည္းကိုသံုးဖုိ႔ ဆံုးျဖတ္လိုက္ပါတယ္။ ၾကက္ဥအကာကိုသံုးၿပီး ဆားဝက္ျခံေတြကို ႐ွင္းမွာပါ။

ဘဲဥ/ၾကက္ဥတစ္လံုးရဲ႕ အကာကိုပဲ ယူပါ။ အကာေတြကို ခေလာက္လိုက္ရင္ လိမ္းရပိုလြယ္ပါလိမ့္မယ္။ မ်က္ႏွာကို မ်က္ႏွာသစ္ဆပ္ျပာနဲ႔ ေဆးေၾကာသန္႔စင္ၿပီးရင္ ဆားဝက္ ျခံ႐ွိတဲ့ေနရာေတြကို ေရေႏြးဝတ္ေလးနဲ႔ ကပ္ထားလိုက္ေတာ့ ဆားဝက္ျခံေတြ ပိုၾကြလာတာေပါ့။

ခေလာက္ထားတဲ့ ၾကက္ဥအကာေတြကို မိတ္ကပ္လိမ္းတဲ့ဘရပ္႐ွ္ေလးနဲ႔ ဆားဝက္ျခံ႐ွိတဲ့ ေနရာေတြကို သုတ္လိမ္းလိုက္တယ္။ ၿပီးရင္ တစ္႐ႈးစကၠဴတစ္လႊာကို ၾကက္ဥအကာသုတ္ထားတဲ့ေနရာေပၚမွာ ကပ္လိုက္ပါတယ္။ ေနာက္ထပ္တစ္လႊာ ထပ္သုတ္လိမ္းၿပီး အေပၚက တစ္႐ႈးတစ္လႊာ ထပ္အုပ္ထားလိုက္တယ္။

ၿပီးသြားရင္ေတာ့ ၾကက္ဥအကာေတြ ေျခာက္ေသြ႕ၿပီး တစ္႐ႈးစကၠဴေျခာက္လာေအာင္ ေစာင့္ေနလိုက္ပါ။ ေျခာက္သြားတဲ့အခါ စကၠဴကို ျဖည္းျဖည္းခ်င္းခြာလုိက္ရင္ ဆားဝက္ျခံေတြ ကပ္ပါလာတာကို ေတြ႔ရပါလိမ့္မယ္ေနာ္။ ခြာၿပီးေတာ့မွ toner ေလး လူးၿပီး moisturizer ေလးထပ္လိမ္းလိုက္မယ္ဆုိ မ်က္ႏွာေလးက တင္းရင္းစိုေျပေနတာကို ေတြ႔ရမွာ အေသအခ်ာပါပဲ႐ွင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
နှာခေါင်းနဲ့ ပါးပြင်ပေါ်က ဆားဝက်ခြံတွေဟာ တကယ်ပဲ မုန်းစရာကောင်းလိုက်တာနော်။ မဒီ အမုန်းဆုံးကို ပြောရရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံ စူးစူးကြီးတွေပဲ။ မည်းမည်းစူးစူးတွေနဲ့မို့ မိတ်ကပ်လိမ်းတိုင်းလည်း ကွက်သွားတယ်။

ဆားဝက်ခြံကပ်ခွာတွေကို သုံးကြည့်တော့ ကပ်ခွာတိုင်းကလည်း အဆင်မပြေပါဘူး။ ကပ်ခွာသုံးပြီးမှ နှာခေါင်းနားတဝိုက်က အသားအရေ ပျက်စီးသွားလို့ မည်းပြီးကျန်ခဲ့တယ်။ အဲ့တာနဲ့ပဲ သဘာဝနည်းကိုသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြက်ဥအကာကိုသုံးပြီး ဆားဝက်ခြံတွေကို ရှင်းမှာပါ။

ဘဲဥ/ကြက်ဥတစ်လုံးရဲ့ အကာကိုပဲ ယူပါ။ အကာတွေကို ခလောက်လိုက်ရင် လိမ်းရပိုလွယ်ပါလိမ့်မယ်။ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာတွေကို ရေနွေးဝတ်လေးနဲ့ ကပ်ထားလိုက်တော့ ဆားဝက်ခြံတွေ ပိုကြွလာတာပေါ့။

ခလောက်ထားတဲ့ ကြက်ဥအကာတွေကို မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်လေးနဲ့ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းလိုက်တယ်။ ပြီးရင် တစ်ရှုးစက္ကူတစ်လွှာကို ကြက်ဥအကာသုတ်ထားတဲ့နေရာပေါ်မှာ ကပ်လိုက်ပါတယ်။ နောက်ထပ်တစ်လွှာ ထပ်သုတ်လိမ်းပြီး အပေါ်က တစ်ရှုးတစ်လွှာ ထပ်အုပ်ထားလိုက်တယ်။

ပြီးသွားရင်တော့ ကြက်ဥအကာတွေ ခြောက်သွေ့ပြီး တစ်ရှုးစက္ကူခြောက်လာအောင် စောင့်နေလိုက်ပါ။ ခြောက်သွားတဲ့အခါ စက္ကူကို ဖြည်းဖြည်းချင်းခွာလိုက်ရင် ဆားဝက်ခြံတွေ ကပ်ပါလာတာကို တွေ့ရပါလိမ့်မယ်နော်။ ခွာပြီးတော့မှ toner လေး လူးပြီး moisturizer လေးထပ်လိမ်းလိုက်မယ်ဆို မျက်နှာလေးက တင်းရင်းစိုပြေနေတာကို တွေ့ရမှာ အသေအချာပါပဲရှင်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top