စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ထိပ္တန္းစီးပြားေရးလုပ္ ငန္းရွင္အခ်ိဳ႕ ရွယ္ယာပါဝင္သည့္ လူထုမိတ္ေဆြအမ်ားပိုင္ကုမၸဏီ က ကားအစီးေရ ၅၀၀ ျဖင့္ YBS တြင္ ဝင္ေရာက္ေျပးဆြဲရန္ စီစဥ္ ေနေၾကာင္း အဆုိပါ ကုမၸဏီ၏ တာဝန္ရွိသူက ေျပာၾကားသည္။

ကုမၸဏီတြင္   ထိပ္တန္း စီးပြားေရးလုပ္ငန္းရွင္ ၁၀ဦးအ ထက္၏ ရွယ္ယာမ်ားပါဝင္ၿပီး ဧရာဝတီဘဏ္     ေခ်းေငြျဖင့္ ဘတ္စ္ကားမ်ားဝယ္ယူကာ အ မ်ားပိုင္ကုမၸဏီအျဖစ္ ယာဥ္လုိင္း ကိုးလုိင္းေျပးဆြဲမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

‘‘ဧရာဝတီဘဏ္က ေခ်းေငြ နဲ႔ ေဆာင္ရြက္တာ။ ယာဥ္လုိင္း ေတြက မက်ေသးဘူး။ ေလွ်ာက္ ထားဆဲပါ။ အဓိက ေရႊျပည္သာ ဘက္ကို ေျပးဆြဲဖို႔ စီစဥ္ထားပါ တယ္’’ဟု အဆုိပါ တာဝန္ရွိသူက ဆက္လက္ေျပာသည္။

ယာဥ္လိုင္း ေျပးဆြဲခြင့္ရပါက တ႐ုတ္ႏုိင္ငံထုတ္ FOTON ကား မ်ားျဖင့္ ေျပးဆြဲမည္ျဖစ္ၿပီး လက္ ရွိတြင္ ကားအစီးေရ ၃၀၀ ေရာက္ ရွိေနကာ ယာဥ္လုိင္းေျပးဆြဲခြင့္အ တြက္ တုိင္းအစိုးရထံ ယခုလအ တြင္း တင္ျပထားေၾကာင္း ၎က ဆက္လက္ေျပာသည္။

အဆုိပါ လူထုမိတ္ေဆြအ မ်ားပိုင္ကုမၸဏီသည္ ကားတစ္စီး လွ်င္ က်ပ္သိန္း ၁,၀၀၀ ႏႈန္းျဖင့္ ကားအစီး ၅၀၀ အတြက္ ဧရာဝတီဘဏ္မွ က်ပ္ ဘီလီယံ ၅၀ ခန္႔ မ,တည္ေခ်းေငြထုတ္ေခ်းျခင္းျဖစ္ သည္။

 လက္ရွိတြင္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနမွ အမ်ားပိုင္ ကုမၸဏီမွတ္ပံုတင္ ရရွိထားၿပီး ေနာက္ပိုင္း၌ ရွယ္ယာရွင္မ်ား ကို ထပ္မံဖိတ္ေခၚရန္ စီစဥ္ထား ေၾကာင္း ၎က ဆက္လက္ေျပာ သည္။

ယခုေခ်းေငြထုတ္ေခ်းသည့္ ဧရာဝတီဘဏ္သည္ ၂၀၁၀ ဇူလုိင္တြင္ ဗဟိုဘဏ္မွ ဘဏ္ထူေထာင္ ခြင့္ရရွိခဲ့ၿပီး ၂၀၁၇ တြင္ ဘဏ္ခြဲ ၂၂၅ ခု ဖြင့္လွစ္ႏိုင္ခဲ့သည္။

အဆုိပါဘဏ္ကို ျပည္တြင္းထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ ဦးေဇာ္ေဇာ္က ပိုင္ဆုိင္ျခင္းျဖစ္ သည္။

လက္ရွိတြင္ ရန္ကုန္တုိင္း ေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အ ဖြဲ႕ (YRTA)ေအာက္တြင္ ခရီးသည္သယ္ယူပို႔ေဆာင္ေရးကုမၸဏီ ၁၇ ခုရွိၿပီး ထိုအထဲတြင္ အမ်ားပုိင္ ကုမၸဏီ ေျခာက္ခုပါဝင္သည္။

