လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ႏွစ္သစ္ကိုေရာက္ေတာ့မယ္ ဆိုေတာ့ ဘာအစီအစဥ္ေတြရွိၾကတုန္း ေယာင္းတို ့… ခရီးထြက္ဖို ့အတြက္ ျပင္ဆင္ေနၾကတဲ့ ေယာင္းေတြ ၊ ႏွစ္သစ္ကူးမွာ မိသားစု နဲ ့အတူတူ ဟင္းေတြခ်က္စားၾကဖို ့စီစဥ္ေနၾကတဲ့ ေယာင္းေတြ အတြက္ မခက္ခဲေပမယ့္ ဆန္းဆန္းေလးျဖစ္ေနတဲ့ ထမင္းေၾကာ္နည္းေလးေတြ တင္ေပးလိုက္ပါတယ္… ပံုမွန္ ေၾကာ္စားေနက် ထမင္းေၾကာ္ပံုစံ ေတြထဲက ကြဲထြက္သြားတာေၾကာင့္ အရသာေလးက တမူထူးျခားျပီး စားေကာင္းေနမယ္ ဆိုတာ ေျပာဖို ့မလိုပါ ဘူးေနာ္… ခရီးထြက္မယ့္ ေယာင္းေတြကေတာ့ အိမ္ျပန္လာမွ ေၾကာ္စားၾကည့္ၾက ေတာ့ေနာ္…

