ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# ZawGyiျဖင့္ဖတ္ရန္ #

58ႏွစ္အ႐ြယ္ရွိတဲ့ ပန္းခ်ီဆရာ အျပင္ အလွဆင္သူ တစ္ဦးျဖစ္တဲ့ Paul Allenဟာ သူ႔ရဲ႕တစ္ကိုယ္လုံးမွာ တက္တူးလစ္လပ္ေနတဲ့ေနရာႏွစ္ခုပဲရွိပါတယ္။အဆိုပါေနရာေတြကေတာ့ သူ႔ရဲ႕ေျခဖဝါး နဲ႔လက္ေခ်ာင္းၾကားေတြမွာျဖစ္ပါတယ္။ေသခ်ာတာကေတာ့ ဒီေနရာေတြလည္း ၾကာၾကာခံမွာေတာ့ မဟုတ္ပါဘူး။သူဟာ လြန္ခဲ့တဲ့9ႏွစ္အတြင္း တက္တူး ေရးထိုးဖို႔ရန္အတြက္ စတာလင္ ေပါင္ေပါင္း15000သုံးစြဲခဲ့ၿပီးျဖစ္သလို ေရွ႕ေလွ်ာက္လည္း အမ်ားႀကီးဆက္ထိုးသြားဖို႔ အစီအစဥ္ရွိပါတယ္တဲ့။သူဟာUKမွာ တက္တူးအမ်ားဆုံးေရးထိုးတဲ့သူအေနျဖင့္ ပုတ္ခတ္ခံေနရေသာ္လည္း သူဟာ တက္တူး အသစ္အသစ္ေတြထိုးဖို႔ပဲ စိတ္အားထက္သန္ေနသူျဖစ္ပါတယ္။

Chronicle Liveမွာေတာ့’ကြၽန္ေတာ္ ဟာ ေနာက္က်မွအစျပဳခဲ့သူ’လို႔ ေျပာခဲ့ပါတယ္။”April2008 49ႏွစ္ေရာက္မွ ကြၽန္ေတာ့္ခႏၶာကိုယ္ေပၚမွာ တက္တူး ေတြကိုတင္ခဲ့တာ။ႏွစ္ပတ္အၾကာမွာ ကြၽန္ေတာ့ မိခင္ဆုံးတယ္။အေမ့နာမည္ေလးရယ္၊ကြၽန္ေတာ့္တူ၊တူမေတြရဲ႕နာမည္ေလးေတြကို ႐ိုးရွင္းစြာနဲ႔ တ႐ုတ္ ဘာသာစကား လို ကြၽန္ေတာ့ လက္ေမာင္း ေပၚမွာ တင္ခဲ့တယ္”လို႔ ေျပာခဲ့ပါတယ္။အဲခ်ိန္ကေနစၿပီး သူဟာ တက္တူး ထိုးဖို႔ နာရီေပါင္း1000အထက္ ျဖဳန္းခဲ့သလို သူ႔ရဲ႕အသားအေရ ေပၚမွာလည္း မွင္ပုလင္းေပါင္း200ခန႔္ကုန္ဆုံးခဲ့ၿပီးျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕အသားအေရ ေပၚမွာ ဒီဇိုင္းေပါင္း496ခုနဲ႔နာမည္314ခု စုစုေပါင္းတက္တူး810ေနရာယူေနၿပီျဖစ္ပါတယ္။

တေျဖးေျဖးပိုးဝင္လာၿပီးေနာက္ တက္တူးstudioစုံေအာင္ လွည့္ထိုးခဲ့ပါတယ္။သူ႔ရဲ႕အသားအေရ ေပၚမွာ တင္ထားတဲ့မိန္းကေလး နာမည္ တက္တူး ေတြနဲ႔ပတ္သက္ၿပီး”ကြၽန္ေတာ္ တက္တူး စတူဒီယို တစ္ခုမွာရွိေနတုန္း hen partyအုပ္လိုက္ဝင္လိုက္တယ္။အဖြဲ႕ထဲက Xantheလို႔ေခၚတဲ့ေကာင္မေ လးက သူ႔နာမည္ ကို တက္တူး ထိုးဖို႔ ပူဆာလာတယ္။အဲဒီမွာ ကြၽန္ေတာ္အႀကံတစ္ခုရသြားတယ္။အဂၤလိပ္ အကၡရာတစ္ခုခ်င္းစီအလိုက္ အစစာလုံးေတြနဲ႔(A,B,C,D,……)မိန္းကေလးနာမည္ျပည့္ေအာင္ထိုးမယ္ေပါ့။ၿပီးေတာ့ သူမနာမည္Xantheဆိုတာ ရွားပါးတဲ့နာမည္ဆိုေတာ့ X နဲ႔အစခ်ီတဲ့နာမည္အတြက္ သူမနာမည္ကိုထိုးဖို႔ ကြၽန္ေတာ္လက္ခံခဲ့ပါတယ္”

