မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
3 Idiots
Lagaan
Slumdog Millionare
Jodha Akbar
Munnabhai M.B.B.S
Ek Tha Tiger
Credit: filmipop
# Unicode Version ဖြင့် ဖတ်ပါ #
ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan ကတော့ အခုဆိုရင် အသက်(၅၂)နှစ်ရှိနေပါပြီ။ ဒါပေမယ့် သူ့ရဲ့ အနုပညာ ဝမ်းစာကတော့ အသက်ကြီးလေ ပိုမိုပြည့်ဝလေပါ။ ဘောလိဝုဒ်တစ်နေရာတည်းတင်မဟုတ်ဘဲ အာရှနဲ့ ဟောလိဝုဒ်မှာပါ အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားပါ။ မင်းသားကြီး Shah Rukh Khan က ပါဝင်သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့ပြီး တခြားသရုပ်ဆောင်မင်းသားတွေနဲ့ ရိုက်ကူးပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ရှိပါတယ်။ အဲ့ ဒီဇာတ်ကားတွေကတော့…
 #3 Idiots
3 Idiots ဇာတ်ကား ကလည်း Shah Rukh Khan (SRK)ရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။ Shah Rukh Khan ငြင်းလို့ Aamir Khan နဲ့ ရိုက်ဖြစ်သွားခဲ့တာပါ။ Shah Rukh Khan ရဲ့ ငြင်းပယ်မှုက Aamir Khan အတွက် ကံကောင်းခြင်း၊ အောင်မြင်ခြင်းတွေကို ယူဆောင်ပေးခဲ့တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး
ဒီဇာတ်ကားကလည်း Shah Rukh Khan က နိုးလို့ ပြောခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ပါပါတယ်။ အနုပညာလောကထဲ ကျင်လယ်ခဲ့တဲ့ (၂၅)နှစ်ကျော်ပြီဆိုပေမယ့် ကမ်းလှမ်းသမျှ ကားကို ငြင်းပယ်ခဲ့တာများပြီး အဲ့ဒီထဲကမှ အနည်းငယ်ကို ပဲ လက်ခံရိုက်ကူးတတ်သူပါ။ ဒီကားကလည်း Aamir Khan ရဲ့ အောင်မြင်မှုမှတ်တိုင်တွေထဲက တစ်ခုပါ။
Lagaan
Lagaan ကလည်း သူငြင်းပယ်ခဲ့လို့ Aamir Khan နဲ့ ရိုက်လိုက်ရတဲ့ ဇာတ်ကားပါ။
Slumdog Millionare
Slumdog Millionaire ကို (SRK) ကို ရိုက်ကူးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းအရင်းရယ်လို့ မယ်မယ်ရရမရှိဘဲ SRK က ရိုက်ဖို့ ငြင်းခဲ့တဲ့ ဇာတ်ကားပါ။ နိုင်ငံတကာအထိ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဇာတ်ကားမို့ ငြင်းခဲ့တာကိုတောင် နောင်တရသင့်တဲ့ ဇာတ်ကားပါ။
Jodha Akbar
ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Ashutosh Gowariker က ဒီကားအတွက်မင်းသားကို  Shah Rukh Khan (SRK)လို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် SRK က တခြားရိုက်ကူးရေးတွေနဲ့ အချိန်ဇယားတွေ ကြပ်နေတယ်ဆိုပြီး ရိုက်ကူးဖို့ ငြင်း ပယ်ခဲ့တာပါ။
Munnabhai M.B.B.S
ဒီဇာတ်ကားကလည်း SRK ကို ရိုက်ဖို့ ကမ်းလှမ်းပေမယ့် နောက်ဆုံးမှာတော့ Sanjay Dutt  အတွက် ဖြစ်ခဲ့ရပါတယ်။ကားရိုက်တဲ့ ရက်တွေ အရမ်းကြပ်နေလို့၊ အချိန်မရှိလို့ ငြင်းလိုက်တာလို့ သိရပါတယ်။
Ek Tha Tiger
ဒီဇာတ်ကားကလည်း Shah Rukh Khan နဲ့ ရိုက်ဖို့ ရည်ရွယ်ပြီး ကမ်းလှှမ်းခဲ့တဲ့ ဇာတ်ကားပါ။ ဒါပေမယ့် ကားရိုက်ဖို့ ရက်က ဘယ်လိုမှညှိမရလို့ Salman Khan နဲ့ ရိုက်ကူးဖြစ်သွားခဲ့ရတာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: filmipop
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top