ဂဏန္းသားထမင္းေၾကာ္
ဂဏန္းသား                ၁၅၀ ဂရမ္
ထမင္း                      ၂ ခြက္
ၾကက္ဥ                     ၂ လံုး
ၾကက္သြန္နီ                ခြက္ ေလးပံု တစ္ပံု
ၾကက္သြန္ျဖဴ               စားပြဲတင္ဇြန္း ၂ ဇြန္း
ၾကက္သြန္ျမိတ္            စားပြဲတင္ဇြန္း ၂ ဇြန္း
ပဲငံျပာရည္အၾကဲ           စားပြဲတင္ဇြန္း ၂ ဇြန္း
သၾကား                     လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ငရုတ္ေကာင္း              လက္ဖက္ရည္ဇြန္း တစ္ဝက္
ဆီ                           စားပြဲတင္ဇြန္း ၄ ဇြန္း
အိုးကို မီးျပင္းျပင္းနဲ႔ အပူေပးၿပီး ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ လွီးထားတာေတြကို ဆီသတ္ပါ… ၾကက္ဥကိုထည့္ေၾကာ္ေပးၿပီး ၿပီးတာနဲ႔ ထမင္းထည့္ေၾကာ္ပါ… ပဲငံျပာရည္၊ သၾကား နဲ႔ ငရုတ္ေကာင္းမွဳန္ ့ကို ထည့္ၿပီး အရသာသြင္းပါ… ထမင္းေၾကာ္ ရခါနီးၿပီ ဆိုရင္ေတာ့ ဂဏန္းသားေတြ ကို ထည့္ေမႊေပးပါ… ၾကက္သြန္ၿမိတ္ကို ထည့္ေပးပါ… အဲ့ဒါဆိုရင္ အရမ္း အရသာရွိတဲ့ ဂဏန္းသား ထမင္းေၾကာ္္ကို ရပါျပီေနာ္… သံပုရာသီး ၊ သခြားသီးေလးေတြ တြဲဖက္ျပီး စားသံုးမယ္ဆိုရင္ေတာ့ လွ်ာလည္သြားမယ္ေယာင္းတို႔ေရ…
တံုယမ္းထမင္းေၾကာ္
ဆီ                           စားပြဲတင္ဇြန္း ၁ ဇြန္း
ၾကက္သြန္ျဖဴ               စားပြဲတင္ဇြန္း ၁ ဇြန္း
ပုဇြန္ အေကာင္ၾကီး       ၃ – ၅ ေကာင္
Lemon grass             စားပြဲတင္ဇြန္း ၁ ဇြန္း
Galangal                   စားပြဲတင္ဇြန္း ၁ ဇြန္း
ေရွာက္ရြက္                ၃ ရြက္
Straw mushroom       ခြက္တစ္ဝက္
ငရုတ္သီး                   စားပြဲတင္ဇြန္း ၁ ဇြန္း
ငရုတ္သီး အႏွစ္           စားပြဲတင္ဇြန္း ၁ ဇြန္း နဲ ့တစ္ဝက္
ေရ                          စားပဲြတင္ဇြန္း ၁ ဇြန္း
ထမင္း                      ခြက္ၾကီး ၁ ခြက္
သၾကား                     စားပြဲတင္ဇြန္း တစ္ဝက္
ငါးငံျပာရည္                စားပြဲတင္ဇြန္း ၁ ဇြန္း
သံပုရာရည္                 စားပြဲတင္ဇြန္း ၃ ဇြန္း
ဆီကို အိုးပူပူထဲမွာ ထည့္ေပးပါ… ၾကက္သြန္ျဖဴ ပါးပါးလွီးထားတာေလးေတြကို ဆီသတ္ၿပီး ပုဇြန္ေတြကိုပါ ထည့္ေၾကာ္ေပးပါ… Lemon grass နဲ ့Galangal လွီးထားတာေတြ၊ ေရွာက္ရြက္ေတြ နဲ႔ မွိဳပါးပါးလွီးထားေလးေတြပါ ေရာျပီး ထည့္ေၾကာ္ေပးပါ… ငရုတ္သီး ၊ ငရုတ္သီး အႏွစ္ ၊ ေရ တို ့ကို ထည့္ၿပီး အႏွစ္ရေအာင္ တည္ပါ… ခ်က္ထားတဲ့ ဟင္းအႏွစ္ က်က္ေလာက္ၿပီ ဆိုရင္ေတာ့ ထမင္းကို ထည့္ေပးပါ… သၾကား ၊ ငါးငံျပာရည္ ၊ သံပုရာရည္ တို ့ကိုပါ ထည့္ေပးလိုက္ၿပီးၿပီဆိုရင္ေတာ့ အရမ္းစားလို ့ေကာင္းတဲ့ တံုယမ္း ထမင္းေၾကာ္ ေလးရျပီေပါ့… ခ်ဥ္ခ်ဥ္ပူပူစပ္စပ္ေလး ျဖစ္ေနမွာဆိုေတာ့ ဒီလို ေအးတဲ့ ရာသီဥတုမွာ အေတာ္ပဲေနာ္…
ပုဇြန္ ထမင္းေၾကာ္
မုန္ညွင္းစိမ္း                ၁ ရြက္
ထမင္း                      ၁ ခြက္ နဲ ့တစ္ဝက္္
ပုဇြန္ (အခြံခြာျပီး)          ၅ –  ၁၀ ေကာင္
ၾကက္သြန္နီ                တစ္ျခမ္း(အလံုးေသး)
ၾကက္သြန္ျဖဴ               ၂ မႊာ
ၾကက္ဥ                       ၁ လံုး
ပဲငံျပာရည္ အက်ဲ          စားပြဲတင္ဇြန္း တစ္ဝက္
ခရုဆီ                       စားပြဲတင္ဇြန္း တစ္ဝက္
သၾကား                     အနည္းငယ္
ဆီ                           စားပြဲတင္ဇြန္း ၁ ဇြန္း
ထိုင္းေဆာ့စ္ အတြက္
ငရုတ္သီး                   ၁၀ေတာင့္
ငါးငံျပာရည္                စားပြဲတင္ဇြန္း ၃ ဇြန္း
သံပုရာသီး                 တစ္ျခမ္း
ေဆာ့စ္ကို ထမင္းေၾကာ္ၿပီးမွပဲ လုပ္လုပ္၊ ထမင္းမေၾကာ္ရေသးခင္ပဲလုပ္လုပ္ အဆင္ေျပပါတယ္ေယာင္းေရ… ငရုတ္သီး ၊ ငါးငံျပာရည္နဲ႔ သံပုရာရည္တို ့ကို ေရာစပ္ေပးလိုက္တာနဲ႔ ထမင္းေၾကာ္ နဲ ့တြဲဖက္စားသံုးဖို႔ ထုိင္းေဆာ့စ္ေလးရပါျပီေနာ္… ဒါဆို ထမင္းဘယ္လိုေၾကာ္မလဲ ၾကည့္ၾကရေအာင္..

