ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

 ကားပါကင္ႏွင့္ ဓာတ္ေလွကား ထည့္သြင္းတည္ေဆာက္ ထားသည့္ ရန္ကုန္ပညာေရးတကၠ သိုလ္ ေလ့က်င့္ေရးအထက္တန္း ေက်ာင္း (ကမာရြတ္ TTC) ငါး ထပ္ေက်ာင္းေဆာင္သစ္ကို ဒီဇင္ ဘာ ၁ ရက္တြင္ ဖြင့္လွစ္ခဲ့သည္။

 ေက်ာင္းေဆာင္သစ္ကို ပ ညာေရးဝန္ႀကီးဌာန၏ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ဘ႑ာႏွစ္ ၂ ႏွစ္ မွ ဘတ္ဂ်က္ေငြ က်ပ္ ၅ ဒသမ ၂ ဘီလီယံျဖင့္ ေဆာက္လုပ္ျခင္း ျဖစ္သည္။ ေက်ာင္းေဆာင္သစ္အတြင္း စာသင္ခန္း ၉၆ ခန္း၊ ခန္းမတစ္ခု၊ အထပ္တိုင္းတြင္ သန္႔စင္ခန္းမ်ား ထည့္သြင္းတည္ ေဆာက္ထားၿပီး ကားအစီးေရ တစ္ရာ ရပ္နားႏိုင္မည့္ ကားပါ ကင္ႏွစ္ခုႏွင့္ ဓာတ္ေလွကားႏွစ္ခု လည္း ပါဝင္သည္။


 ‘‘ပညာေရးဝန္ႀကီးဌာနရဲ႕ ဘ႑ာေရးႏွစ္ ၂ ႏွစ္စာ ဘတ္ဂ်က္ကေန က်ပ္ ၅ ဒသမ ၂ ဘီလီယံ သံုးစြဲတည္ေဆာက္ေပးထားတာ ပါ။ ဒီေက်ာင္းေဆာင္သစ္ ဖြင့္ လိုက္ေတာ့ ရန္ကုန္တကၠသိုလ္ (လႈိင္နယ္ေျမ)မွာ တက္ေနရတဲ့ ဒီေက်ာင္းက ကေလးေတြကို ေက်ာင္းေဆာင္သစ္မွာ ေပးတက္ ႏိုင္မယ္။ ရန္ကုန္တကၠသိုလ္(လိႈင္နယ္ေျမ)မွာလည္း ရန္ကုန္တကၠ သိုလ္က ပထမႏွစ္ေက်ာင္းသား ေတြ တက္ႏိုင္ေတာ့ အဆင္ေျပ သြားမယ္’’ဟု ပညာေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္ တာ မ်ိဳးသိမ္းႀကီးကေျပာသည္။

ယခင္ ေဒသေကာလိပ္-၂၊ ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)တြင္ ဖြင့္လွစ္ထားေသာ ရန္ကုန္ ပညာေရးတကၠသိုလ္ ေလ့က်င့္ ေရး အထက္တန္းေက်ာင္း သူငယ္တန္းမွ ပၪၥမတန္းႏွင့္ ဆ႒မ တန္းကို ဒီဇင္ ဘာ ၁ ရက္က စတင္ ကာ ငါးထပ္ေက်ာင္းေဆာင္သစ္ သို႔ ေျပာင္းေရႊ႕ဖြင့္လွစ္ထားသည္။

 ရန္ကုန္ပညာေရးတကၠ သိုလ္ေလ့က်င့္ေရး အထက္တန္း ေက်ာင္းသည္ ေက်ာင္းသား၊ ေက်ာင္းသူ ၇,၂၀၀ လက္ခံသင္ ၾကားေပးေနၿပီး ေက်ာင္းဆင္းခ်ိန္၊ တက္ခ်ိန္မ်ားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖရွင္းရန္ ကားပါကင္ ထည့္သြင္းေဆာက္လုပ္ထားသည္။ သို႔ေသာ္ ကားပါကင္အေနအထားအရ ေက်ာင္းကားမီနီဘတ္စ္မ်ား မဝင္ေရာက္ႏိုင္သျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေက်ာင္းကားမ်ား ရပ္နားႏိုင္မည့္ ေနရာစီစဥ္ထားရန္ ေက်ာင္းတာဝန္ရွိသူမ်ားအား အႀကံျပဳထားသည္။

