iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႔ ေန႔စဥ္ပံုမွန္အားကစားလုပ္ၿပီ GYMသြားေနေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ဘာမွထူးျခားေျပာင္းလဲမလာဘူး လို႔ခံစားေနရပါသလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ကိုယ္ကာယေလ့က်င့္နည္းစနစ္ေတြမွာတစ္ခုခုလြဲမွားေန တာျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ ခႏၶာကိုယ္က်စ္လ်စ္သြယ္လ်ၿပီး က်န္းမာေနဖို႔ဆိုရင္ ေလ့က်င့္ခန္းတစ္ခုတည္းလုပ္ရံု နဲ႔မလံုေလာက္ဘူးဆိုတာသတိျပဳဆင္ျခင္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Workout နဲ႔ပတ္သက္ၿပီး အမ်ားစုက်င့္သံုး မိေနတဲ့ အယူအဆအမွားေတြကို ျမန္မာ့ပလက္ေဖာင္းပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ႏွလံုးကိုအခ်ိန္ၾကာျမင့္စြာအလုပ္လုပ္ေစျခင္း
1513569734218.jpg
ေလ့က်င့္ခန္းလုပ္တဲ့လူေတြအမ်ားစုက လႈပ္လႈပ္ရွားရွားရွိၿပီး ေမာပန္းသြားတာမ်ိဳး၊ ႏွလံုးခုန္ျမန္ေလပိုေကာင္းေလ လို႔ယံုၾကည္ေနၾကပါတယ္။ ဒါေပမဲ့ အဲဒီလို ႏွလံုးကိုအခ်ိန္ၾကာျမင့္စြာအလုပ္လုပ္ေစျခင္းအားျဖင့္ ႏွလံုးေသြးေၾကာေတြရဲ႕ ေသြးလည္ပတ္မႈစနစ္ေတြကို ဆိုးက်ိဳးေတြျဖစ္ေစပါတယ္။ ဒါေၾကာင့္ ႏွလံုးကို အခ်ိန္ၾကာၾကာ လႈပ္ရွားေစတဲ့ အေျပးေလ့က်င့္တာအျပင္ ျပင္းျပင္းထန္ထန္လႈပ္ရွားမႈေတြကို နာရီဝက္ထက္ပိုၿပီး မလုပ္သင့္ပါဘူး။

ကယ္လိုရီေရွာင္ျခင္း
1513569796776.jpg
ကယ္လိုရီကိုေရွာင္တာဟာ က်န္းမာေရးအတြက္ေကာင္းေစၿပီးေတာ့ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာေတြကို ေႏွးေကြးေစပါတယ္။ ဒါ့အျပင္ ႏွလံုးေသြးေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါေတြျဖစ္ပြားမႈကိုကာကြယ္ေပးႏုိင္ပါတယ္။ ဒါေပမဲ့ ကယ္လိုရီေလွ်ာ့ခ်တာနဲ႔ အဆီေလွ်ာ့ခ်တာကမတူပါဘူး။ ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္လုပ္လိုက္တဲ့အခါ ခႏၶာကိုယ္မွာရွိတဲ့အဆီေတြေလာင္ကၽြမ္းသြားပါတယ္။

အဲဒီလိုအဆီေတြေလာင္ကၽြမ္းသြားတဲ့အခါ ခႏၶာကိုယ္မွာ စြမ္းအင္ေတြလိုအပ္လာပါတယ္။ ပရိုတင္းဓာတ္၊ ကာဘိုဟိုက္ၿဒိတ္ဓာတ္နဲ႔ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အဆီဓာတ္ေတြကိုေတာ့ မျဖစ္မေနစားသံုးေပးဖို႔လိုပါတယ္။ ဒါေၾကာင့္ ကယ္လိုရီေရွာင္တဲ့ေနရာမွာ ေထာပတ္သီး၊ ဆယ္လမြန္ငါးနဲ႔၊ အိုမီဂါ ၃ ပါတဲ့ အဆီေတြမွီဝဲေပးဖို႔လည္း လိုအပ္ပါတယ္။

