ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဗီယက္ဂ်က္ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါလာတဲ့ ခရီးသည္ေတြဟာ မထင္မွတ္ပဲ ေလယာဥ္ေပၚ ႀကံဳေတြ႔ရတဲ့ အခိုက္အတန္႔မွာ အံ့ၾသမွင္တက္သြားခဲ့ၾကပါတယ္။

ဘာလို႔လဲဆုိေတာ့ ေလယာဥ္ပ်ံသန္းခ်ိန္မွာ ေလယာဥ္မယ္ေလးေတြက Sexy က်က် ဝတ္စားဆင္ယင္မႈေတြနဲ႔ ဝန္ေဆာင္မႈ ေပးခဲ့ၾကလို႔ပါပဲ။

ဒီအျဖစ္အပ်က္ဟာ ထိုင္းႏုိင္ငံ၊ သုဝဏၰဘူမိေလဆိပ္ကေန ဗီယက္နမ္ႏိုင္ငံ၊ ဒါးလက္တ္ေလဆိပ္ဆီ ေျပးဆြဲတဲ့ ေလယာဥ္တစင္းေပၚမွာ ျဖစ္ခဲ့တာလို႔ ထိုင္းဘာသာနဲ႔ ထုတ္ေဝတဲ့ မန္ေနဂ်ာအြန္လိုင္းသတင္းမွာ ဒီဇင္ဘာ ၁၉ ရက္ေန႔က ေဖာ္ျပပါတယ္။

ေလယာဥ္ေပၚပါ ခရီးသည္ေတြဟာ အစပိုင္းက သတိမထားမိခဲ့ၾကဘဲ ေလယာဥ္မယ္ေလးေတြ ထြက္လာခ်ိန္မွာေတာ့ အံ့အားတသင့္နဲ႔ လည္ျပန္ေငးၾကည့္ခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

ပန္းပြင့္ပံုသဏၭာန္အမ်ိဳးမ်ိဳးနဲ႔ ဆင္ယင္ထားတဲ့ ဘီကီနီေရာင္စံုဝတ္ ေလယာဥ္မယ္ မိန္းကေလးေတြဟာ ေလယာဥ္ေပၚပါ ခရီးသည္ေတြကို အံ့ၾသဖြယ္ လက္ေဆာင္တခု ေပးလိုက္တာပါပဲ။

ခရီးသည္ေတြဟာ မုိဘိုင္းဖုန္းနဲ႔ မွတ္တမ္းတင္႐ုပ္သံ ႐ိုက္သူက႐ုိက္၊ ပါးစပ္အေဟာင္းသားနဲ႔ ေငးၾကည့္သူက ေငးၾကည့္နဲ႔ ရွိေနခဲ့ၾကတာကို ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာ ေတြ႔ရပါတယ္။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို The Clip အမည္ရတဲ့ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွတဆင့္ မွ်ေဝထားခဲ့ခ်ိန္မွာေတာ့ စိတ္ဝင္စားမႈေတြလည္း ျမင့္တက္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ပံုမွန္အားျဖင့္ေတာ့ ေလယာဥ္မယ္ေလးေတြရဲ႕ ဝတ္စံုဟာ ဦးထုပ္နဲ႔ အနီေရာင္ ႐ုိးရာဝတ္စံုသာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီေလေၾကာင္းလိုင္းဟာ ထိုင္းနဲ႔ ဗီယက္နမ္ ၂ ႏိုင္ငံၾကား သီတင္း ၁ ပတ္ကို ၄ ႀကိမ္ ပ်ံသန္းေျပးဆြဲေနရာကေန ၆ ႀကိမ္ထိ တိုးျမႇင့္ပ်ံသန္းခ်ိန္မွာ အေရာင္းျမႇင့္တင္တဲ့အေနနဲ႔ ခုလို ဝန္ေဆာင္မႈေပးခဲ့ၾကတာလို႔ သတင္းမွာ ေဖာ္ျပပါတ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
ဗီယက်ဂျက်လေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ မထင်မှတ်ပဲ လေယာဉ်ပေါ် ကြုံတွေ့ရတဲ့ အခိုက်အတန့်မှာ အံ့သြမှင်တက်သွားခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ လေယာဉ်ပျံသန်းချိန်မှာ လေယာဉ်မယ်လေးတွေက Sexy ကျကျ ဝတ်စားဆင်ယင်မှုတွေနဲ့ ဝန်ဆောင်မှု ပေးခဲ့ကြလို့ပါပဲ။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကနေ ဗီယက်နမ်နိုင်ငံ၊ ဒါးလက်တ်လေဆိပ်ဆီ ပြေးဆွဲတဲ့ လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြပါတယ်။

လေယာဉ်ပေါ်ပါ ခရီးသည်တွေဟာ အစပိုင်းက သတိမထားမိခဲ့ကြဘဲ လေယာဉ်မယ်လေးတွေ ထွက်လာချိန်မှာတော့ အံ့အားတသင့်နဲ့ လည်ပြန်ငေးကြည့်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပန်းပွင့်ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆင်ယင်ထားတဲ့ ဘီကီနီရောင်စုံဝတ် လေယာဉ်မယ် မိန်းကလေးတွေဟာ လေယာဉ်ပေါ်ပါ ခရီးသည်တွေကို အံ့သြဖွယ် လက်ဆောင်တခု ပေးလိုက်တာပါပဲ။

ခရီးသည်တွေဟာ မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင်ရုပ်သံ ရိုက်သူကရိုက်၊ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်သူက ငေးကြည့်နဲ့ ရှိနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို The Clip အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ချိန်မှာတော့ စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပုံမှန်အားဖြင့်တော့ လေယာဉ်မယ်လေးတွေရဲ့ ဝတ်စုံဟာ ဦးထုပ်နဲ့ အနီရောင် ရိုးရာဝတ်စုံသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းလိုင်းဟာ ထိုင်းနဲ့ ဗီယက်နမ် ၂ နိုင်ငံကြား သီတင်း ၁ ပတ်ကို ၄ ကြိမ် ပျံသန်းပြေးဆွဲနေရာကနေ ၆ ကြိမ်ထိ တိုးမြှင့်ပျံသန်းချိန်မှာ အရောင်းမြှင့်တင်တဲ့အနေနဲ့ ခုလို ဝန်ဆောင်မှုပေးခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတ

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top