ပထမဆံုး ဆီထည့္ျပီး ၾကက္သြန္ျဖဴလွီးထားတာေလးေတြ ထည့္ေပးပါ… ၁၅ စကၠန္ ့ေလာက္ ၾကာရင္ေတာ့ ပုဇြန္ေလးေတြကို ထည့္ေပးပါ… ပုဇြန္အေကြး၊ ငါးအေႏြးဆိုတာလည္း ရွိေသးေတာ့ ပုဇြန္ေလးေတြ နီရဲၿပီးေကြးလာတဲ့ထိေၾကာ္ၿပီးရင္ေတာ့ ထမင္း ၃ ပံု ၁ ပံု ကို ထည့္ေၾကာ္ေပးပါ… ၾကက္ဥကို ေခါက္ထည့္ေပးၿပီးေတာ့မွ က်န္တဲ့ထမင္းေတြကိုပါ ထည့္ေၾကာ္ေပးပါ.. ပဲဲငံျပာရည္အၾကဲ၊ ခရုဆီနဲ႔ သၾကားနည္းနည္းကို ထည့္ၿပီး အရသာသြင္းပါ။ ၁၅ စကၠန္ ့ေလာက္ၾကာၿပီးရင္ေတာ့ မုန္ညွင္းစိမ္းနဲ႔ ၾကက္သြန္နီလွီးထားတာေတြကို ထည့္ေၾကာ္ေပးပါ… က်က္ခါနီးမွာေတာ့ ၾကက္သြန္မွိတ္လွီးထားတာေလးေတြကိုပါ ထည့္ေၾကာ္ေပးလိုက္မယ္ဆိုရင္ေတာ့ အရသာရွိတဲ့ ထိုင္းရိုးရာ ပုဇြန္ထမင္းေၾကာ္ေလး ရျပီေပါ့…

အခုဆိုရင္ ေယာင္းတို႔ အလြယ္တကူလုပ္စားလို႔ရႏုိင္မယ့္ ထမင္းေၾကာ္နည္းေလးေတြကိုလည္း သိသြားၾကၿပီဆိုေတာ့ ခရစၥမတ္စ္ညေတြ၊ New Year ညေတြမွာ စုေပါင္းၿပီး စားစရာတစ္ခုခုလုပ္စားဖို႔အတြက္ ေခါင္းမခဲေတာ့ဘူးေပါ့..  ေပ်ာ္ရႊင္စရာ ခရစၥမတ္စ္ညေလးျဖစ္ပါေစ ခ်စ္တို႔ေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akari (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
နှစ်သစ်ကိုရောက်တော့မယ် ဆိုတော့ ဘာအစီအစဉ်တွေရှိကြတုန်း ယောင်းတို့… ခရီးထွက်ဖို့အတွက် ပြင်ဆင်နေကြတဲ့ ယောင်းတွေ ၊ နှစ်သစ်ကူးမှာ မိသားစု နဲ့အတူတူ ဟင်းတွေချက်စားကြဖို့စီစဉ်နေကြတဲ့ ယောင်းတွေ အတွက် မခက်ခဲပေမယ့် ဆန်းဆန်းလေးဖြစ်နေတဲ့ ထမင်းကြော်နည်းလေးတွေ တင်ပေးလိုက်ပါတယ်… ပုံမှန် ကြော်စားနေကျ ထမင်းကြော်ပုံစံ တွေထဲက ကွဲထွက်သွားတာကြောင့် အရသာလေးက တမူထူးခြားပြီး စားကောင်းနေမယ် ဆိုတာ ပြောဖို့မလိုပါ ဘူးနော်… ခရီးထွက်မယ့် ယောင်းတွေကတော့ အိမ်ပြန်လာမှ ကြော်စားကြည့်ကြ တော့နော်…



