ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

YBS ဘတ္စ္ကားယာဥ္ ေျပးဆြဲမႈႏွင့္ပတ္သက္၍ ျပဳလုပ္ ေသာအစည္းအေ၀းဆုံးျဖတ္ခ်က္ ကုိ မီဒီယာသုိ႔ ေျပာၾကားပါက အေရးယူမည္ဟု ရန္ကုန္တိုင္းေဒ သႀကီးသယ္ယူပုိ႔ေဆာင္ေရးႀကီး ၾကပ္ကြပ္ကဲမႈအာဏာပုိင္အဖြဲဲ႕ (YRTA)က သတိေပးၫႊန္ၾကား ထားေၾကာင္း ယာဥ္လုိင္းတာ၀န္ရွိ သူအခ်ိဳ႕က ေျပာသည္။

အဆုိပါ သတိေပးစာတြင္ အစည္းအေ၀းဆုံးျဖတ္ခ်က္မ်ား ကုိမီဒီယာမ်ားသုိ႔ ထုတ္ေဖာ္ေျပာ ၾကားျခင္းမျပဳရန္အျပင္ ယာဥ္ လုိင္းတာ၀န္ရွိသူမ်ား၏ ေဖ့စ္ ဘြတ္ခ္ စာမ်က္ႏွာမ်ားေပၚတြင္ လည္း မေဖာ္ျပရန္ဆုိသည့္အခ်က္ ပါ၀င္သည္ဟု ၎တို႔က ေျပာ သည္။

‘‘စာထြက္လာတာ ဟုတ္ပါ တယ္။ ကြၽန္ေတာ္တုိ႔ နားလည္ ထားတာက မူ၀ါဒတစ္ခုဟာ မီဒီယာသိေအာင္၊ မီဒီယာသိမွ ျပည္သူေတြသိမယ္။ ျပည္သူေတြ သိမွ ေဆာင္ရန္၊ ေရွာင္ရန္၊ ေရွ႕ ဆက္ဘယ္လုိသြားမလဲ။ ဘယ္လုိ ပူးေပါင္းလုိ႔ရမလဲ။ အဲဒါမွ အ လုပ္လုပ္လုိ႔ရမွာေပါ့’’ ဟု ယာဥ္ လုိင္းတာ၀န္ရွိသူတစ္ဦးက ေျပာ သည္။

ထုိသုိ႔မီဒီယာမ်ားအား ေျပာ ၾကားခြင့္မရွိျခင္းေၾကာင့္ YBS ဘတ္စ္ကားစနစ္ေဆာင္ရြက္ခ်က္ မ်ားကုိ ျပည္သူမ်ားသိရွိပုိင္ခြင့္ပါ ဆုံး႐ႈံးေစႏုိင္သျဖင့္ မျဖစ္သင့္ ေၾကာင္း ယာဥ္လုိင္းတာ၀န္ရွိသူ အခ်ိဳ႕က မွတ္ခ်က္ျပဳသည္။

ယာဥ္လုိင္းမ်ားထံ သတိေပး စာထုတ္ျပန္သည့္ကိစၥႏွင့္ ပတ္ သက္၍ YRTA မွတာ၀န္ရွိသူမ်ား ထံ ဆက္သြယ္ေမးျမန္းေသာ္ လည္း ဆက္သြယ္၍မရေပ။

ယခင္က YBS ဘတ္စ္ကား စနစ္ႏွင့္ပတ္သက္၍ YRTA ၏ တြဲဖက္အတြင္းေရးမွဴးျဖစ္သူကုိ ေျပာေရးဆုိခြင့္ရွိသူ တာ၀န္ေပး ထားေသာ္လည္း ယခုအခါ၎မွာ လည္း မီဒီယာသုိ႔ေျဖၾကားမႈမျပဳ လုပ္ေတာ့ေပ။

ရန္ကုန္တိုင္းေဒသႀကီးအစုိး ရသည္ ဘတ္စ္ကားေျပးဆြဲမႈစနစ္ ပုိမိုေကာင္းမြန္ေစရန္ဟုဆုိကာ ၂၀၁၇ ဇန္န၀ါရီ ၁၆ ရက္တြင္ မထသစနစ္ကုိဖ်က္သိမ္း၍ YBS စနစ္ေျပာင္းလဲခဲ့သည္။

