iMyanmarHouse.com - Best Property Website for Myanmar
×

စင္ကာပူအေျခစိုက္ Pan Pacific ဟိုတယ္လုပ္ငန္းစုက ရန္ကုန္ၿမိဳ႕ Junction City ၌ ၂၅ ထပ္ရွိသည့္ ၾကယ္ငါးပြင့္ဟိုတယ္ကို ဒီဇင္ဘာ ၈ ရက္တြင္ စတင္ဖြင့္လွစ္ခဲ့သည္။

ၾကယ္ငါးပြင့္အဆင့္ရွိအဆို ပါ ဟိုတယ္သည္ ရန္ကုန္ၿမိဳ႕လယ္ အခ်က္အခ်ာက်သည့္ ဗိုလ္ခ်ဳပ္ ေစ်း၊ ဆူးေလေစတီႏွင့္ ေရႊတိဂံု ေစတီ၀န္းက်င္တြင္ တည္ရွိၿပီး အခန္း ၃၃၆ ခန္း ပါဝင္သည္။

အဆိုပါဟိုတယ္ကို စင္ကာ ပူအေျခစုိက္ Pan Pacific ဟို တယ္ လုပ္ငန္းစုႏွင့္ ေရႊေတာင္ ကုမၸဏီအုပ္စုတို႔က Pan Pacific (ရန္ကုန္) အျဖစ္ အက်ိဳးတူပူး ေပါင္းေဆာင္ရြက္ျခင္းျဖစ္သည္။ ဟိုတယ္၏ စီမံခန္႔ခြဲမႈအားလံုးကို စင္ကာပူဘက္က လုပ္ေဆာင္ မည္ျဖစ္သည္။

‘‘ဒီဟိုတယ္က ရန္ကုန္ၿမိဳ႕ခံ ေတြနဲ႔ ဧည့္သည္ေတြကို ကမၻာ့အ ဆင့္မီ လူေနပံုစံေတြယူလာေပး ႏုိင္တာ ဂုဏ္ယူဝမ္းသာစရာပါ’’ ဟု ေရႊေတာင္အိမ္ရာ ေဆာက္ လုပ္ေရးလုပ္ငန္း အမႈေဆာင္အ ရာရွိခ်ဳပ္ ေဒၚစႏၵာထြန္းက ေျပာ သည္။Pan Pacific (ရန္ကုန္) သည္ ရန္ကုန္ၿမိဳ႕လယ္ရွိ Junction City အပိုင္း(၁) ကို စတင္ဖြင့္လွစ္ၿပီး အပိုင္း ၂ ကို ၂၀၁၈ တြင္ ဖြင့္ လွစ္ႏုိင္ရန္ စီစဥ္ထားသည္။

အဆိုပါ Pan Pacific ဟုိ တယ္အုပ္စုသည္ ျမန္မာႏိုင္ငံ တြင္ ParkRoyal အမည္ျဖင့္ ရန္ ကုန္ႏွင့္ ေနျပည္ေတာ္၌ ဟုိတယ္ ႏွစ္လံုးဖြင့္လွစ္ထားသည္။

‘‘သူတို႔က ၾကယ္ငါးပြင့္အ ဆင့္ေဆာက္ထားလို႔ သတ္မွတ္ လိုက္တာျဖစ္မယ္။ အခုေနာက္ ပိုင္း ဟိုတယ္ေတြကို ၾကယ္ေတြနဲ႔ သတ္မွတ္ေလ့မရွိေတာ့ဘူး’’ ဟု ျမန္မာႏိုင္ငံ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးခင္ေမာင္ၿပံဳးက ေျပာသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ ၾကက္ငါးပြင့္အဆင့္ ဟိုတယ္ရွစ္လံုးခန္႔သာ ရွိေၾကာင္း ၎ကဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ လက္ရွိ ဟုိတယ္ ၁,၄၃၂ လံုးဖြင့္လွစ္ထားၿပီး ရန္ကုန္၌ ၃၅၄ လံုးဖြင့္လွစ္ထားသည္။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံ ၁၀ ခုက ဟိုတယ္လုပ္ငန္း ၅၆ ခု လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္ေနသည္။ ယင္းတို႔အနက္စင္ကာပူႏိုင္ငံက ဟိုတယ္လုပ္ငန္း ၂၆ ခုျဖင့္ အမ်ားဆံုး ရင္းႏွီီးျမႇဳပ္ႏွံထားၿပီး ထိုင္းႏိုင္ငံက ဒုတိယအမ်ားဆံုး ျဖစ္သည္။ ထို႔ေနာက္ေဟာင္ေကာင္ႏွင္ ဂ်ပန္တို႔က အဆင့္လိုက္အမ်ားဆံုး ရင္းႏွီးျမႇဳပ္ႏွံသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


