iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာၾကည္လင္ဝင္းပေစဖို႔အတြက္ နည္းလမ္းမ်ားစြာရွိတဲ့အထဲကမွ လြယ္လြယ္ကူကူ ဝယ္ယူရရွိႏုိင္တဲ့ mask ေတြကို ပိုၿပီး အသံုးျပဳၾကပါတယ္။ မိမိအသားအေရ အမ်ိဳးအစားနဲ႔ လိုက္ဖက္မႈရွိမယ့္ mask ေတြကို ေရြးခ်ယ္အသံုးျပဳတတ္ဖုိ႔ကလည္း အေရးႀကီးပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ sensitive အသားအေရပိုင္ရွင္ေတြအေနနဲ႔ ဓာတုပစၥည္းေတြ ပါဝင္တဲ့ mask ေတြကို အသံုးမျပဳခ်င္ဘူးဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အိမ္လုပ္သဘာဝ mask ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ ဓာတုပစၥည္းမ်ားပါဝင္မႈ မရွိတဲ့အတြက္ အသားအေရပ်က္စီးမွာကို စိုးရိမ္စရာမလိုဘဲ ၾကည္လင္ဝင္းပတဲ့ အသားအေရကို တခဏအတြင္း ပိုင္ဆုိင္ရရွိႏုိင္မွာပါ။

မီးေသြးမႈန္႔ျဖင့္ျပဳလုပ္နည္း
1513246526375.jpg
သန္႔ရွင္းစင္ၾကယ္တဲ့ မီးေသြးမႈန္႔ျဖစ္ဖို႔ေတာ့ လိုပါမယ္ေနာ္။ မီးေသြးမႈန္႔မွာပါဝင္တဲ့ သဘာဝဓာတ္ပစၥည္းက မ်က္ႏွာေပၚက အညစ္အေၾကးနဲ႔ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏုိင္တဲ့အျပင္ ေခၽြးေပါက္တြင္းမွာ ပိတ္ဆို႔ေနတဲ့ အညစ္အေၾကးမ်ားကိုလည္း ဖယ္ရွားသန္႔စင္ေပးႏုိင္တဲ့ အစြမ္းသတၱိမ်ားစြာပါဝင္ပါတယ္။ ျပဳလုပ္ရမယ့္နည္းလမ္းကေတာ့ အလွအပေရးရာမွာအသံုးျပဳတဲ့ အနံ႔အရသာမရွိတဲ့ ေက်ာက္ေက်ာမႈန္႔ကို အသံုးျပဳရမွာပဲ ျဖစ္ပါတယ္။ ဒါမွ မ်က္ႏွာေပၚက ခြာခ်လို္႔ရမယ့္ mask ကုိရရွိႏိုင္မွာပါ။ သန္႔စင္ၿပီးသား မီးေသြးမႈန္႔နဲ႔ ေက်ာက္ေက်ာမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစီကုိ ဆတူေရာစပ္လိုက္ၿပီး ေရေႏြး စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ ေရာေမႊေပးပါ။ ရရွိလာတဲ့ အႏွစ္ကို ဆားဝက္ၿခံရွိတဲ့ ေနရာေတြျဖစ္တဲ့ နဖူး၊ ႏွာေခါင္းနဲ႔ ေမးေစ့လိုေနရာေတြမွာ သုတ္လိမ္းေပးႏုိင္ပါတယ္။ ေျခာက္ေသြ႔သြားတဲ့အခါမွာ ခြာခ်လိုက္ရံုပါပဲ။ တစ္ပတ္ကို သံုးႀကိမ္ေလာက္ျပဳလုပ္ေပးရံုနဲ႔ မ်က္ႏွာၾကည္လင္ဝင္းပလာတာကို ေတြ႔ရမွာပါ

