×

ဘူဒိုဇာထုတ္လုပ္သည့္ စက္႐ံုေဟာင္းကို ျပန္လည္ျပင္ ဆင္ၿပီး က်န္းမာေရးဝန္ႀကီးဌာန အတြက္ လူနာတင္ယာဥ္ ၅၅ စီး ထုတ္လုပ္ရန္ စီစဥ္ေနေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက ေျပာ သည္။

လူနာတင္ယာဥ္ ထုတ္လုပ္ ေရး ေဆာင္ရြက္ရာတြင္ ျပည္တြင္းပညာရွင္မ်ားသာမက ျပည္ပ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ ပူး ေပါင္း ေဆာင္ရြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆုိ သည္။

‘‘အခုေတာ့ တစ္စီးထုတ္တာ အားလံုးၿပီးသြားၿပီ။ ဆက္လက္ ထုတ္ဖုိ႔အတြက္ က်န္းမာေရးဝန္ ႀကီးဌာနနဲ႔ ဆက္လက္ညႇိႏိႈင္းေန ပါတယ္’’ဟု ဒီဇင္ဘာ ၃၀ ရက္က ရန္ကုန္ၿမိဳ႕၌က်င္းပေသာ ဒုတိယ သမၼတႏွင့္ စီးပြားေရးလုပ္ငန္းရွင္ မ်ား ေတြ႕ဆံုပြဲတြင္ ဝန္ႀကီး ဦးခင္ ေမာင္ခ်ိဳကေျပာသည္။

ကားထုတ္လုပ္ေရးလုပ္ငန္း မ်ားတြင္ လူနာတင္ယာဥ္ ထုတ္ လုပ္ေရးသည္ ခက္ခဲျခင္းေၾကာင့္ စက္႐ံု ၁၀ ႐ံုတြင္ တစ္႐ံုထုတ္လုပ္ ႏိုင္ျခင္းမရွိေၾကာင္း ျပည္ပမွ ကား တင္သြင္း ေရာင္းခ်ေနသူတစ္ဦး က ေျပာသည္။

စက္မႈဝန္ႀကီးဌာနမွ လူနာ တင္ယာဥ္ထုတ္လုပ္ရာတြင္ ေမာ္ ေတာ္ယာဥ္ႏွင့္ က်န္းမာေရးသံုး စက္ကိရိယာမ်ားကို ျပည္ပမွတင္သြင္းၿပီး ျပည္တြင္း၌ တပ္ဆင္ သည့္ စနစ္မ်ိဳးျဖစ္ႏိုင္ေၾကာင္း ၎ကေျပာသည္။

က်န္းမာေရးဝန္ႀကီးဌာနအ ေနျဖင့္ လူနာတင္ယာဥ္မ်ားကို ဝယ္ယူရာတြင္ တင္ဒါေခၚယူၿပီး ေဈးႏႈန္းႏွင့္ အရည္အေသြးကို ကြၽမ္းက်င္သူမ်ားက စစ္ေဆးၿပီး ဝယ္ယူသည္ဟု ျမန္မာႏုိင္ငံ ေမာ္ ေတာ္ယာဥ္ တင္သြင္းထုတ္လုပ္ ျဖန္႔ျဖဴးေရာင္းခ်သူမ်ား အသင္း ဥကၠ႒ ေဒါက္တာစိုးထြန္းက ေျပာ သည္။

 အ႐ႈံးေပၚေနေသာ္လည္း ရပ္ဆိုင္း၍မရေသာ ႏုိင္ငံပိုင္စက္႐ုံမ်ားကို အစိုးရက ဆက္လက္လုပ္ကိုင္ရမည္ဟု ျပည္ေထာင္စု၀န္ႀကီးကေျပာသည္။

အ႐ႈံးေပၚ၍ ရပ္ဆိုင္းထားရ ေသာ ႏုိင္ငံပိုင္စက္႐ုံ ၅၄ ႐ုံမွ ၂၄ ႐ုံကို ပုဂၢလိကႏွင့္ ပူးေပါင္း၍ ေဆာင္ရြက္သြားရန္ စီစဥ္ထား သည္ဟုလည္း ၎ကေျပာၾကား သည္။

ပုဂၢလိကႏွင့္ ပူးေပါင္းလုပ္ကိုင္မည့္ ႏိုင္ငံပိုင္စက္႐ုံမ်ားတြင္ ေက်ာက္စိမ္းမ်ား၊ တကၠသိုလ္ ဆရာ၊ ဆရာမမ်ားအတြက္ ခ်ည္ ထည္လံုခ်ည္မ်ား ရက္လုပ္သည့္ အထည္အလိပ္စက္႐ုံမ်ား ပါ၀င္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ဘူဒိုဇာထုတ်လုပ်သည့် စက်ရုံဟောင်းကို ပြန်လည်ပြင် ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာန အတွက် လူနာတင်ယာဉ် ၅၅ စီး ထုတ်လုပ်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ပြော သည်။

လူနာတင်ယာဉ် ထုတ်လုပ် ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းပညာရှင်များသာမက ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ပူး ပေါင်း ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆို သည်။

‘‘အခုတော့ တစ်စီးထုတ်တာ အားလုံးပြီးသွားပြီ။ ဆက်လက် ထုတ်ဖို့အတွက် ကျန်းမာရေးဝန် ကြီးဌာနနဲ့ ဆက်လက်ညှိနှိုင်းနေ ပါတယ်’’ဟု ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့၌ကျင်းပသော ဒုတိယ သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးခင် မောင်ချိုကပြောသည်။

ကားထုတ်လုပ်ရေးလုပ်ငန်း များတွင် လူနာတင်ယာဉ် ထုတ် လုပ်ရေးသည် ခက်ခဲခြင်းကြောင့် စက်ရုံ ၁၀ ရုံတွင် တစ်ရုံထုတ်လုပ် နိုင်ခြင်းမရှိကြောင်း ပြည်ပမှ ကား တင်သွင်း ရောင်းချနေသူတစ်ဦး က ပြောသည်။

စက်မှုဝန်ကြီးဌာနမှ လူနာ တင်ယာဉ်ထုတ်လုပ်ရာတွင် မော် တော်ယာဉ်နှင့် ကျန်းမာရေးသုံး စက်ကိရိယာများကို ပြည်ပမှတင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင် သည့် စနစ်မျိုးဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအ နေဖြင့် လူနာတင်ယာဉ်များကို ဝယ်ယူရာတွင် တင်ဒါခေါ်ယူပြီး ဈေးနှုန်းနှင့် အရည်အသွေးကို ကျွမ်းကျင်သူများက စစ်ဆေးပြီး ဝယ်ယူသည်ဟု မြန်မာနိုင်ငံ မော် တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

 အရှုံးပေါ်နေသော်လည်း ရပ်ဆိုင်း၍မရသော နိုင်ငံပိုင်စက်ရုံများကို အစိုးရက ဆက်လက်လုပ်ကိုင်ရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အရှုံးပေါ်၍ ရပ်ဆိုင်းထားရ သော နိုင်ငံပိုင်စက်ရုံ ၅၄ ရုံမှ ၂၄ ရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန် စီစဉ်ထား သည်ဟုလည်း ၎င်းကပြောကြား သည်။

ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံပိုင်စက်ရုံများတွင် ကျောက်စိမ်းများ၊ တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် ချည် ထည်လုံချည်များ ရက်လုပ်သည့် အထည်အလိပ်စက်ရုံများ ပါဝင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top