လှိုင်မြို့ နယ် MICT Park အနီး မဟာဆွေကွန်ဒို အထူးအရောင်းပြပွဲ
×









- နေရောင်ကို ရှောင်ပါ။
- (ဆန်း-စခရင်မ်) သုံးပါ။
- (မွိုက်ချာရာ) သုံးပါ။
- ဆေးလိပ်မသောက်ပါနဲ့။

Credit: Dr. တင့်ဆွေ
1. Sleep On Your Back ပက်လက်အိပ်ပါ

# Unicode Version ဖြင့် ဖတ်ပါ #
 1. Sleep On Your Back ပကျလကျအိပျပါ
အမေရိကန် အရေပြားအကယ်ဒမီရဲ့ အဆိုအရ ညစဉ်ညတိုင်း အနေအထားတခုမှာ ဆက်တိုက်အိပ်ရင် အိပ်ရေးစဉ်းကြောင်းတွေ ဖြစ်စေတယ်။ ဘေးတဖက်စောင်းအိပ်ရင်လဲ ပါးနဲ့ မေးတွေမှာ အရေးအကြောင်းတွေ ဖြစ်စေတယ်။ မျက်နှာမှောက်ရက် အိပ်ပြန်ရင်လဲ မျက်မှောင်ကုပ်သလို ဖြစ်လာမယ်။ ဒါကြောင့် အိပ်ရင် ပက်လက်သာအိပ်ပါ။

2. Eat More Fish ငါးစားပေးပါ
အထူးသဖြင့် ဆော်လမွန်ငါးစားပါ။ ရေအေးရာမှာနေတဲ့ငါးမျိုး ဥပမာ ဥရောပ မြောက်ပိုင်း ပင်လယ်ပြင်နေငါးတွေကို စားသုံးသင့်တယ်။ အဆီနည်းပြီး ပရိုတင်း ကြွယ်ဝတာသာမက နာမည်ကြီး (အိုမီဂါ-သရီး) ပါတယ်။ (အိုမီဂါ-သရီး) ရေးထားပါတယ်။

3. Don't Squint မျက်မှောင်မကုပ်ပါနဲ့
အနီမှုံနေလို့ စာဖတ်တာမှာ လိုအပ်ရင် မျက်မှန်တပ်ပါ။

4. Slather On Alpha-hydroxy Acids (AHAs) အရေပြား (ခရင်မ်) လိမ်းပေးပါ
သဘာဝ သစ်သီးကရတဲ့ Natural fruit acids တွေက အရေပြား မျက်နှာပြင်အပေါ်လွှာက ပျက်စီး-သေဆုံးသွားတဲ့ (ဆဲလ်) တွေကို မြန်မြန်ရှင်းပေးတယ်။

5. Trade Coffee for Cocoa ကော်ဖီ မသောက်ဘဲ (ကိုကိုး) သောက်ပါ
၂ဝဝ၆ အာဟာရဂျာနယ်မှာ ရေးထားတယ်။ (ကိုကိုး) ထဲမှာ ပါတဲ့ Epicatchin နဲ့ Catechin ဓါတ်တွေက အရေပြားကို နေလောင်တာကနေ ကာကွယ်မှုပေးတယ်။

6. Don't Over-Wash Your Face မျက်နှာ ခဏခဏမသစ်ပါနဲ့
မေရီလင်း တက္ကသိုလ် ဆေးပညာဌာနအဆိုအရ ရေပိုက်ကလာတဲ့ရေကနေ အရေပြားကို အကာကွယ်ပေးနေတဲ့ သဘာဝအဆီနဲ့ အစိုဓါတ်ကို ပျက်စီးစေတယ်။ မျက်နှာကို ခဏခဏမသစ်ပါနဲ့။ ဆပ်ပြာမှာ အရေပြားစိုစွပ်စေတာ ပါတာသုံးပါ။ ဆပ်ပြာအစား Facial cleanser ကို သုံးနိုင်ပါတယ်။

7. Topical Vitamin C ဗီတာမင် (စီ) လိမ်းပေးပါ
(တူလိန်း) တက္ကသိုလ် လေ့လာမှုအရ ဗီတာမင် (စီ) က (ကိုလာဂျင်) ထုတ်လုပ်ပေးတာကို အားပေးတယ်။ ဒါကြောင့် အရေပြားကို UVA နဲ့ UVB rays ရောင်ခြည်တွေရဲ့ ထိခိုက်မှုကနေ အကာကွယ်ပေးတယ်။ အစက်အပျောက် ဖြစ်မှာကို နည်းစေတယ်။ Inflammatory skin conditions အရေပြားရောင်နေတာ မြန်မြန် သက်သာစေတယ်။

8. Eat More Soy ပဲပုပ်စားပေးပါ
နေရောင်ကြောင့် ထိခိုက်မှုကနေ ကာကွယ်နိုင်တယ်လို့ ယူဆရတယ်။ ဥရောပ အာဟာရဂျာနယ် အဆိုအရ Soy-based supplement ပဲပုတ်နဲ့လုပ်တဲ့အစာတွေထဲမှာ Vitamins ဗီတာမင်တွေ၊ Fish protein ငါးကရတဲ့ (ပရိုတင်း)၊ နောက်ပြီး Extracts from white tea, Grapeseed and Tomato အသီးအနှံတွေကနေ ထုတ်တာတွေ ပါတယ်။ ၆ လတာ စားသုံးရင် အရေပြား သိသိသာသာ ကောင်းလာတယ်။

9. Practice Good Skin Care Basics အရေပြားယုယမှုလုပ်ပါ
- နေရောင်ကို ရှောင်ပါ။
- (ဆန်း-စခရင်မ်) သုံးပါ။
- (မွိုက်ချာရာ) သုံးပါ။
- ဆေးလိပ်မသောက်ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. တင့်ဆွေ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top