ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဂ်က္စတင္ဘီဘာေၾကာင့္ပါ။ဆယ္လီနာနဲ႔ ဂ်က္စတင္ဘီဘာတုိ႔ရဲ႕ ဆက္ဆံေရးက အေလးအနက္ျဖစ္လာၿပီဆုိတာ သိလိုက္ရၿပီးတဲ့ေနာက္ ဆယ္လီနာရဲ႕မိခင္ မန္ဒီဟာ ေဆး႐ံုေတာင္ တက္ခဲ့ရပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းက ဆယ္လီနာနဲ႔ ေဂ်ဘီတုိ႔ ျပန္တြဲေနၾကတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကရာက စကားမ်ားခဲ့ၾကၿပီးတဲ့ေနာက္ မန္ဒီကို ေဆး႐ံုတင္ခဲ့ရတယ္လို႔ TMZ သတင္းအရ သိရပါတယ္။

အဲဒီေနာက္ ဒီတစ္ပတ္အတြင္းမွာေတာ့ အသက္ ၂၅ ႏွစ္အရြယ္ ဆယ္လီနာဂိုးမက္စ္နဲ႔ kicked2thecurbproductions ဆိုတဲ့နာမည္နဲ႔ အင္စတာဂရမ္အေကာင့္ဖြင့္ထားတဲ့ သူမရဲ႕မိခင္တုိ႔ဟာ အင္စတာဂရမ္မွာ unfollow လုပ္လိုက္ၾကတာကို ပရိသတ္ေတြက သတိထားမိလိုက္ၾကပါတယ္။

ဆယ္လီနာနဲ႔ ေဂ်ဘီဟာ ၂၀၁၄ ခုႏွစ္မွာ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ လမ္းခြဲျပတ္ဆဲၿပီးတဲ့ေနာက္မွာေတာ့ ေဂ်ဘီကို လံုးဝ ခြင့္မလႊတ္ႏိုင္သလို ဘယ္ေတာ့မွ ျပန္လက္ခံမွာမဟုတ္ဘူးလို႔ TMZ မွာ ေဖာ္ျပထားပါတယ္။

ဆယ္လီနာ့မိခင္ဟာ ဆယ္လီနာနဲ႔ ေဂ်ဘီတုိ႔ရဲ႕ အခ်စ္ေရးက အခုအႀကိမ္မွာ ဘယ္ေလာက္ေလးနက္လာၿပီဆုိတာကို သိလိုက္ရတဲ့အခါမွာ သူတုိ႔ရဲ႕ေဆြးေႏြးမႈက ရန္ပြဲအျဖစ္ ကူးေျပာင္းသြားခဲ့တယ္လို႔ သိရပါတယ္။

ဂ်က္စတင္ဘီဘာဘက္က သတင္းေပးတစ္ဦးက ေျပာလာတာကေတာ့ ေဂ်ဘီက ဆယ္လီနာ့မိသားစုက သူ႔ကို မၾကည္ျဖဴတာ သိေပမဲ့ သူ႔ဘက္က ဘယ္ေလာက္ထိ ေလးနက္တယ္ဆိုတာကို သက္ေသျပဖို႔ ဆံုးျဖတ္ထားပါတယ္တဲ့။

ွSource : Mirror

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ဂျက်စတင်ဘီဘာကြောင့်ပါ။ဆယ်လီနာနဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ ဆက်ဆံရေးက အလေးအနက်ဖြစ်လာပြီဆိုတာ သိလိုက်ရပြီးတဲ့နောက် ဆယ်လီနာရဲ့မိခင် မန်ဒီဟာ ဆေးရုံတောင် တက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဆယ်လီနာနဲ့ ဂျေဘီတို့ ပြန်တွဲနေကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာက စကားများခဲ့ကြပြီးတဲ့နောက် မန်ဒီကို ဆေးရုံတင်ခဲ့ရတယ်လို့ TMZ သတင်းအရ သိရပါတယ်။

အဲဒီနောက် ဒီတစ်ပတ်အတွင်းမှာတော့ အသက် ၂၅ နှစ်အရွယ် ဆယ်လီနာဂိုးမက်စ်နဲ့ kicked2thecurbproductions ဆိုတဲ့နာမည်နဲ့ အင်စတာဂရမ်အကောင့်ဖွင့်ထားတဲ့ သူမရဲ့မိခင်တို့ဟာ အင်စတာဂရမ်မှာ unfollow လုပ်လိုက်ကြတာကို ပရိသတ်တွေက သတိထားမိလိုက်ကြပါတယ်။

ဆယ်လီနာနဲ့ ဂျေဘီဟာ ၂၀၁၄ ခုနှစ်မှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ လမ်းခွဲပြတ်ဆဲပြီးတဲ့နောက်မှာတော့ ဂျေဘီကို လုံးဝ ခွင့်မလွှတ်နိုင်သလို ဘယ်တော့မှ ပြန်လက်ခံမှာမဟုတ်ဘူးလို့ TMZ မှာ ဖော်ပြထားပါတယ်။

ဆယ်လီနာ့မိခင်ဟာ ဆယ်လီနာနဲ့ ဂျေဘီတို့ရဲ့ အချစ်ရေးက အခုအကြိမ်မှာ ဘယ်လောက်လေးနက်လာပြီဆိုတာကို သိလိုက်ရတဲ့အခါမှာ သူတို့ရဲ့ဆွေးနွေးမှုက ရန်ပွဲအဖြစ် ကူးပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။

ဂျက်စတင်ဘီဘာဘက်က သတင်းပေးတစ်ဦးက ပြောလာတာကတော့ ဂျေဘီက ဆယ်လီနာ့မိသားစုက သူ့ကို မကြည်ဖြူတာ သိပေမဲ့ သူ့ဘက်က ဘယ်လောက်ထိ လေးနက်တယ်ဆိုတာကို သက်သေပြဖို့ ဆုံးဖြတ်ထားပါတယ်တဲ့။

ှSource : Mirror

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top