န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ သန္လ်င္ၿမိဳ႕နယ္၊ ၿမိဳ႕ေဟာင္းအေရွ႕ ရပ္ကြက္၊ သစ္စက္လမ္းမေပၚ၌ ဒီဇင္ဘာ ၂၇ နံနက္ ၁၀ နာရီ မိနစ္ ၅၀ အခ်ိန္က YBS ၃၁ ယာဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သန္လ်င္ၿမိဳ႕၊ ၿမိဳ႕ေဟာင္းအေရွ႕ရပ္ကြက္၊ သစ္စက္ လမ္းမေပၚတြင္ ယာဥ္ေမာင္း ေဇယ်ာမင္း အသက္ (၃၀) ႏွစ္ ေရႊ၀ါေရာင္ (၃) လမ္း၊ တာ၀ေက်းရြာ၊ ဘုရားကုန္းေက်းရြာအုပ္စု၊ သန္လ်င္ၿမိဳ႕နယ္ ေနသူ ေမာင္းႏွင္လာေသာ YBS ၃၁ ယာဥ္လုိင္း ယာဥ္အမွတ္ 9E/--- ဟြန္ဒိုင္းအမ်ိဳးအစား ျဖဴ/စိမ္းၾကား (ခရီးသည္မပါ) ယာဥ္သည္ င/ပေက်းရြာ ရွိ ဂတ္(စ္)ဆုိင္တြင္ ဂတ္(စ္)ျဖည့္ရန္ ေမာင္းႏွင္လာစဥ္ ယာဥ္၏ ဘတ္ထရီ ငုတ္ႏွင့္ ၀ါယာႀကိဳး ေရွာ့ျဖစ္ၿပီး အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

အဆုိပါ မီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ရဲတပ္ဖြဲ႕၀င္မ်ား၊ ရပ္ကြက္ေနျပည္သူမ်ား ၀ိုင္း၀န္းၿငိမ္းသတ္ခဲ့ရာ နံနက္ ၁၁ နာရီအခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ၿပီး ယာဥ္ပ်က္စီးကာ လူေသဆုံး ဒဏ္ရာ႐ွိမႈမရွိေၾကာင္း သိရသည္။ အဆုိပါ မီးေလာင္မႈျဖစ္ပြားမႈအား သန္လ်င္ၿမိဳ႕နယ္ရဲစခန္းမွ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္ခိုင္ (သန္လ်င္)
Myanmaalinn

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ ရပ်ကွက်၊ သစ်စက်လမ်းမပေါ်၌ ဒီဇင်ဘာ ၂၇ နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်က YBS ၃၁ ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ သစ်စက် လမ်းမပေါ်တွင် ယာဉ်မောင်း ဇေယျာမင်း အသက် (၃၀) နှစ် ရွှေဝါရောင် (၃) လမ်း၊ တာဝကျေးရွာ၊ ဘုရားကုန်းကျေးရွာအုပ်စု၊ သန်လျင်မြို့နယ် နေသူ မောင်းနှင်လာသော YBS ၃၁ ယာဉ်လိုင်း ယာဉ်အမှတ် 9E/--- ဟွန်ဒိုင်းအမျိုးအစား ဖြူ/စိမ်းကြား (ခရီးသည်မပါ) ယာဉ်သည် င/ပကျေးရွာ ရှိ ဂတ်(စ်)ဆိုင်တွင် ဂတ်(စ်)ဖြည့်ရန် မောင်းနှင်လာစဉ် ယာဉ်၏ ဘတ်ထရီ ငုတ်နှင့် ဝါယာကြိုး ရှော့ဖြစ်ပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ယာဉ်ပျက်စီးကာ လူသေဆုံး ဒဏ်ရာရှိမှုမရှိကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားမှုအား သန်လျင်မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သက်ခိုင် (သန်လျင်)
Myanmaalinn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top