ဂဏန်းသားထမင်းကြော်

ဂဏန်းသား                ၁၅၀ ဂရမ်

ထမင်း                      ၂ ခွက်

ကြက်ဥ                     ၂ လုံး

ကြက်သွန်နီ                ခွက် လေးပုံ တစ်ပုံ

ကြက်သွန်ဖြူ               စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ်            စားပွဲတင်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြဲ           စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား                     လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း              လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆီ                           စားပွဲတင်ဇွန်း ၄ ဇွန်း

အိုးကို မီးပြင်းပြင်းနဲ့ အပူပေးပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီ လှီးထားတာတွေကို ဆီသတ်ပါ… ကြက်ဥကိုထည့်ကြော်ပေးပြီး ပြီးတာနဲ့ ထမင်းထည့်ကြော်ပါ… ပဲငံပြာရည်၊ သကြား နဲ့ ငရုတ်ကောင်းမှုန့်ကို ထည့်ပြီး အရသာသွင်းပါ… ထမင်းကြော် ရခါနီးပြီ ဆိုရင်တော့ ဂဏန်းသားတွေ ကို ထည့်မွှေပေးပါ… ကြက်သွန်မြိတ်ကို ထည့်ပေးပါ… အဲ့ဒါဆိုရင် အရမ်း အရသာရှိတဲ့ ဂဏန်းသား ထမင်းကြော်ကို ရပါပြီနော်… သံပုရာသီး ၊ သခွားသီးလေးတွေ တွဲဖက်ပြီး စားသုံးမယ်ဆိုရင်တော့ လျှာလည်သွားမယ်ယောင်းတို့ရေ…

တုံယမ်းထမင်းကြော်

ဆီ                           စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ               စားပွဲတင်ဇွန်း ၁ ဇွန်း

ပုဇွန် အကောင်ကြီး       ၃ – ၅ ကောင်

Lemon grass             စားပွဲတင်ဇွန်း ၁ ဇွန်း

Galangal                   စားပွဲတင်ဇွန်း ၁ ဇွန်း

ရှောက်ရွက်                ၃ ရွက်

Straw mushroom       ခွက်တစ်ဝက်

ငရုတ်သီး                   စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုတ်သီး အနှစ်           စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့တစ်ဝက်

ရေ                          စားပွဲတင်ဇွန်း ၁ ဇွန်း

ထမင်း                      ခွက်ကြီး ၁ ခွက်

သကြား                     စားပွဲတင်ဇွန်း တစ်ဝက်

ငါးငံပြာရည်                စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုရာရည်                 စားပွဲတင်ဇွန်း ၃ ဇွန်း

ဆီကို အိုးပူပူထဲမှာ ထည့်ပေးပါ… ကြက်သွန်ဖြူ ပါးပါးလှီးထားတာလေးတွေကို ဆီသတ်ပြီး ပုဇွန်တွေကိုပါ ထည့်ကြော်ပေးပါ… Lemon grass နဲ့Galangal လှီးထားတာတွေ၊ ရှောက်ရွက်တွေ နဲ့ မှိုပါးပါးလှီးထားလေးတွေပါ ရောပြီး ထည့်ကြော်ပေးပါ… ငရုတ်သီး ၊ ငရုတ်သီး အနှစ် ၊ ရေ တို့ကို ထည့်ပြီး အနှစ်ရအောင် တည်ပါ… ချက်ထားတဲ့ ဟင်းအနှစ် ကျက်လောက်ပြီ ဆိုရင်တော့ ထမင်းကို ထည့်ပေးပါ… သကြား ၊ ငါးငံပြာရည် ၊ သံပုရာရည် တို့ကိုပါ ထည့်ပေးလိုက်ပြီးပြီဆိုရင်တော့ အရမ်းစားလို့ကောင်းတဲ့ တုံယမ်း ထမင်းကြော် လေးရပြီပေါ့… ချဉ်ချဉ်ပူပူစပ်စပ်လေး ဖြစ်နေမှာဆိုတော့ ဒီလို အေးတဲ့ ရာသီဥတုမှာ အတော်ပဲနော်…

