iMyanmarHouse.com - Best Property Website for Myanmar
×

ဒီဇင္ဘာ ၁၇ရက္ညက ကၽြန္းေတာလမ္းရွိ ေဆာက္လုပ္စကြန္ဒုိ မီးေလာင္မႈတြင္ ပါ၀င္ၿငိႇမ္းသတ္ခဲ့ေသာ မီးသတ္တပ္ဖြဲ႕၀င္မ်ား (ဓာတ္ပံု − စုိင္းေဇာ္)

ကမာရြတ္ၿမိဳ႕နယ္ (၇) ရပ္ကြက္ ကြၽန္းေတာလမ္း (Junction Square ေရွ႕) ရွိ ေဆာက္လက္စ Times City အထပ္ျမင့္ကြန္ဒို တြင္ ဒီဇင္ဘာ ၁၇ ရက္ ည ၇ နာရီခန္႔က မီးေလာင္ခဲ့သည္။

Crown Advanced ေဆာက္လုပ္ေရး ကုမၸဏီက တာဝန္ယူ တည္ေဆာက္ေနသည့္ Times City Office and Condo စီမံကိန္း အမွတ္ (၃) ၏ ေျမညီထပ္ စတိုခန္းမွ  စတင္ေလာင္ကြၽမ္းၿပီး ေလာင္ကြၽမ္းရသည့္ အေၾကာင္း ရင္းကိုမူ မီးသတ္တပ္ဖြဲ႕က စံုစမ္း ေနသည္။

မီးေလာင္မႈကို အဆင့္(၂) သတ္မွတ္၍ ၿငိႇမ္းသတ္ခဲ့ၿပီး ည ၇ နာရီခြဲတြင္ အၿပီးသတ္ၿငိႇိမ္းသတ္ ႏိုင္ခဲ့ေၾကာင္း ျမန္မာ့မီးသတ္တပ္ ဖြဲ႕က ေၾကညာသည္။

မီးေလာင္မႈျဖစ္ပြားခဲ့သည့္ အေဆာက္အအံုသည္ ၂၃ ထပ္အျမင့္ ရွိၿပီး စတိုခန္းတစ္ခန္း မီးလာင္ ကြၽမ္းခဲ့သည္။ မီးေလာင္မႈေၾကာင့္ ဆံုး႐ႈံးမႈတန္ဖိုးကို သက္ဆိုင္ရာက ထုတ္ျပန္ႏိုင္ျခင္း မရွိေသးေပ။

Crown Advanced ေဆာက္လုပ္ေရးကုမၸဏီသည္  Times City စီမံကိန္းကို ၂၀၁၂ က စတင္ တည္ေဆာက္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
ဒီဇင်ဘာ ၁၇ရက်ညက ကျွန်းတောလမ်းရှိ ဆောက်လုပ်စကွန်ဒို မီးလောင်မှုတွင် ပါဝင်ငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ − စိုင်းဇော်)

ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ကျွန်းတောလမ်း (Junction Square ရှေ့) ရှိ ဆောက်လက်စ Times City အထပ်မြင့်ကွန်ဒို တွင် ဒီဇင်ဘာ ၁၇ ရက် ည ၇ နာရီခန့်က မီးလောင်ခဲ့သည်။

Crown Advanced ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေသည့် Times City Office and Condo စီမံကိန်း အမှတ် (၃) ၏ မြေညီထပ် စတိုခန်းမှ  စတင်လောင်ကျွမ်းပြီး လောင်ကျွမ်းရသည့် အကြောင်း ရင်းကိုမူ မီးသတ်တပ်ဖွဲ့က စုံစမ်း နေသည်။

မီးလောင်မှုကို အဆင့်(၂) သတ်မှတ်၍ ငြှိမ်းသတ်ခဲ့ပြီး ည ၇ နာရီခွဲတွင် အပြီးသတ်ငြှိမ်းသတ် နိုင်ခဲ့ကြောင်း မြန်မာ့မီးသတ်တပ် ဖွဲ့က ကြေညာသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အဆောက်အအုံသည် ၂၃ ထပ်အမြင့် ရှိပြီး စတိုခန်းတစ်ခန်း မီးလာင် ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

Crown Advanced ဆောက်လုပ်ရေးကုမ္ပဏီသည်  Times City စီမံကိန်းကို ၂၀၁၂ က စတင် တည်ဆောက်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top