AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

သရက္သီးသာမက သရက္ပြင့္၊ သရက္ကိုင္းနဲ႔ သရက္ရြက္ေတြကလည္း က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြ မ်ားစြာ ရွိၾကတဲ့အတြက္ ေဆးဝါးအေနနဲ႔ အသုံးျပဳနိုင္ပါတယ္။

သရက္ရြက္မွာ တန္နင္ ေခၚတဲ့ အန္သိုဆိုင္ရာနင္ေတြ ပါဝင္တဲ့အတြက္ ဆီးခ်ိဳေရာဂါနဲ႔ ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ ေသြးေၾကာေရာဂါေတြကို ကုသရာမွာ အသုံးဝင္ပါတယ္။ သူက ဗိုင္းရပ္စ္နဲ႔ ကပ္ပါးေကာင္ေတြကိုလည္း တြန္းလွန္နိုင္တဲ့အျပင္ ပိုးသတ္ေဆး၊ ေခ်ာင္းဆိုးေပ်ာက္ေဆး၊ ခၽြဲေၾကေဆး၊ ရင္က်ပ္ပန္းနာေပ်ာက္ေဆး၊ ေသြးတိုးက်ေဆး၊ ဝမ္းေပ်ာ့ေဆးနဲ႔ ႏွလုံးအားေကာင္းတဲ့ေဆးအျဖစ္လည္း အသုံးဝင္ပါတယ္။ ပိုးမႊားေကာင္ကိုက္ရာမွာ ျဖစ္ေပၚလာတဲ့ ေရာင္ရမ္းမွုေတြကိုလည္း ေလ်ာ့က်ေစနိုင္ပါတယ္။ သရက္ရြက္ကို ေအာက္ပါေရာဂါေတြကုသဖို႔အတြက္ အသုံးျပဳနိုင္ပါတယ္။

၁။ ဆီးခ်ိဳေရာဂါကို ကုသနိုင္ျခင္းသရက္ရြက္ကို အေျခာက္လွန္းၿပီး အမွုန႔္ျပဳလုပ္ထားပါ။ လက္ဖက္ရည္ဇြန္း တစ္ဝက္စာ သရက္မွုန႔္ကို မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ပုံမွန္မွီဝဲေပးပါက ဆီးခ်ိဳေရာဂါျဖစ္ခါစအေျခအေနကို ထိန္းခ်ဳပ္ေပးနိုင္ပါတယ္။ သရက္ရြက္မွာပါဝင္တဲ့ ျဒပ္ေပါင္းေတြက မုန႔္ခ်ိဳအိတ္ပတ္ဝန္းက်င္က ေသြးေၾကာေတြကို က်န္းမာေရး ေကာင္းမြန္ေစတာေၾကာင့္ပါ။ ဒါ့အျပင္ ေသြးတြင္းသၾကားဓာတ္ ဂလူးကို႔စ္ေလ်ာ့က်ေစနိုင္တာ၊ ေသြးေၾကာေတြ က်န္းမာ သန္စြမ္းေစနိုင္တာနဲ႔ ေသြးဖိအားက်ဆင္းေစနိုင္တာေၾကာင့္ ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ ေက်ာက္ကပ္ေဝဒနာနဲ႔ ေသြးတိုးေရာဂါကို ကုသရာမွာ အလြန္အသုံးဝင္ပါတယ္။

၂။ အစာေျခရန္ ကူညီနိုင္ျခင္းႏွင့္ ကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္နိုင္ျခင္းသရက္ရြက္မွာပါဝင္တဲ့ ပက္ပင္အင္ဇိုင္းဟာ အစာေျခဖို႔ ကူညီနိုင္ပါတယ္။ ပရိုတင္းကိုၿဖိဳခြဲရာမွာ အလြန္အသုံးဝင္ပါတယ္။ အူလမ္းေၾကာင္းမွ အဆိပ္အေတာက္ေတြကို သန႔္စင္ေစနိုင္ပါတယ္။ ဇီ၀႐ုပ္ျဖစ္စဥ္ကို ေကာင္းမြန္ေစနိုင္တဲ့အတြက္ ကိုယ္အေလးခ်ိန္က်ဆင္းဖို႔လည္း ကူညီနိုင္ပါတယ္။

၃။ ေသြးအားနည္းေရာဂါကို ကုသနိုင္ျခင္း သရက္ရြက္အေျခာက္မွုန႔္ကို ေရေႏြးနဲ႔က်ိဳၿပီး လက္ဖက္ရည္ၾကမ္းအေနနဲ႔ ေသာက္သုံးတာက ေသြးအားနည္းေရာဂါရွိသူ၊ ကိုယ္ဝန္ေဆာင္ထားရသူနဲ႔ ဓမၼတာ လာေနတဲ့အမ်ိဳးသမီးေတြအတြက္ အလြန္အသုံးဝင္ပါတယ္။