Workoutလုပ္ေနခ်ိန္မွာ ေရမေသာက္ျခင္း
1513569901747.jpg
အမ်ားစုက ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ ေရေသာက္ေလ့မရွိပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေရေသာက္လိုက္ရင္ ဗိုက္ထဲမွာ ေနလို႔မေကာင္းတာ၊ အစာအိမ္မွာ ျပႆနာတစ္ခုခုျဖစ္သြားမွာစိုးရိမ္ၾကလို႔ပါ။ ဒါေပမဲ့ ဒီအေလ့အက်င့္ဟာ လံုးဝမွားယြင္းေနပါတယ္။ လႈပ္လႈပ္ရွားရွားရွိေနတဲ့ ခႏၶာကိုယ္မွာ ေရဓာတ္ေတြ ဆံုးရံႈးသြားပါတယ္။ တကယ္လို႔ ေရဓာတ္ျပန္မျဖည့္ဘူးဆိုရင္ ခႏၶာကိုယ္က်န္းမာေရးက ဆုတ္ယုတ္လာဖို႔ပဲရွိပါတယ္။

ဗိုက္ျပည့္လြန္းျခင္း ဒါမွမဟုတ္ ဘာမွမစားဘဲေလ့က်င့္ခန္းလုပ္ျခင္း
1513569914394.jpg
ေလ့က်င့္ခန္းမလုပ္ခင္ တခ်ိဳ႕က်ေတာ့ ဘာမွမစားထားတာမ်ိဳး တခ်ိဳ႕က်ေတာ့ ေလ့က်င့္ခန္းလုပ္မွာမို႔လို႔ အားရွိဖို႔လိုတယ္ဆိုၿပီး ဗိုက္ကိုတင္းကားေနေအာင္ျဖည့္ထားတာမ်ိဳးေတြက ေကာင္းတဲ့အယူအဆေတြေတာ့ မဟုတ္ပါဘူး။ အေကာင္းဆံုးကေတာ့ ေလ့က်င့္ခန္းမလုပ္ခင္ ၁နာရီခြဲကေန ၂နာရီအတြင္း အစာစားတာက သင့္ရဲ႕ Workoutကိုပိုၿပီးထိေရာက္ေစမွာပါ။

ေလ့က်င့္ခန္းလုပ္ၿပီး ေရခ်ိဳးျခင္းဒါမွမဟုတ္ ေရေႏြးေငြ႕ေပါင္းခံျခင္း
1513569928608.jpg
ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္လုပ္ၿပီး ခ်က္ခ်င္းေရခ်ိဳးတာမ်ိဳး၊ ေရေႏြးေငြ႕ေပါင္းခံတာမ်ိဳးမလုပ္သင့္ပါဘူး။ ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ ခႏၶာကိုယ္မွာ ေရဓာတ္ေတြဆံုးရံႈးထားတာျဖစ္လို႔ ေသြးဖိအားကျမင့္တက္ေနပါတယ္။ အဲဒီအခ်ိန္မွာ ေရခ်ိဳးမယ္ ဒါမွမဟုတ္ ေရေႏြးေငြ႕ေပါင္းခံလိုက္မယ္ဆိုရင္ အားအင္ခ်ိနဲ႔ၿပီး ႏံႈးေခြမႈေတြခံစားရႏိုင္ပါ တယ္။ အဲဒီအစား ေရအဝေသာက္ပါ၊ ခႏၶာကိုယ္ကို အဝတ္၊ တဘက္နဲ႔ၿခံဳၿပီး ေခၽြးတိတ္ေအာင္ေစာင့္ၿပီးမွ ေရခ်ိဳးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: By Joy(Myanmaplatform)

# Unicode Version ျဖင့္ ဖတ္ပါ #
သင့်အနေနဲ့ နေ့စဉ်ပုံမှန်အားကစားလုပ်ပြီ GYMသွားနေပေမယ့် ကိုယ့်ကိုယ်ကိုယ် ဘာမှထူးခြားပြောင်းလဲမလာဘူး လို့ခံစားနေရပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ကိုယ်ကာယလေ့ကျင့်နည်းစနစ်တွေမှာတစ်ခုခုလွဲမှားနေ တာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျပြီး ကျန်းမာနေဖို့ဆိုရင် လေ့ကျင့်ခန်းတစ်ခုတည်းလုပ်ရုံ နဲ့မလုံလောက်ဘူးဆိုတာသတိပြုဆင်ခြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Workout နဲ့ပတ်သက်ပြီး အများစုကျင့်သုံး မိနေတဲ့ အယူအဆအမှားတွေကို မြန်မာ့ပလက်ဖောင်းပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