“ကြၽန္ေတာ့ သူငယ္ခ်င္း နာမည္ ေတြေရာ၊လည္ပတ္ခဲ့တဲ့ေနရာနာမည္ေတြေရာ၊ေနာက္ဆုံး ကြၽန္ေတာ္pubမွာ တစ္ခါတစ္ရံဆုံျဖစ္တဲ့ လူေတြရဲ႕နာမည္ အထိ ကြၽန္ေတာ့္အသားအေရေပၚမွာ မွတ္တမ္းတင္ထားပါတယ္”လို႔ စိတ္ဝင္စားဖြယ္ ေျပာျပခဲ့ပါတယ္။

Paulဟာ လက္ရွိမွာေတာ့ Singleတစ္ေယာက္ျဖစ္ၿပီး ဒီ တက္တူးေတြက မိန္းကေလး ေတြကို အေဝးေျပးဖို႔ အေၾကာင္းျပခ်က္မျဖစ္ခဲ့ပါဘူး။ဒီတက္တူးေတြေၾကာင့္ပဲ သူ႔ကိုလိုခ်င္တဲ့ မိန္းမ ေတြအေျမာက္အမ်ားရွိလာသလို သူကေတာ့ ခဏတာစြဲလမ္းမႈမ်ိဳးပဲျဖစ္လို႔ ဒါကိုမႏွစ္သက္ဘူးလို႔ ဆိုပါတယ္။တက္တူးထိုးရင္လည္း 10နာရီၾကာတိုင္ေအာင္လည္း အထိုးခံပါတယ္။”တက္တူးထိုးဖို႔ဆို အၿပီးမသတ္မခ်င္း ေန႔ေ႐ြ႕ညေ႐ြ႕ေတြ ကြၽန္ေတာ္သေဘာမက်ဘူး”လို႔ ေျပာခဲ့ပါေသးတယ္။ဒါေပမယ့္ Paulဟာ သူ႔ရဲ႕တက္တူးအလွေၾကာင့္ သူ႔ကိုေလးစားတာမ်ိဳးကိုေတာ့ သေဘာမက်သူလည္းျဖစ္ပါတယ္။သူဟာ ဝါသနာအရ ထိုးေနသူျဖစ္ၿပီး UKမွာေတာ့ ခႏၶာကိုယ္ရဲ႕96%ေလာက္ တက္တူးထိုးထားတဲ့သူလို႔ေတာင္ ေျပာလို႔ရပါေသးတယ္။

“လူေတြက ကြၽန္ေတာ့္ရဲ႕မျမင္အပ္တဲ့ေနရာေတြနဲ႔ပတ္သက္ၿပီး ေမးၾကတယ္။ဟုတ္ကဲ့ ကြၽန္ေတာ့္တက္တူးဆရာ ထိုးေပးဖို႔ျငင္းဆိုတဲ့အခါ0မ်ိဳးမွာ ကြၽန္ေတာ္ကိုယ္တိုင္ထိုးယူပါတယ္”လို႔ ေျပာျပခဲ့ပါတယ္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwinpyin (CantWait2say)
# Unicodeဖြင့်ဖတ်ရန် #
58နှစ်အရွယ်ရှိတဲ့ ပန်းချီဆရာ အပြင် အလှဆင်သူ တစ်ဦးဖြစ်တဲ့ Paul Allenဟာ သူ့ရဲ့တစ်ကိုယ်လုံးမှာ တက်တူးလစ်လပ်နေတဲ့နေရာနှစ်ခုပဲရှိပါတယ်။အဆိုပါနေရာတွေကတော့ သူ့ရဲ့ခြေဖဝါး နဲ့လက်ချောင်းကြားတွေမှာဖြစ်ပါတယ်။သေချာတာကတော့ ဒီနေရာတွေလည်း ကြာကြာခံမှာတော့ မဟုတ်ပါဘူး။သူဟာ လွန်ခဲ့တဲ့9နှစ်အတွင်း တက်တူး ရေးထိုးဖို့ရန်အတွက် စတာလင် ပေါင်ပေါင်း15000သုံးစွဲခဲ့ပြီးဖြစ်သလို ရှေ့လျှောက်လည်း အများကြီးဆက်ထိုးသွားဖို့ အစီအစဉ်ရှိပါတယ်တဲ့။သူဟာUKမှာ တက်တူးအများဆုံးရေးထိုးတဲ့သူအနေဖြင့် ပုတ်ခတ်ခံနေရသော်လည်း သူဟာ တက်တူး အသစ်အသစ်တွေထိုးဖို့ပဲ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။

