ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဟိုတယ္က ကုတင္ေအာက္မွာ လူေသအေလာင္းႀကီးရွိေနတာမသိပဲ တစ္ပတ္ၾကာေအာင္ အိပ္ခဲ့မိတဲ့ ဧည့္သည္ေတြရဲ႕ ျဖစ္ရပ္

ဟိုတယ္မွာ လာတည္းသူေတြဟာ သူတို႔အိပ္ခဲ့တဲ့ အခန္းကုတင္ေအာက္မွာ အေလာင္းေကာင္ႀကီး တစ္ခ်ိန္လုံး ရွိေနခဲ့တယ္ဆိုတာသိသြားရင္ အေတာ့္ကို ေျခာက္ျခားမိၾကမွာ အေသအခ်ာပါပဲ။

မကၠစီကိုစီးတီးက ဟိုတယ္စီနာေဒါရဲ႕ အခန္းတစ္ခုကေန အပုတ္နံ႕ ထြက္လာမွ ဟိုတယ္ဝန္ထမ္းေတြ လိုက္ရွာၾကရင္း အခန္းနံပါတ္ (၃၂၃) ရဲ႕ ကုတင္ေအာက္မွာ ပလတ္စတစ္အိတ္အနက္ေရာင္နဲ႕ အထပ္ထပ္ထုတ္ပိုးထားတဲ့ အမ်ိဳးသမီး အေလာင္းတစ္ေလာင္းကို ထိတ္လန႔္စြာ ေတြ႕ရွိခဲ့ရပါတယ္။ အဆိုပါအေလာင္းကို သန႔္ရွင္းေရးအမ်ိဳးသမီးမ်ားက ေတြ႕ရွိခဲ့ၿပီး ရဲကို ခ်က္ျခင္း သတင္းပို႔ အေၾကာင္းၾကားခဲ့ပါတယ္။

အေရးေပၚအသက္ကယ္ က်န္းမာေရးဝန္ထမ္းေတြ ပထမဆုံးေရာက္လာခဲ့ၿပီး အမ်ိဳးသမီးအေလာင္းဟာ အနည္းဆုံး တစ္ပတ္ေလာက္ေတာ့ ၾကာေနခဲ့ၿပီး အသက္ရႈမြမ္းက်ပ္ၿပီး ေသဆုံးခဲ့တယ္လို႔ အတည္ျပဳေပးခဲ့ပါတယ္။

အမ်ိဳးသမီးအေလာင္းကို ဟိုတယ္ဝန္ထမ္းမ်ား မေတြ႕ရွိမီအခ်ိန္ထိ အဆိုပါအခန္းကို ဧည့္သည္မ်ားအား ငွားရမ္းခဲ့ၿပီး ဧည့္သည္မ်ားက သူတို႔အိပ္ခဲ့ေသာ အိပ္ယာေအာက္တြင္ လူေသအေလာင္းရွိေနေၾကာင္း မသိရွိခဲ့ေပ။ အမ်ိဳးသမီးေသဆုံးခဲ့သည့္ အခ်ိန္ေလာက္ကို မွန္းဆကာ အဆိုပါအခန္းတြင္ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး လာေရာက္ တည္းခိုခဲ့ေၾကာင္း ဟိုတယ္ဝန္ထမ္းမွ သတိထားမိခဲ့ေသာ္လည္း မည္သူမည္ဝါမ်ား ျဖစ္ၾကသည္ကိုမူ မမွတ္မိၾကေပ။

စီစီတီဗီကင္မရာလည္း တပ္ဆင္ထားျခင္း မရွိသည့္အတြက္ ေသဆုံးသူ အမ်ိဳးသမီးေရာ လြတ္ေျမာက္ေနသူ အမ်ိဳးသားကိုပါ ခန႔္မွန္းနိုင္ျခင္း မရွိေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
ဟိုတယ်က ကုတင်အောက်မှာ လူသေအလောင်းကြီးရှိနေတာမသိပဲ တစ်ပတ်ကြာအောင် အိပ်ခဲ့မိတဲ့ ဧည့်သည်တွေရဲ့ ဖြစ်ရပ်

ဟိုတယ်မှာ လာတည်းသူတွေဟာ သူတို့အိပ်ခဲ့တဲ့ အခန်းကုတင်အောက်မှာ အလောင်းကောင်ကြီး တစ်ချိန်လုံး ရှိနေခဲ့တယ်ဆိုတာသိသွားရင် အတော့်ကို ခြောက်ခြားမိကြမှာ အသေအချာပါပဲ။

မက္ကစီကိုစီးတီးက ဟိုတယ်စီနာဒေါရဲ့ အခန်းတစ်ခုကနေ အပုတ်နံ့ ထွက်လာမှ ဟိုတယ်ဝန်ထမ်းတွေ လိုက်ရှာကြရင်း အခန်းနံပါတ် (၃၂၃) ရဲ့ ကုတင်အောက်မှာ ပလတ်စတစ်အိတ်အနက်ရောင်နဲ့ အထပ်ထပ်ထုတ်ပိုးထားတဲ့ အမျိုးသမီး အလောင်းတစ်လောင်းကို ထိတ်လန့်စွာ တွေ့ရှိခဲ့ရပါတယ်။ အဆိုပါအလောင်းကို သန့်ရှင်းရေးအမျိုးသမီးများက တွေ့ရှိခဲ့ပြီး ရဲကို ချက်ခြင်း သတင်းပို့ အကြောင်းကြားခဲ့ပါတယ်။

အရေးပေါ်အသက်ကယ် ကျန်းမာရေးဝန်ထမ်းတွေ ပထမဆုံးရောက်လာခဲ့ပြီး အမျိုးသမီးအလောင်းဟာ အနည်းဆုံး တစ်ပတ်လောက်တော့ ကြာနေခဲ့ပြီး အသက်ရှုမွမ်းကျပ်ပြီး သေဆုံးခဲ့တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

အမျိုးသမီးအလောင်းကို ဟိုတယ်ဝန်ထမ်းများ မတွေ့ရှိမီအချိန်ထိ အဆိုပါအခန်းကို ဧည့်သည်များအား ငှားရမ်းခဲ့ပြီး ဧည့်သည်များက သူတို့အိပ်ခဲ့သော အိပ်ယာအောက်တွင် လူသေအလောင်းရှိနေကြောင်း မသိရှိခဲ့ပေ။ အမျိုးသမီးသေဆုံးခဲ့သည့် အချိန်လောက်ကို မှန်းဆကာ အဆိုပါအခန်းတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး လာရောက် တည်းခိုခဲ့ကြောင်း ဟိုတယ်ဝန်ထမ်းမှ သတိထားမိခဲ့သော်လည်း မည်သူမည်ဝါများ ဖြစ်ကြသည်ကိုမူ မမှတ်မိကြပေ။

စီစီတီဗီကင်မရာလည်း တပ်ဆင်ထားခြင်း မရှိသည့်အတွက် သေဆုံးသူ အမျိုးသမီးရော လွတ်မြောက်နေသူ အမျိုးသားကိုပါ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top