ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေန႔စဥ္ ေန႔စဥ္ ကၽြန္ေတာ္တို႔ဟာ အသက္ရွင္ေနထုိင္ေရးအတြက္ ထမင္းစားေနရသလုိပဲ ကၽြန္ေတာ္တုိ႔ အသံုးျပဳေနတဲ့ စမတ္ဖုန္းေတြအတြက္လည္း ဖုန္းေဘေတြကို ေန႔စဥ္လုိလုိ ျဖည့္သြင္းေနရပါတယ္။ ဒါေပမယ့္ ထည့္သြင္းသမွ် ဖုန္းေဘေတြကို ဖုန္းေျပာတာကနည္းနည္း၊ အင္တာနက္သံုးျပီး ကုန္သြားတာက မ်ားမ်ားျဖစ္ေနတာပါ။

အခုေနာက္ပိုင္းမွာ စမတ္ဖုန္းေအာ္ပေရတာေတြကိုယ္တုိင္က အသံုးျပဳသူေတြ အင္တာနက္ကို ပိုျပီးအသံုးျပဳမႈမ်ားျပားတာကို သိရွိျပီး ပံုမွန္အတိုင္း အင္တာနက္ကို Pay as You Go အစီအစဥ္ထက္ ပိုျပီး ေစ်းႏႈန္းသက္သာတဲ့ အင္တာနက္အစီအစဥ္မ်ိဳးစံုကို ျပဳလုပ္လာၾကပါတယ္။

ဒါေပမယ့္ အခုလုိမ်ိဳး အင္တာနက္ကို Package ေတြနဲ႔ ဝယ္ယူရတာက တစ္ခုျပန္ျပီး အခက္အခဲျဖစ္လာပါတယ္။ အဲ့ဒါကေတာ့ အဆိုပါ အင္တာနက္ Package ေတြက ေငြက်ပ္ ၁၀၀၀ ကေန စတင္တဲ့အတြက္ ပံုမွန္ ဖုန္းေဘ ၁၀၀၀ ျဖည့္လုိက္ျပီး အင္တာနက္ Package ဝယ္လုိက္ရင္ အင္တာနက္ Package ပဲရရွိသြားျပီး ပံုမွန္အေရးအေၾကာင္းကိစၥေတြအတြက္ ဖုန္းေျပာစရာ ဖုန္းေဘမက်န္ေတာ့တာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ အခုေလာေလာဆယ္မွာ ေျဖရွင္းႏုိင္မယ့္ နည္းလမ္းအသစ္တစ္ခု ေပၚထြက္လာပါတယ္။ အဲ့ဒါကေတာ့ လက္ရွိဆက္သြယ္ေရးေအာ္ပေရတာတစ္ခုျဖစ္တဲ့ Ooredoo Myanmar ရဲ႕ အေဟာ့ဆံုးေဒတာ အစီအစဥ္ပါ။

ဘာျဖစ္လုိ႔ ဒီအစီအစဥ္က ဖုန္းေဘကို သက္သာေစမယ့္ နည္းလမ္းလုိ႔ ေျပာရသလဲဆိုရင္ Ooredoo က ေငြက်ပ္ ၁၄၉၉ ကေန ၈၉၉၉ က်ပ္အတြင္း ဝယ္ယူတဲ့အစီအစဥ္ေတြအတြက္ အဆိုပါ အင္တာနက္ Package အတြက္ေပးရတဲ့ ဖုန္းေဘပမာဏကို ျပန္လည္ေပးအပ္ေနလုိ႔ပဲျဖစ္ပါတယ္။

မွန္ပါတယ္၊ အဓိပၸါယ္က ၁၄၉၉ က်ပ္နဲ႔ အင္တာနက္ 850 MB Package ဝယ္ယူလုိက္ေပမယ့္ Ooredoo ကေန ဖုန္းေဘ ၁၅၀၀ က်ပ္ျပန္လည္ေပးအပ္မွာပဲျဖစ္ပါတယ္။ အင္တာနက္ Package က ရက္ ၃၀ ခန္႔ အသံုးျပဳႏုိင္မွာျဖစ္ျပီး ျပန္လည္ေပးအပ္တဲ့ ဖုန္းေဘကေတာ့ ၇ ရက္ပဲ အသံုးျပဳႏုိင္တာက အားနည္းခ်က္လုိ႔ ေျပာလုိ႔ရေပမယ့္ အပိုရရွိတဲ့ ဖုန္းေဘထဲက အင္တာနက္အသံုးျပဳမႈကို အရင္ေကာက္ခံသြားမွာျဖစ္တဲ့အတြက္ ၁၄၉၉ က်ပ္နဲ႔ အင္တာနက္ 850MB Package ကို ဝယ္ယူလုိက္ေပမယ့္လည္း ျပန္လည္ရရွိမယ့္ဖုန္းေဘ ၁၅၀၀ က်ပ္ကေန အင္တာနက္အတြက္ အရင္ေကာက္ခံသြားမွာဆိုေတာ့ အင္တာနက္ MB အေနနဲ႔ 250MB Bonus ရတာနဲ႔ ညီမွ်မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ၁၄၉၉ က်ပ္နဲ႔ အင္တာနက္ 850MB + 250MB စုစုေပါင္း 1100MB ရရွိမွာျဖစ္ပါတယ္။

Ooredoo Myanmar ဟာ အင္တာနက္အစီအစဥ္ေတြကို အျမဲတမ္းလုိလုိ အသစ္ေတြေျပာင္းလဲေနျပီး အခုအသစ္တုိးလုိက္တဲ့ အေဟာ့ဆံုးေဒတာ အစီအစဥ္က ဖုန္းေျပာမယ့္သူပဲျဖစ္ျဖစ္၊ အင္တာနက္ပဲ သံုးတဲ့သူေတြအတြက္ပဲျဖစ္ျဖစ္ မဆိုးဘူးလုိ႔ေျပာရမွာပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

