iMyanmarHouse.com - Best Property Website for Myanmar
×

Contraceptive pills ကိုယ္ဝန္တား စားေဆး၊ Rings ကြင္း၊ နဲ႔ Patches ကပ္ခြါေတြကေန သံုးစြဲတဲ့ အမ်ိဳးသမီးေတြ Risk of blood clot ေသြးခဲေစႏိုင္တဲ့ အႏၲရာယ္ ရွိေစႏိုင္တယ္လို႔ ၂၇-၁ဝ-၂ဝ၁၁ ေန႔က အေမရိကန္ FDA ေဆးဝါးနဲ႔ အစားအေသာက္ အာဏာပိုင္အဖြဲ႔ကေန ထုတ္ျပန္လိုက္ပါတယ္။

Food and Drug Administration ကေန အမ်ိဳးသမီးေပါင္း ၈ သိန္းေက်ာ္ကို ၂ဝဝ၁ ကေန ၂ဝဝ၇ အတြင္းမွာ ေလ့လာခဲ့တာပါ။ ဒီ အမ်ိဳးသမီးေတြဟာ Yaz pill သံုးသူေတြ၊ Ortho Evra trans-dermal patch အေရျပားေအာက္ ထည့္ထားရတဲ့ ေဆးေခ်ာင္းေတြ နဲ႔ NuvaRing (ဗဂ်ိဳင္းနား) ထဲထည့္ထားရတဲ့ ကြင္းေတြ သံုးေနၾကသူေတြ ျဖစ္ပါတယ္။ ဒီ နည္း ၃ မ်ိဳးလံုးဟာ Deep venous thrombosis ကိုယ္အတြင္းထဲမွာ ရွိတဲ့ ေသြးျပန္ေၾကာထဲ ေသြးခဲတဲ့ေရာဂါနဲ႔ ဆက္စပ္ေနပါတယ္။

Drospirenone ေဆးပါတဲ့ဟာ Progestin ပါတဲ့ Levonorgestrel လိုေဆးနဲ႔ မတူတဲ့သေဘာ ျဖစ္ပါတယ္။ ဒီအႏၲရာယ္ ရွိႏိုင္တဲ့ ေဆးနာမည္ေတြကေတာ့ Yaz, Yasmin, Beyaz, Ocella, Loryna, Gianvi, Safyral, Syeda နဲ႔ Zarah ေတြ ျဖစ္ၾကတယ္။

– Yaz ေဆးဟာ ဂ်ာမန္ကုမၸဏီ Bayer ကေနထုတ္လုပ္ျပီး တကမာၻလံုးမွာ ၁႕၅၆ ဘီလီယမ္ ဘိုး ေရာင္ခ်ေနရတဲ့ ကုိယ္ဝန္တား စားေဆး ျဖစ္တယ္။
– NuvaRing ဆိုတာ အမ်ိဳးသမီးရဲ႕ ဗဂ်ိဳင္းနားထဲမွာ တလထားႏိုင္တဲ့ ေဆးပါတဲ့ကြင္း ျဖစ္တယ္။ Merck pharmaceuticals ကေန ထုတ္တယ္။
– Ortho Evra patch ကေတာ့ Janssen Pharmaceuticals ကေနထုတ္ျပီး တပါတ္တခါ အသစ္လဲရတာမ်ိဳး ျဖစ္တယ္။

အခု ေတြ႔ရွိခ်က္ဟာ အသစ္ျဖစ္ျပီး လာမဲ့ ဒီဇဘၤာလထဲမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးဘို႔ရွိပါတယ္။ အခုလို တာရွည္ခံ တားနည္းေတြကေနရတဲ့ Estrogen (အီစထိုဂ်င္) ေဟာ္မုန္းေၾကာင့္ ဒီလိုျဖစ္ရလို႔ ယူဆစရာရွိပါတယ္။