YBS ဘတ္စ္ကားစနစ္တြင္ ပုဂၢလိကကုမၸဏီမ်ားက ဝယ္ယူ ထားသည့္ ဘတ္စ္ကားအစီးေရ ၁,၆၀၀ ခန္႔ႏွင့္ ရန္ကုန္တုိင္းေဒသ ႀကီး အစိုးရအဖြဲ႕က ဝယ္ယူထား ေသာ ဘတ္စ္ကား ၁,၀၀၀ ခန္႔တုိ႔ ျဖင့္ ထပ္မံတိုးခ်ဲ႕ေျပးဆြဲေနသည္။

 ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕က YBS ဘတ္စ္ကားစနစ္ကို ယခုႏွစ္ ဇန္နဝါရီ ၁၆ ရက္က စတင္ေျပးဆြဲၿပီး ကားလိုင္း ၈၀ ခန္႔ရွိကာ ယာဥ္အစီးေရ ၄,၀၀၀ ခန္႔ျဖင့္ ေျပးဆြဲေန သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ထိပ်တန်းစီးပွားရေးလုပ် ငန်းရှင်အချို့ ရှယ်ယာပါဝင်သည့် လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီ က ကားအစီးရေ ၅၀၀ ဖြင့် YBS တွင် ဝင်ရောက်ပြေးဆွဲရန် စီစဉ် နေကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောကြားသည်။

ကုမ္ပဏီတွင်   ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ၁၀ဦးအ ထက်၏ ရှယ်ယာများပါဝင်ပြီး ဧရာဝတီဘဏ်     ချေးငွေဖြင့် ဘတ်စ်ကားများဝယ်ယူကာ အ များပိုင်ကုမ္ပဏီအဖြစ် ယာဉ်လိုင်း ကိုးလိုင်းပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ဧရာဝတီဘဏ်က ချေးငွေ နဲ့ ဆောင်ရွက်တာ။ ယာဉ်လိုင်း တွေက မကျသေးဘူး။ လျှောက် ထားဆဲပါ။ အဓိက ရွှေပြည်သာ ဘက်ကို ပြေးဆွဲဖို့ စီစဉ်ထားပါ တယ်’’ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ယာဉ်လိုင်း ပြေးဆွဲခွင့်ရပါက တရုတ်နိုင်ငံထုတ် FOTON ကား များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လက် ရှိတွင် ကားအစီးရေ ၃၀၀ ရောက် ရှိနေကာ ယာဉ်လိုင်းပြေးဆွဲခွင့်အ တွက် တိုင်းအစိုးရထံ ယခုလအ တွင်း တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ လူထုမိတ်ဆွေအ များပိုင်ကုမ္ပဏီသည် ကားတစ်စီး လျှင် ကျပ်သိန်း ၁,၀၀၀ နှုန်းဖြင့် ကားအစီး ၅၀၀ အတွက် ဧရာဝတီဘဏ်မှ ကျပ် ဘီလီယံ ၅၀ ခန့် မ,တည်ချေးငွေထုတ်ချေးခြင်းဖြစ် သည်။

 လက်ရှိတွင် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အများပိုင် ကုမ္ပဏီမှတ်ပုံတင် ရရှိထားပြီး နောက်ပိုင်း၌ ရှယ်ယာရှင်များ ကို ထပ်မံဖိတ်ခေါ်ရန် စီစဉ်ထား ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ယခုချေးငွေထုတ်ချေးသည့် ဧရာဝတီဘဏ်သည် ၂၀၁၀ ဇူလိုင်တွင် ဗဟိုဘဏ်မှ ဘဏ်ထူထောင် ခွင့်ရရှိခဲ့ပြီး ၂၀၁၇ တွင် ဘဏ်ခွဲ ၂၂၅ ခု ဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါဘဏ်ကို ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ပိုင်ဆိုင်ခြင်းဖြစ် သည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အ ဖွဲ့ (YRTA)အောက်တွင် ခရီးသည်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ၁၇ ခုရှိပြီး ထိုအထဲတွင် အများပိုင် ကုမ္ပဏီ ခြောက်ခုပါဝင်သည်။

YBS ဘတ်စ်ကားစနစ်တွင် ပုဂ္ဂလိကကုမ္ပဏီများက ဝယ်ယူ ထားသည့် ဘတ်စ်ကားအစီးရေ ၁,၆၀၀ ခန့်နှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ဝယ်ယူထား သော ဘတ်စ်ကား ၁,၀၀၀ ခန့်တို့ ဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲနေသည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က YBS ဘတ်စ်ကားစနစ်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က စတင်ပြေးဆွဲပြီး ကားလိုင်း ၈၀ ခန့်ရှိကာ ယာဉ်အစီးရေ ၄,၀၀၀ ခန့်ဖြင့် ပြေးဆွဲနေ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top