iMyanmarHouse.com - Best Property Website for Myanmar
×

K-pop အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ SHINee အဖြဲ႕ဝင္ Jonghyun ဟာ ဒီဇင္ဘာလ ၁၈ ရက္ ကိုရီးယားစံေတာ္ခ်ိန္ ညေန ၆ နာရီ မွာ ေသဆံုးသြားၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳလိုက္ပါၿပီ။

"SHINee Joghyun ေသဆံုးမႈကို ကၽြန္ေတာ္တုိ႔ အတည္ျပဳပါတယ္။ တာဝန္ေပးထားတဲ့ ရဲအရာရွိနဲ႔ အဆက္အသြယ္မရႏုိင္ေသးပါဘူး။ အေသးစိတ္ကို ေဆြးေႏြးႏုိင္ဖို႔ ေသခ်ာစံုစမ္းဆဲျဖစ္ပါတယ္" လို႔ ဂန္းနမ္းရဲတပ္ဖြဲ႕က ေျဖၾကားခဲ့ပါတယ္။
Image result for Jonghyun
Joghyun ကို ဂန္နမ္းဂုအရပ္ရွိ တိုက္ခန္းတစ္ခန္းမွာ ဒီဇင္ဘာလ ၁၈ ရက္ ညေန ၆ နာရီက ေတြ႕ရွိခဲ့ပါတယ္။ သူ႔ကို ေဆး႐ံုကို အလ်င္အျမန္ပို႔ခဲ့ေသာ္လည္း ေသဆံုးသြားၿပီျဖစ္တယ္လို႔ သိရပါတယ္။

SHINee ရဲ႕ေအဂ်င္စီျဖစ္တဲ့ SM Entertianment က Jonhyun ရဲ႕ ႐ုတ္တရက္ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ျခင္းမရွိေသးပါဘူး။ သူ႔ရဲ႕မိသားစုဝင္ေတြနဲ႔ အဖြဲ႕ဝင္ေတြကလည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး တစ္စံုတရာ ေျပာၾကားျခင္း မရွိေသးပါဘူး။
Image result for Jonghyun
အသက္ ၂၇ ႏွစ္အရြယ္  Jonhyun လဲေလ်ာင္းေနတဲ့အခန္းထဲမွာေတာ့ အေၾကာ္အုိးတစ္ခုထဲမွာ မီးေလာင္ေနတဲ့ ေက်ာက္မီးေသြးေတြထည့္ထားတာကို လည္း ေတြ႕ရွိပါတယ္။ ဒါဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ေသေၾကာင္းၾကံနည္းတစ္မ်ဳိးျဖစ္ပါတယ္။

ေက်ာက္မီးေသြးေတာင့္က ကာဗြန္မိုေနာက္ဆုိဒ္ထုတ္ႏုိင္တာျဖစ္လို႔ အဲဒီအေငြ႕ကို ႐ွဴၿပီး ကိုယ့္ကိုယ္ကိုယ္ ေသေၾကားၾကံစည္ၾကတာ ျဖစ္ပါတယ္။

Source : cna
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ဝင် Jonghyun ဟာ ဒီဇင်ဘာလ ၁၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီ မှာ သေဆုံးသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါပြီ။

"SHINee Joghyun သေဆုံးမှုကို ကျွန်တော်တို့ အတည်ပြုပါတယ်။ တာဝန်ပေးထားတဲ့ ရဲအရာရှိနဲ့ အဆက်အသွယ်မရနိုင်သေးပါဘူး။ အသေးစိတ်ကို ဆွေးနွေးနိုင်ဖို့ သေချာစုံစမ်းဆဲဖြစ်ပါတယ်" လို့ ဂန်းနမ်းရဲတပ်ဖွဲ့က ဖြေကြားခဲ့ပါတယ်။

Joghyun ကို ဂန်နမ်းဂုအရပ်ရှိ တိုက်ခန်းတစ်ခန်းမှာ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီက တွေ့ရှိခဲ့ပါတယ်။ သူ့ကို ဆေးရုံကို အလျင်အမြန်ပို့ခဲ့သော်လည်း သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

SHINee ရဲ့အေဂျင်စီဖြစ်တဲ့ SM Entertianment က Jonhyun ရဲ့ ရုတ်တရက်သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ သူ့ရဲ့မိသားစုဝင်တွေနဲ့ အဖွဲ့ဝင်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။

အသက် ၂၇ နှစ်အရွယ်  Jonhyun လဲလျောင်းနေတဲ့အခန်းထဲမှာတော့ အကြော်အိုးတစ်ခုထဲမှာ မီးလောင်နေတဲ့ ကျောက်မီးသွေးတွေထည့်ထားတာကို လည်း တွေ့ရှိပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံရဲ့သေကြောင်းကြံနည်းတစ်မျိုးဖြစ်ပါတယ်။

ကျောက်မီးသွေးတောင့်က ကာဗွန်မိုနောက်ဆိုဒ်ထုတ်နိုင်တာဖြစ်လို့ အဲဒီအငွေ့ကို ရှူပြီး ကိုယ့်ကိုယ်ကိုယ် သေကြေားကြံစည်ကြတာ ဖြစ်ပါတယ်။

Source : cna

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top