နှလုံးကိုအချိန်ကြာမြင့်စွာအလုပ်လုပ်စေခြင်း

လေ့ကျင့်ခန်းလုပ်တဲ့လူတွေအများစုက လှုပ်လှုပ်ရှားရှားရှိပြီး မောပန်းသွားတာမျိုး၊ နှလုံးခုန်မြန်လေပိုကောင်းလေ လို့ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ အဲဒီလို နှလုံးကိုအချိန်ကြာမြင့်စွာအလုပ်လုပ်စေခြင်းအားဖြင့် နှလုံးသွေးကြောတွေရဲ့ သွေးလည်ပတ်မှုစနစ်တွေကို ဆိုးကျိုးတွေဖြစ်စေပါတယ်။ ဒါကြောင့် နှလုံးကို အချိန်ကြာကြာ လှုပ်ရှားစေတဲ့ အပြေးလေ့ကျင့်တာအပြင် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေကို နာရီဝက်ထက်ပိုပြီး မလုပ်သင့်ပါဘူး။

ကယ်လိုရီရှောင်ခြင်း

ကယ်လိုရီကိုရှောင်တာဟာ ကျန်းမာရေးအတွက်ကောင်းစေပြီးတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို နှေးကွေးစေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီလျှော့ချတာနဲ့ အဆီလျှော့ချတာကမတူပါဘူး။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေလောင်ကျွမ်းသွားပါတယ်။

အဲဒီလိုအဆီတွေလောင်ကျွမ်းသွားတဲ့အခါ ခန္ဓာကိုယ်မှာ စွမ်းအင်တွေလိုအပ်လာပါတယ်။ ပရိုတင်းဓာတ်၊ ကာဘိုဟိုက်ဒြိတ်ဓာတ်နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဆီဓာတ်တွေကိုတော့ မဖြစ်မနေစားသုံးပေးဖို့လိုပါတယ်။ ဒါကြောင့် ကယ်လိုရီရှောင်တဲ့နေရာမှာ ထောပတ်သီး၊ ဆယ်လမွန်ငါးနဲ့၊ အိုမီဂါ ၃ ပါတဲ့ အဆီတွေမှီဝဲပေးဖို့လည်း လိုအပ်ပါတယ်။

Workoutလုပ်နေချိန်မှာ ရေမသောက်ခြင်း

အများစုက လေ့ကျင့်ခန်းလုပ်နေချိန်မှာ ရေသောက်လေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေသောက်လိုက်ရင် ဗိုက်ထဲမှာ နေလို့မကောင်းတာ၊ အစာအိမ်မှာ ပြဿနာတစ်ခုခုဖြစ်သွားမှာစိုးရိမ်ကြလို့ပါ။ ဒါပေမဲ့ ဒီအလေ့အကျင့်ဟာ လုံးဝမှားယွင်းနေပါတယ်။ လှုပ်လှုပ်ရှားရှားရှိနေတဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ တကယ်လို့ ရေဓာတ်ပြန်မဖြည့်ဘူးဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးက ဆုတ်ယုတ်လာဖို့ပဲရှိပါတယ်။

ဗိုက်ပြည့်လွန်းခြင်း ဒါမှမဟုတ် ဘာမှမစားဘဲလေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းမလုပ်ခင် တချို့ကျတော့ ဘာမှမစားထားတာမျိုး တချို့ကျတော့ လေ့ကျင့်ခန်းလုပ်မှာမို့လို့ အားရှိဖို့လိုတယ်ဆိုပြီး ဗိုက်ကိုတင်းကားနေအောင်ဖြည့်ထားတာမျိုးတွေက ကောင်းတဲ့အယူအဆတွေတော့ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီခွဲကနေ ၂နာရီအတွင်း အစာစားတာက သင့်ရဲ့ Workoutကိုပိုပြီးထိရောက်စေမှာပါ။

လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်းဒါမှမဟုတ် ရေနွေးငွေ့ပေါင်းခံခြင်း

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး ချက်ချင်းရေချိုးတာမျိုး၊ ရေနွေးငွေ့ပေါင်းခံတာမျိုးမလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ခန္ဓာကိုယ်မှာ ရေဓာတ်တွေဆုံးရှုံးထားတာဖြစ်လို့ သွေးဖိအားကမြင့်တက်နေပါတယ်။ အဲဒီအချိန်မှာ ရေချိုးမယ် ဒါမှမဟုတ် ရေနွေးငွေ့ပေါင်းခံလိုက်မယ်ဆိုရင် အားအင်ချိနဲ့ပြီး နှုံးခွေမှုတွေခံစားရနိုင်ပါ တယ်။ အဲဒီအစား ရေအဝသောက်ပါ၊ ခန္ဓာကိုယ်ကို အဝတ်၊ တဘက်နဲ့ခြုံပြီး ချွေးတိတ်အောင်စောင့်ပြီးမှ ရေချိုးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: By Joy(Myanmaplatform)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top