စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×

အရက်ဆိုင်အတွင်း အမျိုးသားတစ်ဦး အရက်ထိုင် သောက်နေစဉ် ဓားထိုးခံရသည့် အမှုမှ တရားခံကို  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး (၁၃) က တာ ဝန်ယူစစ်ဆေးခဲ့ပြီး ရုံးတော်သို့ တင်သွင်းထားသည့် သက်သေ များကို စစ်ဆေးကာ အသက် (၂၂) နှစ်အရွယ် တရားခံ ငပြည် (ခ) ပြည့်ဖြိုးအောင်ကို စွဲချက်တင်ခဲ့သည့် ပုဒ်မ ၃၀၂ (၂)အရ ဒီဇင်ဘာ ၂၉ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း အဆိုပါတရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။

၎င်းနှင့်အတူ ပြစ်မှုကျူးလွန် သည်ဟု စွပ်စွဲခံထားရသည့် အ သက် (၂၁) နှစ်အရွယ် ဟန်ကြီး (ခ) ဟန်ဇော်ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇ (ခ) အရ အမှုမှ အပြီးအပြတ်လွှတ်ကြောင်း တရားသူကြီးက အမိန့်ချမှတ် သည်။ ပြီးခဲ့သည့် ၂၀၁၆ ဧပြီ ၅ ရက်က ဒဂုံမြို့နယ်သစ်အရှေ့ပိုင်း (၁၂၅)ရပ်ကွက်အတွင်း နေထိုင် သည့် လူငယ်တစ်ဦးကို တရားခံ ငပြည် (ခ) ပြည့်ဖြိုးအောင်က အ ရက်ဆိုင်တွင် ဓားဖြင့်ထိုးသောကြောင့် သေဆုံးခဲ့သည်။

ဓားဖြင့်ထိုးခံရသည့် လူငယ် သည် ဘယ်ဘက်ရင်အုံ၊ ညာ လက်၊ ညာနားနှင့် ဘယ်ဘက်နဖူး တို့တွင် ဒဏ်ရာများရရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ကုသခဲ့ပြီး ဧပြီ ၆ ရက်တွင် သေ ဆုံး သဖြင့် ပြည့်ဖြိုးအောင်နှင့် ဟန် ဇော်ဦးတို့နှစ်ဦးကို ဒဂုံမြို့သစ် အ ရှေ့ပိုင်း မြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ #

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top