မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×




ရာသီဥတုဆိုင်ရာ အခြား သတင်းတစ်ရပ်အနေဖြင့် စစ် ကိုင်းတိုင်းဒေသကြီးမုံရွာနှင့် ခန္တီး မြို့အနီး ဒီဇင်ဘာ ၂၉ ရက်က ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်တွင် ကလေးဝ မြို့အနီးဗဟိုပြု၍ ရစ်ခ်ျတာစကေး ၃ ဒသမ ၄ အဆင့် ငလျင်တစ် ကြိမ်လှုပ်ခတ်ခဲ့သည်။

Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ #
တရုတ်နိုင်ငံဘက်မှရွေ့ လျားလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများ ကြောင့် လေထုမငြိမ်မသက်မှု ဖြစ်ကာ ဒေသ ၁၂ ခုတွင် အချိန် အခါမဟုတ်မိုးနှင့်လေပြင်းအန္တ ရာယ်ရှိနေ၍ ကြိုတင်သတိပြုရန် မိုးဇလက သတိပေးချက်ထုတ်ပြန် သည်။

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန် နှင့်ဧရာဝတီတိုင်းဒေသကြီး၊ က ချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယား ပြည်နယ်တို့တွင် ယနေ့ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အတွင်း အချိန် အခါမဟုတ်မိုးနှင့် လေပြင်းကျနိုင် ကြောင်း သတိပေးချက်ထုတ်ပြန် ထားသည်။

ဘင်္ဂလားပင်လယ်အော် တွင် ဇန်နဝါရီပထမဆယ်ရက် အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုထပ်မံဖြစ်လာနိုင်ကာ လေ ထုမတည်မငြိမ် ဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံဒေသအများ စုတွင် ပုံမှန်ထက်အအေးလျော့ နေဦးမည်ဖြစ်ကြောင်း မိုးလေ၀ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက် တာကျော်မိုးဦးက ပြောသည်။

ရာသီဥတုဆိုင်ရာ အခြား သတင်းတစ်ရပ်အနေဖြင့် စစ် ကိုင်းတိုင်းဒေသကြီးမုံရွာနှင့် ခန္တီး မြို့အနီး ဒီဇင်ဘာ ၂၉ ရက်က ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်တွင် ကလေး၀ မြို့အနီးဗဟိုပြု၍ ရစ်ချ်တာစကေး ၃ ဒသမ ၄ အဆင့် ငလျင်တစ် ကြိမ်လှုပ်ခတ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top