European Medicines Agency ကလဲဘဲ ၂၇-၅-၂ဝ၁၁ ကတည္းက ဒီလို သတိေပးခ်က္ ထြက္ေပးထားျပီး ျဖစ္ပါတယ္။ ဒါေပမဲ့ ေသြးခဲေစႏိုင္တဲ့ ျဖစ္ႏွဳန္းက သိပ္မမ်ားတာေၾကာင့္ အမ်ိဳးသမီးေတြ Drospirenone pills မသံုးၾကနဲ႔ေတာ့လို႔ မေျပာေသးပါ။

ရွားပါတာေတြ ရွိပါတယ္။ ဆယ္ေက်ာ္သက္ မိန္းကေလးတေယာက္ Yaz သံုးရာကေန ေသြးခဲျပီး ေသဆံုးရတယ္လို႔ စြပ္စြဲမႈနဲ႔ တရားစြဲဘူးတယ္။ Michelle Pfleger ေခၚတဲ့ ၁၈ ႏွစ္သမီး အေမရိကန္မေလးလဲ ဝက္ျခံ ေပ်ာက္ေအာင္ဆိုျပီး တားေဆး Yaz ေသာက္လို႔ ႏွလံုးရပ္ျပီး ေသဆံုးေသးတယ္။

– ဒီႏွစ္ထဲမွာ British Medical Journal ရဲ႕ေရးသားခ်က္ ၂ ခု အရလဲ Yaz နဲ႔ Yasmin ေဆးေတြကေန ေသြးခဲမွာကို ၃ ဆ ရွိတယ္၊
– သံုးေနၾက ဆားေဆးေတြက ၂ ဆသာ ျဖစ္ေစတယ္လို႔ ပါရွိတယ္။ တားေဆးမေသာက္သူထက္ ပိုျဖစ္ႏိုင္တာကို ဆိုလိုတာျဖစ္တယ္။
– Yaz ရဲ႕ တရားဝင္ Website (ဝက္ဘ္ဆိုက္) မွာလဲ ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေတြထဲမွာ Blood clots ေသြးခဲတာ၊ Stroke (စထုပ္ခ္) ရတာ နဲ႔ Heart attack ႏွလံုး (အတက္ခ္) ရတာေတြ ျဖစ္ေစႏိုင္တယ္လို႔ ပါထားတယ္။
– NuvaRing ေဆးကြင္း နဲ႔ Ortho Evra ေဆးေခ်ာင္းေတြနဲ႔ ဆက္စပ္မႈကေတာ့ အသစ္ေတြ႔ရွိခ်က္ ျဖစ္ပါတယ္။ အထူးသျဖင့္ အသက္ ၃၅ ႏွစ္ အထက္ အမ်ိဳးသမီးေတြအတြက္ စိုးရိမ္စရာရွိႏိုင္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေဒါက္တာတင့္ေဆြ

# Unicode Version ျဖင့္ ဖတ္ပါ #
Contraceptive pills ကိုယ်ဝန်တား စားဆေး၊ Rings ကွင်း၊ နဲ့ Patches ကပ်ခွါတွေကနေ သုံးစွဲတဲ့ အမျိုးသမီးတွေ Risk of blood clot သွေးခဲစေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်တယ်လို့ ၂၇-၁ဝ-၂ဝ၁၁ နေ့က အမေရိကန် FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

Food and Drug Administration ကနေ အမျိုးသမီးပေါင်း ၈ သိန်းကျော်ကို ၂ဝဝ၁ ကနေ ၂ဝဝ၇ အတွင်းမှာ လေ့လာခဲ့တာပါ။ ဒီ အမျိုးသမီးတွေဟာ Yaz pill သုံးသူတွေ၊ Ortho Evra trans-dermal patch အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်းတွေ နဲ့ NuvaRing (ဗဂျိုင်းနား) ထဲထည့်ထားရတဲ့ ကွင်းတွေ သုံးနေကြသူတွေ ဖြစ်ပါတယ်။ ဒီ နည်း ၃ မျိုးလုံးဟာ Deep venous thrombosis ကိုယ်အတွင်းထဲမှာ ရှိတဲ့ သွေးပြန်ကြောထဲ သွေးခဲတဲ့ရောဂါနဲ့ ဆက်စပ်နေပါတယ်။

