ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီဇင္ဘာ ၆ ရက္ေန႔ ည ၁၁နာရီခြဲအခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေလွာ္ကားနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ လွည့္ကင္း တာဝန္ေဆာင္႐ြက္ေနစဥ္ (တ/၁၅)ရပ္ကြက္၊ ပန္းၿခံ(၆)၊ သဇင္လမ္းတြင္ အမ်ိဳးသားတစ္ဦးမွ အရက္ေသစာေသာက္စားမူးယစ္ၿပီး ဓားမ ကိုင္ေဆာင္၍ဖခင္ျဖစ္သူအား ရန္ျပဳေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ပါသည္။
အဆိုပါေနရာ၌ ႏိုင္လင္းၿဖိဳး၊ (၂၂)ႏွစ္ကို အ႐ိုးအသြား ၂၀ လက္မခန႔္ရွိ ဓားမတစ္ေခ်ာင္းအား ကိုင္ေဆာင္လ်က္
ေတြ႕ရွိရၿပီး ၎ဓားမျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား ျပန္လည္ရန္ျပဳခုခံသျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ အသက္အႏၲရာယ္စိုးရိမ္ရမႈေၾကာင့္ Pump Action ၁၂ ဘို႔ေျပာင္းေခ်ာေသနတ္ျဖင့္ ေျခာက္လွန႔္ပစ္ခတ္ခဲ့ေသာ္လည္း ၎မွာတပ္ဖြဲ႕ဝင္မ်ားဆီသို႔ ဓားမျဖင့္ေျပးဝင္ခုတ္ရန္ ရန္ျပဳခဲ့သျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ ႏိုင္လင္းၿဖိဳးတြင္ ဝမ္းဗိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အင္းစိန္ေဆး႐ုံသို႔ ပို႔အပ္ကာ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။
ယင္းသို႔ ရဲတပ္ဖြဲ႕ဝင္မ်ားအား အသက္အႏၲရာယ္စိုးရိမ္ရေလာက္ေအာင္ ျပန္လည္ရန္ျပဳသူ ႏိုင္လင္းၿဖိဳးအား ေလွာ္ကားနယ္ေျမရဲစခန္း (ပ)၁၁၀၀/ ၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၃၀၇ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

#MUNA

Photo – Yangon Police

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၁နာရီခွဲအချိန်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် (တ/၁၅)ရပ်ကွက်၊ ပန်းခြံ(၆)၊ သဇင်လမ်းတွင် အမျိုးသားတစ်ဦးမှ အရက်သေစာသောက်စားမူးယစ်ပြီး ဓားမ ကိုင်ဆောင်၍ဖခင်ဖြစ်သူအား ရန်ပြုနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါနေရာ၌ နိုင်လင်းဖြိုး၊ (၂၂)နှစ်ကို အရိုးအသွား ၂၀ လက်မခန့်ရှိ ဓားမတစ်ချောင်းအား ကိုင်ဆောင်လျက်
တွေ့ရှိရပြီး ၎င်းဓားမဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့် Pump Action ၁၂ ဘို့ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း ၎င်းမှာတပ်ဖွဲ့ဝင်များဆီသို့ ဓားမဖြင့်ပြေးဝင်ခုတ်ရန် ရန်ပြုခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နိုင်လင်းဖြိုးတွင် ဝမ်းဗိုက်ဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့အပ်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရဲတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ပြန်လည်ရန်ပြုသူ နိုင်လင်းဖြိုးအား လှော်ကားနယ်မြေရဲစခန်း (ပ)၁၁၀၀/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

#MUNA

Photo – Yangon Police

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top