ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

မင္းသားေခ်ာ လီမင္ဟိုကေတာ့ ကမၻာတစ္၀န္းမွာရွိတဲ့ မိနး္ကေလးထုရဲ႕ ႏွစ္သက္ခ်စ္ခင္အားေပးျခင္းကို ခံထားရသူပါ။အာရွတစ္၀န္းမွာတင္မဟုတ္ဘဲ ဥေရာပနဲ႔ တျခားေနရာေတြကပါ သူ႔ကို အားေပးၾကတာပါ။ Miss Universe Korea Cho Se Whee က Miss Universe Ghana အလွမယ္ Ruth Quarshie ရဲ႕ အေၾကာင္းကို  ေျပာျပခဲ့ပါတယ္။

မၾကာေသးမီက Instagram Post တစ္ခုမွာေတာ့ Cho Se Whee က Ghana  အလွမယ္္  Ruth Quarshie  နဲ႔ အေမရိကန္ Las Vegas မွာ  Miss Universe 2017 ၿပိဳ္င္ပြဲ၀င္ခဲ့တုန္းက အခ်ိန္ေတြကို ေျပာျပခဲ့ပါတယ္။ သူတုိ႔ႏွစ္ေယာက္ၾကားက အရမ္းရင္းႏွီးတဲ့ သူငယ္ခ်င္းဆက္ဆံေရးအေၾကာင္းကို ေျပာျပခဲ့တာပါ။

Quarshie ကလည္း လီမင္ဟိုရဲ႕ ပရိသတ္တတစ္ေယာက္ပါ။ လီမင္ဟိုကို ဘယ္ေလာက္ေတာင္သေဘာက်စိတ္၀င္စားသလဲဆိုရင္ လီမင္ဟိုရဲ႕ ဖုနး္နံပါတ္နဲ႔ အိမ္လိပ္စာကို ေတာင္းေနခဲ့တယ္လုိ႔ ဆိုပါတယ္။ သူမဆီကေန လီမင္ဟိုရဲ႕ ဖုနး္နံပါတ္ကို အႀကိမ္(၈၀)ေလာက္ လိုက္ေတာင္းခဲ့ပါတယ္။ လီမင္ဟိုရဲ႕ ဖုနး္နံပါတ္ျဖစ္ျဖစ္(ဒါမွမဟုတ္) အိမ္လိပ္စာပဲျဖစ္ျဖစ္ေပးဖို႔ လိုက္ေတာင္းေနခဲ့တယ္လုိ႔ Cho Se Whee ကေျပာပါတယ္။ လီမင္ဟိုတစ္ေယာက္ သူ႔ခ်စ္သူ ဆူဇီနဲ႔ျပတ္ၿပီဆိုတဲ့ သတင္းၾကားတည္းက ဖုနး္နံပါတ္နဲ႔အိမ္လိပ္စာကို လိုက္ေတာင္းေနခဲ့တာလုိ႔ ဆိုပါတယ္။

သူမ ျပန္ေျပာျပတဲ့ ဒီအေၾကာင္းကိုသိလိုက္တဲဲ့အခ်ိန္မွာေတာ့ ကုိရီးယားပရိသတ္ေတြ အားလံုးကသေဘာက်ရယ္ေမာခဲ့ၾကပါတယ္။ Quarshie တင္မဟုတ္ဘဲ သူတုိ႔လည္း လီမင္ဟုိရဲ႕ ဖုနး္နံပါတ္နဲ႔ လိပ္စာကို သိခ်င္ေနၾကတာလို႔ Koreaboo မွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: takhon

# Unicode Version ျဖင့္ ဖတ္ပါ #

မင်းသားချော လီမင်ဟိုကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိန်းကလေးထုရဲ့ နှစ်သက်ချစ်ခင်အားပေးခြင်းကို ခံထားရသူပါ။အာရှတစ်ဝန်းမှာတင်မဟုတ်ဘဲ ဥရောပနဲ့ တခြားနေရာတွေကပါ သူ့ကို အားပေးကြတာပါ။ Miss Universe Korea Cho Se Whee က Miss Universe Ghana အလှမယ် Ruth Quarshie ရဲ့ အကြောင်းကို  ပြောပြခဲ့ပါတယ်။

မကြာသေးမီက Instagram Post တစ်ခုမှာတော့ Cho Se Whee က Ghana  အလှမယ်  Ruth Quarshie  နဲ့ အမေရိကန် Las Vegas မှာ  Miss Universe 2017 ပြိုင်ပွဲဝင်ခဲ့တုန်းက အချိန်တွေကို ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးအကြောင်းကို ပြောပြခဲ့တာပါ။

Quarshie ကလည်း လီမင်ဟိုရဲ့ ပရိသတ်တတစ်ယောက်ပါ။ လီမင်ဟိုကို ဘယ်လောက်တောင်သဘောကျစိတ်ဝင်စားသလဲဆိုရင် လီမင်ဟိုရဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာကို တောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ သူမဆီကနေ လီမင်ဟိုရဲ့ ဖုန်းနံပါတ်ကို အကြိမ်(၈၀)လောက် လိုက်တောင်းခဲ့ပါတယ်။ လီမင်ဟိုရဲ့ ဖုန်းနံပါတ်ဖြစ်ဖြစ်(ဒါမှမဟုတ်) အိမ်လိပ်စာပဲဖြစ်ဖြစ်ပေးဖို့ လိုက်တောင်းနေခဲ့တယ်လို့ Cho Se Whee ကပြောပါတယ်။ လီမင်ဟိုတစ်ယောက် သူ့ချစ်သူ ဆူဇီနဲ့ပြတ်ပြီဆိုတဲ့ သတင်းကြားတည်းက ဖုန်းနံပါတ်နဲ့အိမ်လိပ်စာကို လိုက်တောင်းနေခဲ့တာလို့ ဆိုပါတယ်။

သူမ ပြန်ပြောပြတဲ့ ဒီအကြောင်းကိုသိလိုက်တဲ့အချိန်မှာတော့ ကိုရီးယားပရိသတ်တွေ အားလုံးကသဘောကျရယ်မောခဲ့ကြပါတယ်။ Quarshie တင်မဟုတ်ဘဲ သူတို့လည်း လီမင်ဟိုရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာကို သိချင်နေကြတာလို့ Koreaboo မှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: takhon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top