Chronicle Liveမှာတော့’ကျွန်တော် ဟာ နောက်ကျမှအစပြုခဲ့သူ’လို့ ပြောခဲ့ပါတယ်။”April2008 49နှစ်ရောက်မှ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ တက်တူး တွေကိုတင်ခဲ့တာ။နှစ်ပတ်အကြာမှာ ကျွန်တော့ မိခင်ဆုံးတယ်။အမေ့နာမည်လေးရယ်၊ကျွန်တော့်တူ၊တူမတွေရဲ့နာမည်လေးတွေကို ရိုးရှင်းစွာနဲ့ တရုတ် ဘာသာစကား လို ကျွန်တော့ လက်မောင်း ပေါ်မှာ တင်ခဲ့တယ်”လို့ ပြောခဲ့ပါတယ်။အဲချိန်ကနေစပြီး သူဟာ တက်တူး ထိုးဖို့ နာရီပေါင်း1000အထက် ဖြုန်းခဲ့သလို သူ့ရဲ့အသားအရေ ပေါ်မှာလည်း မှင်ပုလင်းပေါင်း200ခန့်ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူ့ရဲ့အသားအရေ ပေါ်မှာ ဒီဇိုင်းပေါင်း496ခုနဲ့နာမည်314ခု စုစုပေါင်းတက်တူး810နေရာယူနေပြီဖြစ်ပါတယ်။

တဖြေးဖြေးပိုးဝင်လာပြီးနောက် တက်တူးstudioစုံအောင် လှည့်ထိုးခဲ့ပါတယ်။သူ့ရဲ့အသားအရေ ပေါ်မှာ တင်ထားတဲ့မိန်းကလေး နာမည် တက်တူး တွေနဲ့ပတ်သက်ပြီး”ကျွန်တော် တက်တူး စတူဒီယို တစ်ခုမှာရှိနေတုန်း hen partyအုပ်လိုက်ဝင်လိုက်တယ်။အဖွဲ့ထဲက Xantheလို့ခေါ်တဲ့ကောင်မေ လးက သူ့နာမည် ကို တက်တူး ထိုးဖို့ ပူဆာလာတယ်။အဲဒီမှာ ကျွန်တော်အကြံတစ်ခုရသွားတယ်။အင်္ဂလိပ် အက္ခရာတစ်ခုချင်းစီအလိုက် အစစာလုံးတွေနဲ့(A,B,C,D,……)မိန်းကလေးနာမည်ပြည့်အောင်ထိုးမယ်ပေါ့။ပြီးတော့ သူမနာမည်Xantheဆိုတာ ရှားပါးတဲ့နာမည်ဆိုတော့ X နဲ့အစချီတဲ့နာမည်အတွက် သူမနာမည်ကိုထိုးဖို့ ကျွန်တော်လက်ခံခဲ့ပါတယ်”

“ကျွန်တော့ သူငယ်ချင်း နာမည် တွေရော၊လည်ပတ်ခဲ့တဲ့နေရာနာမည်တွေရော၊နောက်ဆုံး ကျွန်တော်pubမှာ တစ်ခါတစ်ရံဆုံဖြစ်တဲ့ လူတွေရဲ့နာမည် အထိ ကျွန်တော့်အသားအရေပေါ်မှာ မှတ်တမ်းတင်ထားပါတယ်”လို့ စိတ်ဝင်စားဖွယ် ပြောပြခဲ့ပါတယ်။

Paulဟာ လက်ရှိမှာတော့ Singleတစ်ယောက်ဖြစ်ပြီး ဒီ တက်တူးတွေက မိန်းကလေး တွေကို အဝေးပြေးဖို့ အကြောင်းပြချက်မဖြစ်ခဲ့ပါဘူး။ဒီတက်တူးတွေကြောင့်ပဲ သူ့ကိုလိုချင်တဲ့ မိန်းမ တွေအမြောက်အများရှိလာသလို သူကတော့ ခဏတာစွဲလမ်းမှုမျိုးပဲဖြစ်လို့ ဒါကိုမနှစ်သက်ဘူးလို့ ဆိုပါတယ်။တက်တူးထိုးရင်လည်း 10နာရီကြာတိုင်အောင်လည်း အထိုးခံပါတယ်။”တက်တူးထိုးဖို့ဆို အပြီးမသတ်မချင်း နေ့ရွေ့ညရွေ့တွေ ကျွန်တော်သဘောမကျဘူး”လို့ ပြောခဲ့ပါသေးတယ်။ဒါပေမယ့် Paulဟာ သူ့ရဲ့တက်တူးအလှကြောင့် သူ့ကိုလေးစားတာမျိုးကိုတော့ သဘောမကျသူလည်းဖြစ်ပါတယ်။သူဟာ ဝါသနာအရ ထိုးနေသူဖြစ်ပြီး UKမှာတော့ ခန္ဓာကိုယ်ရဲ့96%လောက် တက်တူးထိုးထားတဲ့သူလို့တောင် ပြောလို့ရပါသေးတယ်။

“လူတွေက ကျွန်တော့်ရဲ့မမြင်အပ်တဲ့နေရာတွေနဲ့ပတ်သက်ပြီး မေးကြတယ်။ဟုတ်ကဲ့ ကျွန်တော့်တက်တူးဆရာ ထိုးပေးဖို့ငြင်းဆိုတဲ့အခါ0မျိုးမှာ ကျွန်တော်ကိုယ်တိုင်ထိုးယူပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ။

ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin (CantWait2say)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top