AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×









Credit: Lwinpyin

#Unicode Version#
ခေတ်ကာလဟာ ကြောက်မက်ဖွယ်တိုးတက်မြန်ဆန်နေပါတယ်။လက်ရှိခေတ်မှာ ဖြစ်ပျက်သမျှဟာ ရှေးလူကြီးတွေရဲ့ တဘောင်တွေလိုပါပဲ။ဒန့်ကျွဲပင် ပုခက်လွှဲတဲ့ခေတ်ဆိုတာ ရောက်ရှိလာတာဖြစ်ပြီး ကလေးတွေက ကလေးအဖေ ကလေးအေဖဖြစ်လာတာဖြစ်ပါတယ်။အသက် 12 နှစ်အရွယ် ကောင်လေးက ကလေး အဖေဖြစ်နေပြီ ဆိုတာပါပဲ။

Alfie Patten လို့ ခေါ်တဲ့ဗြိတိန်က ကောင်လေးဟာ အသက် 12 နှစ်မှာ ကလေးအဖေဖြစ်လာတဲ့ ကမ္ဘာ့အသက်ငယ်ဆုံး ကလေးအဖေဖြစ်ပါတယ်။ Maisie Roxanne လို့ခေါ်တဲ့ အမျိုးသမီးနဲ့ သူဟာ လိင်မှုကိစ္စကျူးလွန်ခဲ့ပြီး သူ့အသက် 12 နှစ်မှာ အမျိုးသမီးက ကိုယ်ဝန်ရလာတာဖြစ်ပါတယ်။13 နှစ်မှာတော့ သမီးလေးမွေးပြီး 7 ပေါင်နဲ့ 3 အောင်စ ရှိတာဖြစ်ပါတယ်။

သူဟာ လိင်မှုကိစ္စကို နားမလည်ပေမယ့် သူ့စိတ်ဆန္ဒအရ ဒီအမျိုးသမီးနဲ့ နှစ်ဦးသဘောတူဖြစ်ခဲ့တာလို့ ဆိုပါတယ်။အမျိုးသမီးက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ယူတာမဟုတ်ပဲ သူတို့ချင်း ချစ်ကြိုက်ခဲ့လို့ ကလေးရတာဖြစ်လို့ သူက ဖြေခဲ့ပါတယ်။

ဒီလိုဆိုတော့ အမျိုးသမီးကိုလဲ အသက်ာကီးပြီလို့ ထင်ပါလိမ့်ပါမယ်။သူနဲ့ ချစ်ကြီုက်ခဲ့တဲ့ Maisie Roxanne ဟာ အသက် 15 နှစ်သာ ရှိသေးတာဖြစ်ပါတယ်။သူတို့ဟာ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်ပြီး မြန်မြန်ဆန်ဆန် လင်မယားဖြစ်သွားတာဖြစ်ပါတယ်။ဗြိတိန်နိုင်ငံရဲ့ အသက်ငယ်ဆုံး ကလေးအဖေဆိုတဲံ သတင်းက ဟိုးလေးတကြော်ဖြစ်သွားပြီး သူတို့အိမ်မှာ မီဒီယာတွေ အဝင်အထွက်များလာတာဖြစ်ပါတယ်။

သူတို့ဟာ ဘဝတဲ့ ရေရာတဲ့ အနာဂတ်မရှိတဲ့အချိန်မှာ ကလေးတစ်ယောက် ထပ်ရောက်လာအောင် ပြုလုပ်မှုအပေါ် မိဘတွေက မနှစ်မြို့ခဲ့ပါဘူး။တကယ်တော့ ဘာအကျိုးအမြတ်မှ မရှိပဲ ကလေးက အရှုံးလို့ မီဒီယာက နစ်နစ်နာနာ ဝေဖန်ခဲ့ပါတယ်။ Alfie ဟာ အသက် 8 နှစ်အရွယ်ထဲက သူမနဲ့ အတူ လိင်မှုကိစ္စကျူးလွန်ခဲ့ပြီး သူတို့ချစ်သူသက်တမ်းက လေးနှစ်ရှိတယ်လို့ ဆိုပါတယ်။

ကလေးက ကလေးပြန်ထိန်းနေတဲ့ အရပ် 4 ပေ 4 လက်မသာ ရှိတဲ့ ကလေးကို တွေ့ရင် Alfie လို့ သိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါဟာ မိဘတွေရဲ့ ပေါ့လျော့မှုကြောင့်လို့ တချို့က ပြစ်တင်ဝေဖန်တာရှိပါတယ်။လက်ရှိမွေးလာတဲ့ ကလေးဟာ ရုပ်ပိုင်းဆိုင်ရာတော့ ချွတ်ယွင်းချက်မရှိပါဘူး။

တကယ်တော့ ဒါဟာ အထူးအဆန်းမဟုတ်ပဲ ပျက်စီးနေတဲ့ လူ့ဘောင်စနစ်တခုမှာ ကလေးတွေ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်နေတဲ့ နိုင်ငံတွေ အများကြီးလို့ တချို့က ထောက်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဖေရော အမေရောဟာ သူတို့ရဲ့ ကလေးဘဝကို စွန့်လိုက်ရသလို သူတိုရဲ့ အေပါင်းအသင်းတွေကလည်း ဒီကိစ္စကို လက်ခံဖို့ ခဲယဉ်းပြီး သူတို့လည်း ကျောင်းမသွားဖြစ်တော့ဘူးလို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top