 ရန္ကုန္ပညာေရးတကၠ သိုလ္ေလ့က်င့္ေရး အထက္တန္း ေက်ာင္းကို ၁၉၃၁ တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ေက်ာင္းသားႏွင့္ ေက်ာင္းေဆာင္အင္အား မမွ်တျခင္းေၾကာင့္ သူငယ္တန္းမွ ပၪၥမတန္းအထိ အတန္းမ်ားကို ၂,၀၀၀ ျပည့္ႏွစ္မွ ၂၀၁၇ ႏိုဝင္ဘာအထိ ရန္ကုန္တကၠသိုလ္ (လႈိင္နယ္ေျမ) တြင္ ဖြင့္လွစ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ကားပါကင်နှင့် ဓာတ်လှေကား ထည့်သွင်းတည်ဆောက် ထားသည့် ရန်ကုန်ပညာရေးတက္က သိုလ် လေ့ကျင့်ရေးအထက်တန်း ကျောင်း (ကမာရွတ် TTC) ငါး ထပ်ကျောင်းဆောင်သစ်ကို ဒီဇင် ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

 ကျောင်းဆောင်သစ်ကို ပ ညာရေးဝန်ကြီးဌာန၏ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၂ နှစ် မှ ဘတ်ဂျက်ငွေ ကျပ် ၅ ဒသမ ၂ ဘီလီယံဖြင့် ဆောက်လုပ်ခြင်း ဖြစ်သည်။ ကျောင်းဆောင်သစ်အတွင်း စာသင်ခန်း ၉၆ ခန်း၊ ခန်းမတစ်ခု၊ အထပ်တိုင်းတွင် သန့်စင်ခန်းများ ထည့်သွင်းတည် ဆောက်ထားပြီး ကားအစီးရေ တစ်ရာ ရပ်နားနိုင်မည့် ကားပါ ကင်နှစ်ခုနှင့် ဓာတ်လှေကားနှစ်ခု လည်း ပါဝင်သည်။


 ‘‘ပညာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးနှစ် ၂ နှစ်စာ ဘတ်ဂျက်ကနေ ကျပ် ၅ ဒသမ ၂ ဘီလီယံ သုံးစွဲတည်ဆောက်ပေးထားတာ ပါ။ ဒီကျောင်းဆောင်သစ် ဖွင့် လိုက်တော့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)မှာ တက်နေရတဲ့ ဒီကျောင်းက ကလေးတွေကို ကျောင်းဆောင်သစ်မှာ ပေးတက် နိုင်မယ်။ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)မှာလည်း ရန်ကုန်တက္က သိုလ်က ပထမနှစ်ကျောင်းသား တွေ တက်နိုင်တော့ အဆင်ပြေ သွားမယ်’’ဟု ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မျိုးသိမ်းကြီးကပြောသည်။

ယခင် ဒေသကောလိပ်-၂၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တွင် ဖွင့်လှစ်ထားသော ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့် ရေး အထက်တန်းကျောင်း သူငယ်တန်းမှ ပဉ္စမတန်းနှင့် ဆဋ္ဌမ တန်းကို ဒီဇင် ဘာ ၁ ရက်က စတင် ကာ ငါးထပ်ကျောင်းဆောင်သစ် သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။

 ရန်ကုန်ပညာရေးတက္က သိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်းသည် ကျောင်းသား၊ ကျောင်းသူ ၇,၂၀၀ လက်ခံသင် ကြားပေးနေပြီး ကျောင်းဆင်းချိန်၊ တက်ချိန်များတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကားပါကင် ထည့်သွင်းဆောက်လုပ်ထားသည်။ သို့သော် ကားပါကင်အနေအထားအရ ကျောင်းကားမီနီဘတ်စ်များ မဝင်ရောက်နိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းကားများ ရပ်နားနိုင်မည့် နေရာစီစဉ်ထားရန် ကျောင်းတာဝန်ရှိသူများအား အကြံပြုထားသည်။

 ရန်ကုန်ပညာရေးတက္က သိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်းကို ၁၉၃၁ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားနှင့် ကျောင်းဆောင်အင်အား မမျှတခြင်းကြောင့် သူငယ်တန်းမှ ပဉ္စမတန်းအထိ အတန်းများကို ၂,၀၀၀ ပြည့်နှစ်မှ ၂၀၁၇ နိုဝင်ဘာအထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ဖွင့်လှစ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top