# Unicode Version ျဖင့္ ဖတ္ပါ #
နေ့စဉ် နေ့စဉ် ကျွန်တော်တို့ဟာ အသက်ရှင်နေထိုင်ရေးအတွက် ထမင်းစားနေရသလိုပဲ ကျွန်တော်တို့ အသုံးပြုနေတဲ့ စမတ်ဖုန်းတွေအတွက်လည်း ဖုန်းဘေတွေကို နေ့စဉ်လိုလို ဖြည့်သွင်းနေရပါတယ်။ ဒါပေမယ့် ထည့်သွင်းသမျှ ဖုန်းဘေတွေကို ဖုန်းပြောတာကနည်းနည်း၊ အင်တာနက်သုံးပြီး ကုန်သွားတာက များများဖြစ်နေတာပါ။

အခုနောက်ပိုင်းမှာ စမတ်ဖုန်းအော်ပရေတာတွေကိုယ်တိုင်က အသုံးပြုသူတွေ အင်တာနက်ကို ပိုပြီးအသုံးပြုမှုများပြားတာကို သိရှိပြီး ပုံမှန်အတိုင်း အင်တာနက်ကို Pay as You Go အစီအစဉ်ထက် ပိုပြီး ဈေးနှုန်းသက်သာတဲ့ အင်တာနက်အစီအစဉ်မျိုးစုံကို ပြုလုပ်လာကြပါတယ်။

ဒါပေမယ့် အခုလိုမျိုး အင်တာနက်ကို Package တွေနဲ့ ဝယ်ယူရတာက တစ်ခုပြန်ပြီး အခက်အခဲဖြစ်လာပါတယ်။ အဲ့ဒါကတော့ အဆိုပါ အင်တာနက် Package တွေက ငွေကျပ် ၁၀၀၀ ကနေ စတင်တဲ့အတွက် ပုံမှန် ဖုန်းဘေ ၁၀၀၀ ဖြည့်လိုက်ပြီး အင်တာနက် Package ဝယ်လိုက်ရင် အင်တာနက် Package ပဲရရှိသွားပြီး ပုံမှန်အရေးအကြောင်းကိစ္စတွေအတွက် ဖုန်းပြောစရာ ဖုန်းဘေမကျန်တော့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုလောလောဆယ်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ပေါ်ထွက်လာပါတယ်။ အဲ့ဒါကတော့ လက်ရှိဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo Myanmar ရဲ့ အဟော့ဆုံးဒေတာ အစီအစဉ်ပါ။

ဘာဖြစ်လို့ ဒီအစီအစဉ်က ဖုန်းဘေကို သက်သာစေမယ့် နည်းလမ်းလို့ ပြောရသလဲဆိုရင် Ooredoo က ငွေကျပ် ၁၄၉၉ ကနေ ၈၉၉၉ ကျပ်အတွင်း ဝယ်ယူတဲ့အစီအစဉ်တွေအတွက် အဆိုပါ အင်တာနက် Package အတွက်ပေးရတဲ့ ဖုန်းဘေပမာဏကို ပြန်လည်ပေးအပ်နေလို့ပဲဖြစ်ပါတယ်။

မှန်ပါတယ်၊ အဓိပ္ပါယ်က ၁၄၉၉ ကျပ်နဲ့ အင်တာနက် 850 MB Package ဝယ်ယူလိုက်ပေမယ့် Ooredoo ကနေ ဖုန်းဘေ ၁၅၀၀ ကျပ်ပြန်လည်ပေးအပ်မှာပဲဖြစ်ပါတယ်။ အင်တာနက် Package က ရက် ၃၀ ခန့် အသုံးပြုနိုင်မှာဖြစ်ပြီး ပြန်လည်ပေးအပ်တဲ့ ဖုန်းဘေကတော့ ၇ ရက်ပဲ အသုံးပြုနိုင်တာက အားနည်းချက်လို့ ပြောလို့ရပေမယ့် အပိုရရှိတဲ့ ဖုန်းဘေထဲက အင်တာနက်အသုံးပြုမှုကို အရင်ကောက်ခံသွားမှာဖြစ်တဲ့အတွက် ၁၄၉၉ ကျပ်နဲ့ အင်တာနက် 850MB Package ကို ဝယ်ယူလိုက်ပေမယ့်လည်း ပြန်လည်ရရှိမယ့်ဖုန်းဘေ ၁၅၀၀ ကျပ်ကနေ အင်တာနက်အတွက် အရင်ကောက်ခံသွားမှာဆိုတော့ အင်တာနက် MB အနေနဲ့ 250MB Bonus ရတာနဲ့ ညီမျှမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ၁၄၉၉ ကျပ်နဲ့ အင်တာနက် 850MB + 250MB စုစုပေါင်း 1100MB ရရှိမှာဖြစ်ပါတယ်။

Ooredoo Myanmar ဟာ အင်တာနက်အစီအစဉ်တွေကို အမြဲတမ်းလိုလို အသစ်တွေပြောင်းလဲနေပြီး အခုအသစ်တိုးလိုက်တဲ့ အဟော့ဆုံးဒေတာ အစီအစဉ်က ဖုန်းပြောမယ့်သူပဲဖြစ်ဖြစ်၊ အင်တာနက်ပဲ သုံးတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် မဆိုးဘူးလို့ပြောရမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top