Drospirenone ဆေးပါတဲ့ဟာ Progestin ပါတဲ့ Levonorgestrel လိုဆေးနဲ့ မတူတဲ့သဘော ဖြစ်ပါတယ်။ ဒီအန္တရာယ် ရှိနိုင်တဲ့ ဆေးနာမည်တွေကတော့ Yaz, Yasmin, Beyaz, Ocella, Loryna, Gianvi, Safyral, Syeda နဲ့ Zarah တွေ ဖြစ်ကြတယ်။

– Yaz ဆေးဟာ ဂျာမန်ကုမ္ပဏီ Bayer ကနေထုတ်လုပ်ပြီး တကမ္ဘာလုံးမှာ ၁့၅၆ ဘီလီယမ် ဘိုး ရောင်ချနေရတဲ့ ကိုယ်ဝန်တား စားဆေး ဖြစ်တယ်။
– NuvaRing ဆိုတာ အမျိုးသမီးရဲ့ ဗဂျိုင်းနားထဲမှာ တလထားနိုင်တဲ့ ဆေးပါတဲ့ကွင်း ဖြစ်တယ်။ Merck pharmaceuticals ကနေ ထုတ်တယ်။
– Ortho Evra patch ကတော့ Janssen Pharmaceuticals ကနေထုတ်ပြီး တပါတ်တခါ အသစ်လဲရတာမျိုး ဖြစ်တယ်။

အခု တွေ့ရှိချက်ဟာ အသစ်ဖြစ်ပြီး လာမဲ့ ဒီဇင်္ဘာလထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဘို့ရှိပါတယ်။ အခုလို တာရှည်ခံ တားနည်းတွေကနေရတဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်းကြောင့် ဒီလိုဖြစ်ရလို့ ယူဆစရာရှိပါတယ်။

European Medicines Agency ကလဲဘဲ ၂၇-၅-၂ဝ၁၁ ကတည်းက ဒီလို သတိပေးချက် ထွက်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးခဲစေနိုင်တဲ့ ဖြစ်နှုန်းက သိပ်မများတာကြောင့် အမျိုးသမီးတွေ Drospirenone pills မသုံးကြနဲ့တော့လို့ မပြောသေးပါ။

ရှားပါတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတယောက် Yaz သုံးရာကနေ သွေးခဲပြီး သေဆုံးရတယ်လို့ စွပ်စွဲမှုနဲ့ တရားစွဲဘူးတယ်။ Michelle Pfleger ခေါ်တဲ့ ၁၈ နှစ်သမီး အမေရိကန်မလေးလဲ ဝက်ခြံ ပျောက်အောင်ဆိုပြီး တားဆေး Yaz သောက်လို့ နှလုံးရပ်ပြီး သေဆုံးသေးတယ်။

– ဒီနှစ်ထဲမှာ British Medical Journal ရဲ့ရေးသားချက် ၂ ခု အရလဲ Yaz နဲ့ Yasmin ဆေးတွေကနေ သွေးခဲမှာကို ၃ ဆ ရှိတယ်၊
– သုံးနေကြ ဆားဆေးတွေက ၂ ဆသာ ဖြစ်စေတယ်လို့ ပါရှိတယ်။ တားဆေးမသောက်သူထက် ပိုဖြစ်နိုင်တာကို ဆိုလိုတာဖြစ်တယ်။
– Yaz ရဲ့ တရားဝင် Website (ဝက်ဘ်ဆိုက်) မှာလဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ Blood clots သွေးခဲတာ၊ Stroke (စထုပ်ခ်) ရတာ နဲ့ Heart attack နှလုံး (အတက်ခ်) ရတာတွေ ဖြစ်စေနိုင်တယ်လို့ ပါထားတယ်။
– NuvaRing ဆေးကွင်း နဲ့ Ortho Evra ဆေးချောင်းတွေနဲ့ ဆက်စပ်မှုကတော့ အသစ်တွေ့ရှိချက် ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေအတွက် စိုးရိမ်စရာရှိနိုင်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top