ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


မျိုးရိုးကြောင့်၊





နေလောင်ဒဏ်ခံခြင်း

၁။ သံလွင်ဆီ



၂။ ကြက်ဥအကာ



၃။ ဘီယာ



#Unicode Version#
ဆံကေသာ ခြောက်သွေ့ပျက်စီးနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ဆံကေသာ ဘာလို့ ခြောက်သွေ့ ပျက်စီးရသလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

မျိုးရိုးကြောင့်၊

ဓာတုပစ္စည်းတွေအသုံးပြုလို့၊

အရမ်းပြင်းတဲ့ ခေါင်းလျှော်ရည်တွေ၊

ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ်နဲ့ Fatty Acids စားသုံးမှုနည်းတာကြောင့်

အလှပြင်ပစ္စည်းတွေကို အပူပြင်းပြင်းနဲ့ သုံးခြင်း

နေလောင်ဒဏ်ခံခြင်း
ခေါင်းခဏခဏလျှော်ခြင်း

၁။ သံလွင်ဆီ

သံလွင်ဆီမှာ ဗီတာမင်နဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ဆံကေသာ ထိခိုက်ပျက်စီးခြင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

သံလွင်ဆီကို အပူနည်းနည်းပေးပြီး ဆံကေသာအရင်းကနေ အဖျားထိလိမ်းပေးပါ။ ပြီးရင် ဦးရေပြားကို ၅ မိနစ်လောက် ညင်သာစွာနှိပ်ပေးပြီး တဘက်ပူပူနဲ့ အုပ်ထားပါ။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ချပါ။

၂။ ကြက်ဥအကာ

ကြက်ဥအကာဟာ ဆံကေသာကို သန်စွမ်းစေပြီး နူးညံ့ချောမွတ်စေတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။

ကြက်ဥအကာတစ်လုံးနဲ့ ရေနွေးစားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို သေချာရောလိုက်ပြီး ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ပြီးရင် လက်ချောင်းနဲ့ ၁၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ အဲဒီနောက် ခေါင်းလျှော်ချပါ။

၃။ ဘီယာ

ဘီယာဟာ အကောင်းဆုံး ဆံပင်ပေါင်းတင်ဆေးပါပဲ။ အရင်ဆုံး ခေါင်းကိုလျှော်လိုက်ပြီး ဘီယာနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top