စင်ကာပူအခြေစိုက် Pan Pacific ဟိုတယ်လုပ်ငန်းစုက ရန်ကုန်မြို့ Junction City ၌ ၂၅ ထပ်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်ကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ကြယ်ငါးပွင့်အဆင့်ရှိအဆို ပါ ဟိုတယ်သည် ရန်ကုန်မြို့လယ် အချက်အချာကျသည့် ဗိုလ်ချုပ် ဈေး၊ ဆူးလေစေတီနှင့် ရွှေတိဂုံ စေတီဝန်းကျင်တွင် တည်ရှိပြီး အခန်း ၃၃၆ ခန်း ပါဝင်သည်။

အဆိုပါဟိုတယ်ကို စင်ကာ ပူအခြေစိုက် Pan Pacific ဟို တယ် လုပ်ငန်းစုနှင့် ရွှေတောင် ကုမ္ပဏီအုပ်စုတို့က Pan Pacific (ရန်ကုန်) အဖြစ် အကျိုးတူပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဟိုတယ်၏ စီမံခန့်ခွဲမှုအားလုံးကို စင်ကာပူဘက်က လုပ်ဆောင် မည်ဖြစ်သည်။

‘‘ဒီဟိုတယ်က ရန်ကုန်မြို့ခံ တွေနဲ့ ဧည့်သည်တွေကို ကမ္ဘာ့အ ဆင့်မီ လူနေပုံစံတွေယူလာပေး နိုင်တာ ဂုဏ်ယူဝမ်းသာစရာပါ’’ ဟု ရွှေတောင်အိမ်ရာ ဆောက် လုပ်ရေးလုပ်ငန်း အမှုဆောင်အ ရာရှိချုပ် ဒေါ်စန္ဒာထွန်းက ပြော သည်။Pan Pacific (ရန်ကုန်) သည် ရန်ကုန်မြို့လယ်ရှိ Junction City အပိုင်း(၁) ကို စတင်ဖွင့်လှစ်ပြီး အပိုင်း ၂ ကို ၂၀၁၈ တွင် ဖွင့် လှစ်နိုင်ရန် စီစဉ်ထားသည်။

အဆိုပါ Pan Pacific ဟို တယ်အုပ်စုသည် မြန်မာနိုင်ငံ တွင် ParkRoyal အမည်ဖြင့် ရန် ကုန်နှင့် နေပြည်တော်၌ ဟိုတယ် နှစ်လုံးဖွင့်လှစ်ထားသည်။

‘‘သူတို့က ကြယ်ငါးပွင့်အ ဆင့်ဆောက်ထားလို့ သတ်မှတ် လိုက်တာဖြစ်မယ်။ အခုနောက် ပိုင်း ဟိုတယ်တွေကို ကြယ်တွေနဲ့ သတ်မှတ်လေ့မရှိတော့ဘူး’’ ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ပြုံးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ကြက်ငါးပွင့်အဆင့် ဟိုတယ်ရှစ်လုံးခန့်သာ ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဟိုတယ် ၁,၄၃၂ လုံးဖွင့်လှစ်ထားပြီး ရန်ကုန်၌ ၃၅၄ လုံးဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ ၁၀ ခုက ဟိုတယ်လုပ်ငန်း ၅၆ ခု လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။ ယင်းတို့အနက်စင်ကာပူနိုင်ငံက ဟိုတယ်လုပ်ငန်း ၂၆ ခုဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ထိုင်းနိုင်ငံက ဒုတိယအများဆုံး ဖြစ်သည်။ ထို့နောက်ဟောင်ကောင်နှင် ဂျပန်တို့က အဆင့်လိုက်အများဆုံး ရင်းနှီးမြှုပ်နှံသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top