ပုဇွန် ထမင်းကြော်

မုန်ညှင်းစိမ်း                ၁ ရွက်

ထမင်း                      ၁ ခွက် နဲ့တစ်ဝက်

ပုဇွန် (အခွံခွာပြီး)          ၅ –  ၁၀ ကောင်

ကြက်သွန်နီ                တစ်ခြမ်း(အလုံးသေး)

ကြက်သွန်ဖြူ               ၂ မွှာ

ကြက်ဥ                       ၁ လုံး

ပဲငံပြာရည် အကျဲ          စားပွဲတင်ဇွန်း တစ်ဝက်

ခရုဆီ                       စားပွဲတင်ဇွန်း တစ်ဝက်

သကြား                     အနည်းငယ်

ဆီ                           စားပွဲတင်ဇွန်း ၁ ဇွန်း

ထိုင်းဆော့စ် အတွက်

ငရုတ်သီး                   ၁၀တောင့်

ငါးငံပြာရည်                စားပွဲတင်ဇွန်း ၃ ဇွန်း

သံပုရာသီး                 တစ်ခြမ်း

ဆော့စ်ကို ထမင်းကြော်ပြီးမှပဲ လုပ်လုပ်၊ ထမင်းမကြော်ရသေးခင်ပဲလုပ်လုပ် အဆင်ပြေပါတယ်ယောင်းရေ… ငရုတ်သီး ၊ ငါးငံပြာရည်နဲ့ သံပုရာရည်တို့ကို ရောစပ်ပေးလိုက်တာနဲ့ ထမင်းကြော် နဲ့တွဲဖက်စားသုံးဖို့ ထိုင်းဆော့စ်လေးရပါပြီနော်… ဒါဆို ထမင်းဘယ်လိုကြော်မလဲ ကြည့်ကြရအောင်..

ပထမဆုံး ဆီထည့်ပြီး ကြက်သွန်ဖြူလှီးထားတာလေးတွေ ထည့်ပေးပါ… ၁၅ စက္ကန့်လောက် ကြာရင်တော့ ပုဇွန်လေးတွေကို ထည့်ပေးပါ… ပုဇွန်အကွေး၊ ငါးအနွေးဆိုတာလည်း ရှိသေးတော့ ပုဇွန်လေးတွေ နီရဲပြီးကွေးလာတဲ့ထိကြော်ပြီးရင်တော့ ထမင်း ၃ ပုံ ၁ ပုံ ကို ထည့်ကြော်ပေးပါ… ကြက်ဥကို ခေါက်ထည့်ပေးပြီးတော့မှ ကျန်တဲ့ထမင်းတွေကိုပါ ထည့်ကြော်ပေးပါ.. ပဲငံပြာရည်အကြဲ၊ ခရုဆီနဲ့ သကြားနည်းနည်းကို ထည့်ပြီး အရသာသွင်းပါ။ ၁၅ စက္ကန့်လောက်ကြာပြီးရင်တော့ မုန်ညှင်းစိမ်းနဲ့ ကြက်သွန်နီလှီးထားတာတွေကို ထည့်ကြော်ပေးပါ… ကျက်ခါနီးမှာတော့ ကြက်သွန်မှိတ်လှီးထားတာလေးတွေကိုပါ ထည့်ကြော်ပေးလိုက်မယ်ဆိုရင်တော့ အရသာရှိတဲ့ ထိုင်းရိုးရာ ပုဇွန်ထမင်းကြော်လေး ရပြီပေါ့…

အခုဆိုရင် ယောင်းတို့ အလွယ်တကူလုပ်စားလို့ရနိုင်မယ့် ထမင်းကြော်နည်းလေးတွေကိုလည်း သိသွားကြပြီဆိုတော့ ခရစ္စမတ်စ်ညတွေ၊ New Year ညတွေမှာ စုပေါင်းပြီး စားစရာတစ်ခုခုလုပ်စားဖို့အတွက် ခေါင်းမခဲတော့ဘူးပေါ့..  ပျော်ရွှင်စရာ ခရစ္စမတ်စ်ညလေးဖြစ်ပါစေ ချစ်တို့ရေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Akari (For Her Myanmar)



 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top