ႏြားႏုိ႔ျဖင့္ ျပဳလုပ္နည္း
1513246517405.jpg
ႏြားႏုိ႔မွာပါဝင္တဲ့ သဘာဝအာနိသင္ကလည္း မ်က္ႏွာကို ၾကည္လင္ေခ်ာေမြ႔ေစတဲ့အျပင္ အသားအေရအတြက္ လိုအပ္တဲ့အာဟာရဓာတ္မ်ားကို ျဖည့္တင္းေပးႏုိင္ပါတယ္။ ဒီနည္းလမ္းမွာလည္း မ်က္ႏွာ mask ျပဳလုပ္ရာမွာ မရွိမျဖစ္လိုအပ္တဲ့ ေက်ာက္ေက်ာမႈန္႔ကို အသံုးျပဳရပါမယ္။ ႏြားႏုိ႔ စားပြဲတင္ဇြန္း ၁ဇြန္းခြဲနဲ႔ ေက်ာက္ေက်ာမႈန္႔ စားပြဲတင္ဇြန္း တစ္ဇြန္း၊ လာဗင္ဒါပန္းအဆီအနည္းငယ္တုိ႔ကိုေရာစပ္ၿပီး ေရေႏြးေငြ႔နဲ႔ မိနစ္အနည္းငယ္ခန္႔ေပါင္းေပးပါ။ ၿပီးရင္ေတာ့ အေအးခံလိုက္ၿပီး မ်က္ႏွာေပၚသုတ္လိမ္းလိုက္ရံုပါပဲ။ ေျခာက္ေသြ႔သြားတဲ့အခါမွာ ခြာခ်လို္က္ရံုနဲ႔ အသားအေရၾကည္လင္ဝင္းပေနတာကို ေတြ႔ျမင္ရမွာပါ။

ၾကက္ဥအကာျဖင့္ ျပဳလုပ္နည္း
151324651052.jpg
ဒီနည္းလမ္းကေတာ့ လြယ္ကူရိုးရွင္းဆံုးနည္းလမ္းပါပဲ။ ၾကက္ဥအကာကို ပန္းကန္တစ္လံုးထဲ ထည့္ၿပီး အျမွပ္ထတဲ့အထိ ေမႊေပးပါ။ ၿပီးရင္ေတာ့ ႏူးည့ံတဲ့ဘရက္ရွ္ေလးနဲ႔ မ်က္ႏွာအႏံွ႔ သုတ္လိမ္းေပးပါ။ ၾကက္ဥအကာရည္သုတ္လိမ္းထားတဲ့ မ်က္ႏွာျပင္ေပၚကို တစ္ရွဴးစနဲ႔ ျပန္အုပ္လိုက္ပါ။ တစ္ရွဴးစနဲ႔ အုပ္ထားတဲ့ေပၚကို ၾကက္ဥအကာရည္ျပန္သုတ္ပါ။ ေျခာက္ေသြ႔သြားတဲ့အခါ မ်က္ႏွာသစ္လိုက္ရံုပါပဲ။ ဒါဆုိရင္ေတာ့ လြယ္ကူတဲ့ နည္းလမ္းနဲ႔ပဲ ၾကည္လင္ဝင္းပတဲ့ အသားအေရကို ပိုင္ဆိုင္ႏုိင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #

မျက်နှာကြည်လင်ဝင်းပစေဖို့အတွက် နည်းလမ်းများစွာရှိတဲ့အထဲကမှ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်တဲ့ mask တွေကို ပိုပြီး အသုံးပြုကြပါတယ်။ မိမိအသားအရေ အမျိုးအစားနဲ့ လိုက်ဖက်မှုရှိမယ့် mask တွေကို ရွေးချယ်အသုံးပြုတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ တချို့ sensitive အသားအရေပိုင်ရှင်တွေအနေနဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ mask တွေကို အသုံးမပြုချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အိမ်လုပ်သဘာဝ mask ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဓာတုပစ္စည်းများပါဝင်မှု မရှိတဲ့အတွက် အသားအရေပျက်စီးမှာကို စိုးရိမ်စရာမလိုဘဲ ကြည်လင်ဝင်းပတဲ့ အသားအရေကို တခဏအတွင်း ပိုင်ဆိုင်ရရှိနိုင်မှာပါ။