ယခင္ဘတ္စ္ကားေျပးဆြဲမႈ စနစ္ျဖစ္သည့္ မထသလက္ထက္ တြင္ ခရီးသြားမ်ားအဆင္မေျပ သည့္ျဖစ္စဥ္မ်ား ရွိေသာ္လည္း ဘတ္စ္ကားေျပးဆြဲမႈအေျခအေန ႏွင့္ယာဥ္လုပ္သားမ်ားကုိ အေရး ယူမႈမ်ားႏွင့္ပတ္သက္၍ မီဒီယာ မ်ားအား လစဥ္ပုံမွန္ေတြ႕ဆုံ၍ သတင္းထုတ္ျပန္ေလ့ရွိခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
YBS ဘတ်စ်ကားယာဉ် ပြေးဆွဲမှုနှင့်ပတ်သက်၍ ပြုလုပ် သောအစည်းအဝေးဆုံးဖြတ်ချက် ကို မီဒီယာသို့ ပြောကြားပါက အရေးယူမည်ဟု ရန်ကုန်တိုင်းဒေ သကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)က သတိပေးညွှန်ကြား ထားကြောင်း ယာဉ်လိုင်းတာဝန်ရှိ သူအချို့က ပြောသည်။

အဆိုပါ သတိပေးစာတွင် အစည်းအဝေးဆုံးဖြတ်ချက်များ ကိုမီဒီယာများသို့ ထုတ်ဖော်ပြော ကြားခြင်းမပြုရန်အပြင် ယာဉ် လိုင်းတာဝန်ရှိသူများ၏ ဖေ့စ် ဘွတ်ခ် စာမျက်နှာများပေါ်တွင် လည်း မဖော်ပြရန်ဆိုသည့်အချက် ပါဝင်သည်ဟု ၎င်းတို့က ပြော သည်။

‘‘စာထွက်လာတာ ဟုတ်ပါ တယ်။ ကျွန်တော်တို့ နားလည် ထားတာက မူဝါဒတစ်ခုဟာ မီဒီယာသိအောင်၊ မီဒီယာသိမှ ပြည်သူတွေသိမယ်။ ပြည်သူတွေ သိမှ ဆောင်ရန်၊ ရှောင်ရန်၊ ရှေ့ ဆက်ဘယ်လိုသွားမလဲ။ ဘယ်လို ပူးပေါင်းလို့ရမလဲ။ အဲဒါမှ အ လုပ်လုပ်လို့ရမှာပေါ့’’ ဟု ယာဉ် လိုင်းတာဝန်ရှိသူတစ်ဦးက ပြော သည်။

ထိုသို့မီဒီယာများအား ပြော ကြားခွင့်မရှိခြင်းကြောင့် YBS ဘတ်စ်ကားစနစ်ဆောင်ရွက်ချက် များကို ပြည်သူများသိရှိပိုင်ခွင့်ပါ ဆုံးရှုံးစေနိုင်သဖြင့် မဖြစ်သင့် ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူ အချို့က မှတ်ချက်ပြုသည်။

ယာဉ်လိုင်းများထံ သတိပေး စာထုတ်ပြန်သည့်ကိစ္စနှင့် ပတ် သက်၍ YRTA မှတာဝန်ရှိသူများ ထံ ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်၍မရပေ။

ယခင်က YBS ဘတ်စ်ကား စနစ်နှင့်ပတ်သက်၍ YRTA ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူကို ပြောရေးဆိုခွင့်ရှိသူ တာဝန်ပေး ထားသော်လည်း ယခုအခါ၎င်းမှာ လည်း မီဒီယာသို့ဖြေကြားမှုမပြု လုပ်တော့ပေ။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ဘတ်စ်ကားပြေးဆွဲမှုစနစ် ပိုမိုကောင်းမွန်စေရန်ဟုဆိုကာ ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်တွင် မထသစနစ်ကိုဖျက်သိမ်း၍ YBS စနစ်ပြောင်းလဲခဲ့သည်။

ယခင်ဘတ်စ်ကားပြေးဆွဲမှု စနစ်ဖြစ်သည့် မထသလက်ထက် တွင် ခရီးသွားများအဆင်မပြေ သည့်ဖြစ်စဉ်များ ရှိသော်လည်း ဘတ်စ်ကားပြေးဆွဲမှုအခြေအနေ နှင့်ယာဉ်လုပ်သားများကို အရေး ယူမှုများနှင့်ပတ်သက်၍ မီဒီယာ များအား လစဉ်ပုံမှန်တွေ့ဆုံ၍ သတင်းထုတ်ပြန်လေ့ရှိခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top