၄။ ဝမ္းပ်က္ေရာဂါကို ထိန္းခ်ဳပ္နိုင္ျခင္း

သရက္ရြက္ေျခာက္မွုန႔္မွာ ပါဝင္တဲ့ တန္နင္ ၁၅ ရာခိုင္ႏွုန္းက ဝမ္းပ်က္ဝမ္းေလၽွာေရာဂါ၊ ဝမ္းကိုက္ေရာဂါ၊ ဆီးလမ္းေၾကာင္း ပိုးဝင္ေရာဂါေတြကို ကုသဖို႔အတြက္ ကူညီနိုင္ပါတယ္။

၅။ အမ်ိဳးသမီးေရာဂါကို ကုသနိုင္ျခင္း

သရက္ရြက္ဟာ အမ်ိဳးသမီး မ်ိဳးပြားအဂၤါနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါေတြကို ကုသရာမွာ အလြန္အသုံးဝင္ပါတယ္။ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာ သရက္ရြက္ ေျခာက္မွုန႔္ကို ပ်စ္ပ်စ္ေဖ်ာ္ၿပီး မိန္းမကိုယ္အတြင္း အသုံးျပဳတာက အျဖဴဆင္းတာ ကို သက္သာေစနိုင္တယ္လို႔ သိရပါတယ္။

သရက္ရြက္မွာ ပါဝင္တဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြက ကင္ဆာေရာဂါကို ကာကြယ္နိုင္ၿပီး ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္နိုင္ကာ ႏွလုံးေသြးေၾကာေရာဂါရွိသူေတြအတြက္ အလြန္အသုံးဝင္ပါတယ္။ သူ႔မွာ ပါဝင္တဲ့ မ်ားစြာေသာ ပိုတက္စီယမ္နဲ႔ မဂၢနီဆီယမ္ေတြက စိတ္ဖိစီးမွုကို ေလၽွာ့ခ်နိုင္ပါတယ္။ ဒါ့အျပင္ ႂကြက္တက္တာကိုလည္း သက္သာေစနိုင္ပါတယ္။

Tips!!!!
သရက္ရြက္က ႏုေလ ေကာင္းေလပါ။ ရင့္ေရာ္ေနၿပီး ေႂကြက်ေတာ့မယ့္ သရက္ရြက္ေတြကိုေတာ့ အသုံးမျပဳသင့္ပါဘူး။ သရက္ရြက္ကို အေျခာက္ခံရာမွာ ပါးပါးလွီးၿပီး အရိပ္ေအာက္မွာသာ အေျခာက္ခံသင့္ပါတယ္။ ေနေရာင္ေအာက္မွာ အေျခာက္ခံတာက ေနေရာင္ေၾကာင့္ သရက္ရြက္ရဲ့ အက်ိဳးအာနိသင္ေတြ ေလ်ာ့က်သြားနိုင္တာေၾကာင့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခင္မိုးမိုး
(Good Health Journal )
သရက္သီးဟာ အရသာ အလြန္ေကာင္းမြန္တာေၾကာင့္ ကမၻာတစ္လႊားမွာ လူသိမ်ားတဲ့ အသီးျဖစ္ပါတယ္။ သူ႔မွာ ကယ္လ္စီယမ္၊ ပိုတက္စီယမ္၊ သံဓာတ္နဲ႔ ေဖာ့စပရပ္စ္လိုမ်ိဳး သတၱဳဓာတ္ေတြ မ်ားစြာ ပါဝင္တဲ့အျပင္ ဗီတာမင္ ေအ၊ ဘီ နဲ႔ စီေတြလည္း မ်ားစြာ ပါဝင္တဲ့အတြက္ သစ္သီးေတြရဲ့ ဘုရင္လို႔ေတာင္ သတ္မွတ္ထားပါတယ္။

# Unicode Version ျဖင့္ ဖတ္ပါ #
 သရက်သီးဟာ အရသာ အလွန်ကောင်းမွန်တာကြောင့် ကမ္ဘာတစ်လွှားမှာ လူသိများတဲ့ အသီးဖြစ်ပါတယ်။ သူ့မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ ဖော့စပရပ်စ်လိုမျိုး သတ္တုဓာတ်တွေ များစွာ ပါဝင်တဲ့အပြင် ဗီတာမင် အေ၊ ဘီ နဲ့ စီတွေလည်း များစွာ ပါဝင်တဲ့အတွက် သစ်သီးတွေရဲ့ ဘုရင်လို့တောင် သတ်မှတ်ထားပါတယ်။

သရက်သီးသာမက သရက်ပွင့်၊ သရက်ကိုင်းနဲ့ သရက်ရွက်တွေကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာ ရှိကြတဲ့အတွက် ဆေးဝါးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