မီးသွေးမှုန့်ဖြင့်ပြုလုပ်နည်း

သန့်ရှင်းစင်ကြယ်တဲ့ မီးသွေးမှုန့်ဖြစ်ဖို့တော့ လိုပါမယ်နော်။ မီးသွေးမှုန့်မှာပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းက မျက်နှာပေါ်က အညစ်အကြေးနဲ့ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်တွင်းမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးများကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိများစွာပါဝင်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းကတော့ အလှအပရေးရာမှာအသုံးပြုတဲ့ အနံ့အရသာမရှိတဲ့ ကျောက်ကျောမှုန့်ကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ဒါမှ မျက်နှာပေါ်က ခွာချလို့်ရမယ့် mask ကိုရရှိနိုင်မှာပါ။ သန့်စင်ပြီးသား မီးသွေးမှုန့်နဲ့ ကျောက်ကျောမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကို ဆတူရောစပ်လိုက်ပြီး ရေနွေး စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပေးပါ။ ရရှိလာတဲ့ အနှစ်ကို ဆားဝက်ခြံရှိတဲ့ နေရာတွေဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့လိုနေရာတွေမှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ခြောက်သွေ့သွားတဲ့အခါမှာ ခွာချလိုက်ရုံပါပဲ။ တစ်ပတ်ကို သုံးကြိမ်လောက်ပြုလုပ်ပေးရုံနဲ့ မျက်နှာကြည်လင်ဝင်းပလာတာကို တွေ့ရမှာပါ

နွားနို့ဖြင့် ပြုလုပ်နည်း

နွားနို့မှာပါဝင်တဲ့ သဘာဝအာနိသင်ကလည်း မျက်နှာကို ကြည်လင်ချောမွေ့စေတဲ့အပြင် အသားအရေအတွက် လိုအပ်တဲ့အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းမှာလည်း မျက်နှာ mask ပြုလုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကျောက်ကျောမှုန့်ကို အသုံးပြုရပါမယ်။ နွားနို့ စားပွဲတင်ဇွန်း ၁ဇွန်းခွဲနဲ့ ကျောက်ကျောမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ လာဗင်ဒါပန်းအဆီအနည်းငယ်တို့ကိုရောစပ်ပြီး ရေနွေးငွေ့နဲ့ မိနစ်အနည်းငယ်ခန့်ပေါင်းပေးပါ။ ပြီးရင်တော့ အအေးခံလိုက်ပြီး မျက်နှာပေါ်သုတ်လိမ်းလိုက်ရုံပါပဲ။ ခြောက်သွေ့သွားတဲ့အခါမှာ ခွာချလိုက်ရုံနဲ့ အသားအရေကြည်လင်ဝင်းပနေတာကို တွေ့မြင်ရမှာပါ။

ကြက်ဥအကာဖြင့် ပြုလုပ်နည်း

ဒီနည်းလမ်းကတော့ လွယ်ကူရိုးရှင်းဆုံးနည်းလမ်းပါပဲ။ ကြက်ဥအကာကို ပန်းကန်တစ်လုံးထဲ ထည့်ပြီး အမြှပ်ထတဲ့အထိ မွှေပေးပါ။ ပြီးရင်တော့ နူးညံ့တဲ့ဘရက်ရှ်လေးနဲ့ မျက်နှာအနံှ့ သုတ်လိမ်းပေးပါ။ ကြက်ဥအကာရည်သုတ်လိမ်းထားတဲ့ မျက်နှာပြင်ပေါ်ကို တစ်ရှူးစနဲ့ ပြန်အုပ်လိုက်ပါ။ တစ်ရှူးစနဲ့ အုပ်ထားတဲ့ပေါ်ကို ကြက်ဥအကာရည်ပြန်သုတ်ပါ။ ခြောက်သွေ့သွားတဲ့အခါ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ လွယ်ကူတဲ့ နည်းလမ်းနဲ့ပဲ ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top