န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

ေနအိမ္ၿခံဝင္းထဲ ဝင္ေရာက္ၿပီး ကေလးျပန္ေပးဆြဲဖို႔ ႀကိဳးစားခဲ့တဲ့ အမ်ိဳးသမီးတဦးကို ကေလးရဲ႕ဖခင္က လက္ရဖမ္းဆီးႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာ ဇန္နဝါရီ ၂၆ ရက္ေန႔က ျဖစ္ခဲ့တာျဖစ္ၿပီး ကေလးငယ္ဟာ အိမ္ၿခံဝင္းအေနာက္ဘက္ ဥယ်ာဥ္ထဲမွာ ေဆာ့ကစားေနခဲ့တာပါ။

အမ်ိဳးသမီးဟာ ၿခံစည္း႐ုိးကို ခ်ိဳးဖ်က္ဝင္ေရာက္လာၿပီး ေနအိမ္ေခါင္မိုးမွတဆင့္ တြားတက္ခဲ့ကာ အေနာက္ဘက္ဥယ်ာဥ္ထဲ သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ကံေကာင္းေထာက္မစြာပဲ အဲဒီေန႔က အိမ္ထဲမွာ မိသားစုကရွိေနၿပီး ကေလးငယ္ရဲ႕ ဖခင္ျဖစ္သူက ေတြ႔သြားခဲ့ကာ သားျဖစ္သူကို ကယ္တင္ႏိုင္ခဲ့တာပါ။

ဖခင္ျဖစ္သူဟာ ဒီအျဖစ္အပ်က္ကို ႐ုပ္သံမွတ္တမ္းတင္ထားခဲ့တာျဖစ္ၿပီး “က်ေနာ္ ၿခံေနာက္ဘက္မွာ ဒီအမ်ိဳးသမီးကို ဖမ္းမိခဲ့တာ။ သူက က်ေနာ့္သားကို ျပန္ေပးဆြဲဖို႔ လုပ္ေနခဲ့တယ္” လို႔ ေျပာပါတယ္။

အမ်ိဳးသမီးဟာ ကေလးငယ္ကို သား ဒါမွမဟုတ္ သမီးလို႔ တတြတ္တြတ္ေျပာေနခဲ့ခ်ိန္မွာ ဖခင္ျဖစ္သူ အမ်ိဳးသားက “အဲဒါ.. ငါ့သား” လို႔ ေအာ္ေျပာလိုက္တာပါ။

သူက မင္းခုလို ျပန္ေပးဆြဲဖို႔ ႀကိဳးစားတဲ့အတြက္ အဖမ္းခံရလိမ့္မယ္လို႔ ေျပာခဲ့ခ်ိန္မွာ အမ်ိဳးသမီးက “အမွန္တရားကို ငါသိပါတယ္” လို႔ ျပန္ေျပာခဲ့ပါတယ္။

ေနာက္ဆံုးမွာေတာ့ အဲဒီအမ်ိဳးသမီးကို ရဲေတြက ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ေမရာသတင္းမွာ ေဖာ္ျပပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဒီအမ်ိဳးသမီးဟာ စိတ္က်န္းမာေရး ခ်ိဳ႕ယြင္းေနတာမို႔ နီးစပ္ရာ ေဆး႐ုံတ႐ုံကို ပို႔ေဆာင္ခဲ့ရေၾကာင္း နယူးေဆာက္သ္ေဝးျပည္နယ္ ရဲဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicodeဖြင့်ဖတ်ရန် #
နေအိမ်ခြံဝင်းထဲ ဝင်ရောက်ပြီး ကလေးပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတဦးကို ကလေးရဲ့ဖခင်က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဇန်နဝါရီ ၂၆ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ အိမ်ခြံဝင်းအနောက်ဘက် ဥယျာဉ်ထဲမှာ ဆော့ကစားနေခဲ့တာပါ။

အမျိုးသမီးဟာ ခြံစည်းရိုးကို ချိုးဖျက်ဝင်ရောက်လာပြီး နေအိမ်ခေါင်မိုးမှတဆင့် တွားတက်ခဲ့ကာ အနောက်ဘက်ဥယျာဉ်ထဲ သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာပဲ အဲဒီနေ့က အိမ်ထဲမှာ မိသားစုကရှိနေပြီး ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက တွေ့သွားခဲ့ကာ သားဖြစ်သူကို ကယ်တင်နိုင်ခဲ့တာပါ။

ဖခင်ဖြစ်သူဟာ ဒီအဖြစ်အပျက်ကို ရုပ်သံမှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး “ကျနော် ခြံနောက်ဘက်မှာ ဒီအမျိုးသမီးကို ဖမ်းမိခဲ့တာ။ သူက ကျနော့်သားကို ပြန်ပေးဆွဲဖို့ လုပ်နေခဲ့တယ်” လို့ ပြောပါတယ်။

အမျိုးသမီးဟာ ကလေးငယ်ကို သား ဒါမှမဟုတ် သမီးလို့ တတွတ်တွတ်ပြောနေခဲ့ချိန်မှာ ဖခင်ဖြစ်သူ အမျိုးသားက “အဲဒါ.. ငါ့သား” လို့ အော်ပြောလိုက်တာပါ။

သူက မင်းခုလို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့အတွက် အဖမ်းခံရလိမ့်မယ်လို့ ပြောခဲ့ချိန်မှာ အမျိုးသမီးက “အမှန်တရားကို ငါသိပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။

နောက်ပိုင်းမှာတော့ ဒီအမျိုးသမီးဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေတာမို့ နီးစပ်ရာ ဆေးရုံတရုံကို ပို့ဆောင်ခဲ့ရကြောင်း နယူးဆောက်သ်ဝေးပြည်နယ် ရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top