သရက်ရွက်မှာ တန်နင် ခေါ်တဲ့ အန်သိုဆိုင်ရာနင်တွေ ပါဝင်တဲ့အတွက် ဆီးချိုရောဂါနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ သွေးကြောရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ သူက ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေကိုလည်း တွန်းလှန်နိုင်တဲ့အပြင် ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲကြေဆေး၊ ရင်ကျပ်ပန်းနာပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဝမ်းပျော့ဆေးနဲ့ နှလုံးအားကောင်းတဲ့ဆေးအဖြစ်လည်း အသုံးဝင်ပါတယ်။ ပိုးမွှားကောင်ကိုက်ရာမှာ ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ သရက်ရွက်ကို အောက်ပါရောဂါတွေကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၁။ ဆီးချိုရောဂါကို ကုသနိုင်ခြင်းသရက်ရွက်ကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ထားပါ။ လက်ဖက်ရည်ဇွန်း တစ်ဝက်စာ သရက်မှုန့်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်မှီဝဲပေးပါက ဆီးချိုရောဂါဖြစ်ခါစအခြေအနေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သရက်ရွက်မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက မုန့်ချိုအိတ်ပတ်ဝန်းကျင်က သွေးကြောတွေကို ကျန်းမာရေး ကောင်းမွန်စေတာကြောင့်ပါ။ ဒါ့အပြင် သွေးတွင်းသကြားဓာတ် ဂလူးကို့စ်လျော့ကျစေနိုင်တာ၊ သွေးကြောတွေ ကျန်းမာ သန်စွမ်းစေနိုင်တာနဲ့ သွေးဖိအားကျဆင်းစေနိုင်တာကြောင့် ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ဝေဒနာနဲ့ သွေးတိုးရောဂါကို ကုသရာမှာ အလွန်အသုံးဝင်ပါတယ်။

၂။ အစာခြေရန် ကူညီနိုင်ခြင်းနှင့် ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်ခြင်းသရက်ရွက်မှာပါဝင်တဲ့ ပက်ပင်အင်ဇိုင်းဟာ အစာခြေဖို့ ကူညီနိုင်ပါတယ်။ ပရိုတင်းကိုဖြိုခွဲရာမှာ အလွန်အသုံးဝင်ပါတယ်။ အူလမ်းကြောင်းမှ အဆိပ်အတောက်တွေကို သန့်စင်စေနိုင်ပါတယ်။ ဇီဝရုပ်ဖြစ်စဉ်ကို ကောင်းမွန်စေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းဖို့လည်း ကူညီနိုင်ပါတယ်။

၃။ သွေးအားနည်းရောဂါကို ကုသနိုင်ခြင်း သရက်ရွက်အခြောက်မှုန့်ကို ရေနွေးနဲ့ကျိုပြီး လက်ဖက်ရည်ကြမ်းအနေနဲ့ သောက်သုံးတာက သွေးအားနည်းရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်ထားရသူနဲ့ ဓမ္မတာ လာနေတဲ့အမျိုးသမီးတွေအတွက် အလွန်အသုံးဝင်ပါတယ်။

၄။ ဝမ်းပျက်ရောဂါကို ထိန်းချုပ်နိုင်ခြင်း

သရက်ရွက်ခြောက်မှုန့်မှာ ပါဝင်တဲ့ တန်နင် ၁၅ ရာခိုင်နှုန်းက ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါတွေကို ကုသဖို့အတွက် ကူညီနိုင်ပါတယ်။

၅။ အမျိုးသမီးရောဂါကို ကုသနိုင်ခြင်း

သရက်ရွက်ဟာ အမျိုးသမီး မျိုးပွားအင်္ဂါနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသရာမှာ အလွန်အသုံးဝင်ပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ သရက်ရွက် ခြောက်မှုန့်ကို ပျစ်ပျစ်ဖျော်ပြီး မိန်းမကိုယ်အတွင်း အသုံးပြုတာက အဖြူဆင်းတာ ကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

သရက်ရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ကာ နှလုံးသွေးကြောရောဂါရှိသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တွေက စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ကြွက်တက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

Tips!!!!
သရက်ရွက်က နုလေ ကောင်းလေပါ။ ရင့်ရော်နေပြီး ကြွေကျတော့မယ့် သရက်ရွက်တွေကိုတော့ အသုံးမပြုသင့်ပါဘူး။ သရက်ရွက်ကို အခြောက်ခံရာမှာ ပါးပါးလှီးပြီး အရိပ်အောက်မှာသာ အခြောက်ခံသင့်ပါတယ်။ နေရောင်အောက်မှာ အခြောက်ခံတာက နေရောင်ကြောင့် သရက်ရွက်ရဲ့ အကျိုးအာနိသင်တွေ လျော့ကျသွားနိုင်တာကြောင့်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာခင်မိုးမိုး
(Good Health Journal )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top