စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

သဃၤန္းကြၽန္းၿမိဳ႕နယ္ သံသုမာလမ္း MAX ဆီဆိုင္အနီးတြင္ ဆုိင္ကယ္ျဖင့္ ကင္းလွည့္ေနသည့္ ရဲတပ္ၾကပ္တစ္ဦး ဟိုက္ေအ့စ္ယာဥ္အတိုက္ခံရၿပီး ေသဆံုးခဲ့သည္။

ဇန္နဝါရီ ၂၉ ရက္ နံနက္ ၁ နာရီေက်ာ္က သုဝဏၰနယ္ေျမ ရဲစခန္းမွ ရဲတပ္ၾကပ္တစ္ဦး၊ ဒုတပ္ၾကပ္တစ္ဦးႏွင့္  ရဲတပ္သား တစ္ဦး လွည့္ကင္းတာဝန္ထမ္း ေဆာင္ေနစဥ္ ကမာၾကည္မီးပြိဳင့္မွ သုဝဏၰလမ္းဆံု မီးပြိဳင့္သို႔ ေမာင္း ႏွင္လာခုိက္ ဟိုက္ေအ့စ္ယာဥ္က အရွိန္လြန္ကာ  ေနာက္မွ တိုက္မိခဲ့ ေၾကာင္း  ယာဥ္ထိန္းရဲအရာရွိတစ္ ဦးက ေျပာသည္။

‘‘သူ႔ဆုိင္ကယ္ကို ကားသမားက အေနာက္ကေန ဝင္တိုက္မိ တယ္။ တိုက္မိတဲ့အရွိန္နဲ႔ တစ္ ဖက္ယာဥ္ေၾကာေရာက္သြားၿပီး တစ္ဖက္ကားက ထပ္ၿပီးႀကိတ္မိ သြားတယ္။ စံျပေဆး႐ံုကို ပို႔ေန တုန္း လမ္းမွာပဲ ရရွိထားတဲ့ ဒဏ္ရာနဲ႔ ေသသြားပါတယ္’’ဟု ၎ကေျပာသည္။

ကားျဖင့္ တိုက္ခဲ့သည့္ ဟိုက္ေအ့စ္ယာဥ္ေမာင္းကို နံနက္ ၂ နာရီေက်ာ္တြင္ ကားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး တစ္ဖက္လမ္းမွ ကားျဖင့္ႀကိတ္မိခဲ့သည့္ ယာဥ္ ေမာင္းကို ရွာေဖြေနေၾကာင္း အ ေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕ ရဲအရာရွိ တစ္ဦးက ေျပာသည္။

‘‘ေသဆံုးသြားတဲ့ ရဲက သုဝဏၰနယ္ေျမရဲစခန္း အိမ္ေထာင္သည္လိုင္းမွာေနတယ္။ သားသံုးေယာက္က်န္ခဲ့တယ္။ ေလးတန္းတစ္ေယာက္နဲ႔  ကိုးတန္းတစ္ေယာက္ကေတာ့ ေက်ာင္းတက္ေနတယ္။ ၃၁ ရက္ေန႔ ေရေဝးမွာ အသုဘခ်မွာပါ’’ဟု ၎က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း MAX ဆီဆိုင်အနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် ရဲတပ်ကြပ်တစ်ဦး ဟိုက်အေ့စ်ယာဉ်အတိုက်ခံရပြီး သေဆုံးခဲ့သည်။

ဇန်နဝါရီ ၂၉ ရက် နံနက် ၁ နာရီကျော်က သုဝဏ္ဏနယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့်  ရဲတပ်သား တစ်ဦး လှည့်ကင်းတာဝန်ထမ်း ဆောင်နေစဉ် ကမာကြည်မီးပွိုင့်မှ သုဝဏ္ဏလမ်းဆုံ မီးပွိုင့်သို့ မောင်း နှင်လာခိုက် ဟိုက်အေ့စ်ယာဉ်က အရှိန်လွန်ကာ  နောက်မှ တိုက်မိခဲ့ ကြောင်း  ယာဉ်ထိန်းရဲအရာရှိတစ် ဦးက ပြောသည်။

‘‘သူ့ဆိုင်ကယ်ကို ကားသမားက အနောက်ကနေ ဝင်တိုက်မိ တယ်။ တိုက်မိတဲ့အရှိန်နဲ့ တစ် ဖက်ယာဉ်ကြောရောက်သွားပြီး တစ်ဖက်ကားက ထပ်ပြီးကြိတ်မိ သွားတယ်။ စံပြဆေးရုံကို ပို့နေ တုန်း လမ်းမှာပဲ ရရှိထားတဲ့ ဒဏ်ရာနဲ့ သေသွားပါတယ်’’ဟု ၎င်းကပြောသည်။

ကားဖြင့် တိုက်ခဲ့သည့် ဟိုက်အေ့စ်ယာဉ်မောင်းကို နံနက် ၂ နာရီကျော်တွင် ကားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တစ်ဖက်လမ်းမှ ကားဖြင့်ကြိတ်မိခဲ့သည့် ယာဉ် မောင်းကို ရှာဖွေနေကြောင်း အ ရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘သေဆုံးသွားတဲ့ ရဲက သုဝဏ္ဏနယ်မြေရဲစခန်း အိမ်ထောင်သည်လိုင်းမှာနေတယ်။ သားသုံးယောက်ကျန်ခဲ့တယ်။ လေးတန်းတစ်ယောက်နဲ့  ကိုးတန်းတစ်ယောက်ကတော့ ကျောင်းတက်နေတယ်။ ၃၁ ရက်နေ့ ရေဝေးမှာ အသုဘချမှာပါ’’ဟု ၎င်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top